HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

လူမြင်ကွင်းမှ ကာလရှည် ပျောက်ကွယ်နေသည့် ကင်ဂျုံအန်ညီမ ပြန်လည်ထွက်ပေါ်လာ  

လူမြင်ကွင်းမှ ကာလရှည် ပျောက်ကွယ်နေသည့် ကင်ဂျုံအန်ညီမ ပြန်လည်ထွက်ပေါ်လာ   

မားနက်

အမေရိကန်နှင့် မအောင်မြင်ခဲ့သော နျူကလီးယားအရေး ဆွေးနွေးပွဲများအပြီး ရာထူးမှဖယ်ရှားခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီမငယ်ဖြစ်သူကို ဇွန် ၃ ရက်က လူမြင်ကွင်းတွင် ပြန်လည်မြင်တွေ့ခဲ့ရသည်ဟု Fox News သတင်းတွင် ဖော်ပြသည်။ ယင်းက ရက်ပေါင်း ၅ဝ အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။

ကင်ဂျုံအန်၏ညီမဖြစ်သူ ကမ်ယိုဂျွန်း ကို မြောက်ကိုရီးယားနိုင်ငံ၏ အရေးကြီးဆုံး ဝါဒဖြန့်အခမ်းအနားဖြစ်သော Mass Games တွင် အစ်ကိုဖြစ်သူ၊ ကျန်ထိပ်တန်းအရာရှိများ နှင့်အတူ မြင်တွေ့ခဲ့ရသည်။ ထိုသို့ သူ့ကိုပြန်လည်တွေ့ရှိခဲ့ရခြင်းက မအောင်မြင်ခဲ့သော ဆွေးနွေးပွဲများကြောင့် သူ့ကို အစ်ကိုဖြစ်သူက ဖယ်ရှားလိုက်ပြီဆိုသည့် ထင်မြင်ယူဆချက်များကို အပြီးတိုင်ဖယ်ရှားနိုင်ခဲ့သည်။ ကမ်ယိုဂျွန်းသည် မြောက်ကိုရီးယားနိုင်ငံ၏ထိပ်တန်းအရာရှိတစ်ဦးဖြစ်ကာ အစ်ကိုဖြစ်သူ၏ အနီးကပ်ဆုံးအကြံပေးအဖြစ်လည်း ယူဆ ခံထားရသည်။ ခေါင်းဆောင် ကင်ဂျုံအန်၏အမေရိကန်သမ္မတ၊ တောင်ကိုရီးယားသမ္မတတို့နှင့် တွေ့ဆုံပွဲများတွင်လည်း သူ့ကို မြင် တွေ့ခဲ့ရသည်။


သို့သော် ကင်ဂျုံအန်၏ ရုရှားခေါင်း ဆောင် ဗလာဒီမာပူတင်နှင့် ဧပြီလခရီးစဉ်မှစ၍ သူသည် လူမြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။ သူ့ကို ဧပြီ ၁၂ ရက်က မြောက်ကို ရီးယားလွှတ်တော်အတွင်း နောက်ဆုံးမြင်တွေ့ ခဲ့ရခြင်းဖြစ်ကာ ကာလရှည် လူမြင်ကွင်းမှ ပျောက်ဆုံးနေခြင်းအတွက် သူ့ကို ကင်ဂျုံအန်က ရာထူးမှ ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်နိုင် သည်ဟု တောင်ကိုရီးယားသတင်းမီဒီယာများ က ခန့်မှန်းရေးသားခဲ့ကြသည်။

Ref: Fox News , Reuters

#theyangontimes

Rate this item
(0 votes)
back to top