HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

၂ဝ၅ဝ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု သုညရာခိုင်နှုန်းလျှော့ချနိုင်ရေး ဒေါ်လာ ၅ ထရီလီယံတန် စီမံကိန်းကို ကန်ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒင် ဖော်ထုတ်တင်ပြ  

၂ဝ၅ဝ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု သုညရာခိုင်နှုန်းလျှော့ချနိုင်ရေး  ဒေါ်လာ ၅ ထရီလီယံတန် စီမံကိန်းကို ကန်ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒင် ဖော်ထုတ်တင်ပြ   

ဝါရှင်တန်၊ ဇွန် ၎

အမေရိကန်ဒီမိုကရက်ပါတီ မှ ၂ဝ၂ဝ ပြည့်နှစ် သမ္မတဟောင်း တစ်ဦးဖြစ်သူ ဂျိုးဘိုင်ဒင်က ဒေါ်လာ ၅ ထရီလီယံတန် ရာသီဥတု စီမံကိန်းတစ်ရပ်အား တင်ပြခဲ့ပြီး၊ ယင်းအရသက္ကရာဇ် ၂ဝ၅ဝ ပြည့် နှစ်တွင် ကာဗွန်ဓာတ်ငွေ့လျှော့ချသည့် အစီအစဉ်သည် သုညရာခိုင် နှုန်း ထုတ်လွှတ်မှုရှိစေမည်ဖြစ်ပြီး၊ အမေရိကန်နိုင်ငံအနေဖြင့် ယင်း အစီအစဉ်ကို ရာသီဥတုဆိုင်ရာ ပြောင်းလဲစေနိုင်မှုအတွက် ပါဝင်နိုင်စေရန် မိမိဦးဆောင်သွားမည် ဟုလည်း ထုတ်ဖော်ပြောကြား လိုက်သည်ဟု ဇွန် ၄ ရက်သတင်း များအရ သိရှိရသည်။

ယခင်အမေ ရိကန် ဒုတိယသမ္မတဟောင်း အသက် (၇၆)နှစ်ရှိ ဂျိုးဘိုင်ဒင်၏ ယင်းအစီအစဉ်အရ ဆယ်နှစ်စီမံကိန်းအတွက် ပုဂ္ဂလိကကဏ္ဍမှ ငွေကြေးအပါအဝင် ရင်းနှီးမြှုပ်နှံ ကာ ရုပ်ြ<ွကင်းလောင်စာများ သုံးစွဲခြင်းမှ ကင်းလွတ်ကာ ကာဗွန်ထုတ်လွှတ်မှု သုညရာခိုင်နှုန်းရှိစေ ရန် ဆောင်ရွက်မည်ဖြစ်သည်။


''ကျွန်တော်တို့ ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ သိပ္ပံနည်းပညာ တွေရှိပါတယ်။ ရှာဖွေသုံးစွဲနိုင်ဖို့ကိုပဲ လိုအပ်ပါတယ်။ ဒီနယ်ပယ်မှာပဲ အမေရိကန်က ဦးဆောင်ဖို့ ဖြစ်ပါတယ်''ဟု ဇွန် ၄ ရက်က ကယ်လီဖိုးနီးယားပြည်နယ်တွင် သမ္မတလောင်းယှဉ်ပြိုင်ရေးနှင့် မဆိုင်ဘဲ အလွတ်သဘောမျိုး ဟောပြောခဲ့ခြင်းဖြစ်သည်။ ဒုတိယ သမ္မတဟောင်းဂျိုးဘိုင်ဒင်သည် သမ္မတအိုဘားမားလက်ထက်ကလည်း ဒုတိယသမ္မတတစ်ဦးအနေ ဖြင့် ပတ်ဝန်းကျင်ရေးရာကိစ္စရပ် များ၊ Clean & Green Energy)  အမေရိကန်နိုင်ငံတွင်း သောက် ရေချိုများ ဝဝလင်လင်သုံးစွဲနိုင်ရေး ကို ထူးခြားစွာ ဆောင်ရွက်ခဲ့သူ လည်း ဖြစ်သည်။

Ref: AP

#democracytoday

Rate this item
(0 votes)
back to top