HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကြိုတင် သတ်မှတ်ချက်များ မရှိဘဲ အီရန်နှင့်ဆွေးနွေးရန် အမေရိကန် အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို ပြော  

ကြိုတင် သတ်မှတ်ချက်များ မရှိဘဲ အီရန်နှင့်ဆွေးနွေးရန် အမေရိကန် အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို ပြော   

ဘယ်လင်ဇိုနာ၊ ဇွန် ၃

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးမိုက်ပွန်ပီယိုက အစိုးရအ နေဖြင့်ပဋိပက္ခအတွက် စိုးရိမ်မှုများကိုမြင့်တက်စေသော တင်းမာမှုများမြင့်မားလာမှုကို လျော့ပါး စေရေကြိုးပမ်းမှုအနေဖြင့် အီရန်နှင့်ကြိုတင်သတ်မှတ်ချက်မထား သောဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဟု ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စုအနေ ဖြင့်အရှေ့အလယ်ပိုင်းတွင် အီရန်ကိုအပြုအမူများ ပြောင်းလဲလာ စေရန်ဖိအားပေးရန် ကြိုးပမ်းခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နောင်တရမည်မဟုတ်ကြောင်း ပွန်ပီယိုကဆိုသည်။

အီရန်သည် ယင်းဒေသကို မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော် နေ ကြောင်း ကာလကြာရှည်အမေရိကန်၏စွပ်စွဲချက်များကို ထပ်တလဲလဲပြောဆိုခဲ့သော်လည်းသမ္မတ ထရန့်အဆိုပြုထားသည့် ဆွေးနွေး မှုများဖြစ်လာနိုင်ခြေကိုလည်း အ လေးပေးပြောဆိုခဲ့သည်။ သမ္မတ ထရန့်ကိုယ်တိုင်က ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လတွင် ကြိုတင်သတ်မှတ် ချက်များမရှိဘဲဆွေးနွေးမှုများ ပြုလုပ်မည့် အစီအစဉ်ကိုတိုးမြှင့် ပြောဆိုလာခဲ့သည်။ ယင်းကာလမှ ၁၁လအကြာတွင် အမေရိကန်က အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု များကိုပြန်လည်ချမှတ်ခဲ့ပြီး ပြီးခဲ့ သည့်လတွင်လည်း စီးပွားရေး ကဏ္ဍကိုပစ်မှတ်ထားသည့် ပိတ်ဆို့မှုများကို ထပ်မံချမှတ်ခဲ့သည်။


ယင်းလုပ်ရပ်ကြောင့် အီရန်၏အမျက်ဒေါသနှင့်အတူ လက်တုံ့ ပြန်မှုဟု ခြိမ်းခြောက်မှုပါဝင်သော ပြင်းထန်သည့် စကားလုံးများ ထွက်ပေါ်လာစေခဲ့သည်။ သမိုင်းဝင်နျူကလီးယား သဘောတူညီ ချက်ဆီအမေရိကန် ပြန်သွားရမည်ဟု အီရန်သမ္မတဟတ်ဆန်ရို ဟာနီက ပြောဆိုထားသော်လည်း ယင်းသဘောတူညီချက်မှ အမေရိကန်က ၂ဝ၁၈ ခုနှစ်၊ မေလတွင် နုတ်ထွက်ခဲ့သည်။ အမေရိကန်အနေဖြင့် ၎င်းင်းတို့ရွေးချယ်လိုက်သည့်လမ်းမှာမမှန်ကြောင်း သ ဘောပေါက်လာမည်ဆိုပါက ဆွေး နွေးပွဲစားပွဲဝိုင်းတွင်ထိုင်ပြီး ပြဿနာကိုဖြေရှင်းကြမည်ဟု အီရန်ကဆိုသည်။ သို့သော်အီရန်အနေ ဖြင့်ရွေးချယ်စရာမရှိဘဲ ခုခံရန်သာ ရှိသည်ဟုလည်း ဆိုထားသည်။

Ref:AP

#democracytoday

Rate this item
(0 votes)
back to top