HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် နှင်းများ အကြီးအကျယ်ကျဆင်း၊ သတိပေးချက် ထုတ်ပြန်ထားရ  

သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် နှင်းများ အကြီးအကျယ်ကျဆင်း၊ သတိပေးချက် ထုတ်ပြန်ထားရ   

ဆစ်ဒနီ၊ ဇွန် ၎

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းတွင် နှင်းအကြီးအကျယ်ကျဆင်းနေပြီး သမပိုင်းတွင်ရှိသည့် မြောက်ပိုင်းရှိ ကွင်းစလန်းပြည်နယ်ရှိ ဒေသအချို့တွင်ပါ နှင်းကျဆင်းခဲ့သည်ကို တွေ့ရသည်။ သြစတြေးလျ မိုးလေဝသဗျူရိုက ကွင်းစလန်း ပြည်နယ်တွင် ၂ဝ၁၅ ခုနှစ်နောက်ပိုင်း ယင်းကဲ့ သို့ထူးခြားသည့် နှင်းကျဆင်းမှုနှင့် ကြုံတွေ့ခဲ့ရ ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။ ဆစ်ဒနီမြို့ အပါအဝင် ကီလိုမီတာ ၁ဝဝဝ ခန့်ရှိ အရှေ့ ဘက်ကမ်းရိုးတန်းတွင်လည်း ပြင်းထန်သည့် ရာသီဥတုသတိပေးချက်များကို ထုတ်ပြန်ထား ရသည်။

နှင်းအကြီးအကျယ်ကျဆင်း နေပြီး လေပြင်းတိုက်ခတ်နေမှုကြောင့် ဒေသခံများကို အိမ်အတွင်း၌သာ နေကြရန် တိုက်တွန်းထားသည်။ကွင်းစလန်းပြည်နယ်တွင် နှင်းကျ ဆင်းမှုသည် တောင်ပိုင်းမှ တိုက် ခတ်လာသော လေအေးများကြောင့် ဖြစ်ပြီး သမပိုင်းနှင့် အပူပိုင်းရာသီ ဥတုရရှိသည့် ပြည်နယ်တစ်ခုတွင် ဖြစ်ခေါင့်ဖြစ်ခဲဖြစ်ရပ်ဟု မိုးလေ ဝသပညာရှင် လာချလန်စတုန်း ကဆိုသည်။ သို့သော် ပြည်နယ် တောင်ပိုင်း အထူးသဖြင့် နယူး ဆောက်ဝေးလ်ပြည်နယ် နယ်စပ်ရှိ ကုန်းမြင့်နှင့် တောင်တန်းထူ ထပ်သည့်ဒေသများတွင် အလွန်အေး နိုင်ကြောင်း ပြောဆိုထားသည်။


သြစတြေးလျနိုင်ငံ၏ နေသာ သောပြည်နယ်ဟု လူသိများသည့် ယင်းပြည်နယ်တွင် မြင်တွေ့ရသည့် မြင်ကွင်းများနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ အင်တာနက်သုံး စွဲသူများကလည်း မှတ်ချက်ပေး ပြောဆိုခဲ့ကြသည်။ အာဏာပိုင်များကလည်း ဘရစ်ဘဘိန်းမြို့ အ နောက်တောင်ဘက် ကီလိုမီတာ ၂၂ဝ အကွာရှိ စတန်းသရို့ မြို့ အနီးတွင်လည်း နှင်းကျဆင်းခဲ့ သည်ဟုဆိုသည်။ ဇွန် ၄ ရက်တွင် ယင်းမြို့၌ စံချိန်တင်အေးခဲ့ကြောင်း မစ္စတာစတုန်းကဆိုသည်။ ဆစ်ဒနီ မြို့အနောက်ဘက်ရှိ ဘလူးလ် မောင်တိန်ဒေသတစ်ဝိုက်တွင် နှင်း ထုမှာ ငါးစင်တီမီတာခန့်ရှိပြီး လမ်း များကိုပိတ်ထားကာ ခရီးသွား သတိပေးချက်များ ထုတ်ပြန်ထား ရသည်။

Ref:BBC

#democracytoday

Rate this item
(0 votes)
back to top