HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နိုင်ငံအတွင်း ပလတ်စတစ်အိတ် မသုံးရန် ရည်ရွယ်ချက်ဖြင့် တန်ဇန်းနီးယား သမ္မတ ကိုယ်တိုင် ဝါးခြင်းတောင်းဖြင့် ဈေးဝယ်ထွက်ပြ  

နိုင်ငံအတွင်း ပလတ်စတစ်အိတ် မသုံးရန် ရည်ရွယ်ချက်ဖြင့် တန်ဇန်းနီးယား သမ္မတ ကိုယ်တိုင် ဝါးခြင်းတောင်းဖြင့် ဈေးဝယ်ထွက်ပြ   

ဒါရက် ဆာလမ်

နိုင်ငံတွင်း ပလတ်စတစ်အိတ်အသုံးပြု ခြင်းအပေါ် တားဆီးခြင်းကို ထောက်ခံမှုတစ်ခု အနေဖြင့် တန်ဇန်းနီးယားသမ္မတက ဝါးခြင်း တောင်းလေးနှင့် ဈေးဝယ်ထွက်ခဲ့သည်။ ဘူဒိုဇာဟု နာမည်ပြောင်ရရှိထားသော တန်ဇန်နီးယားသမ္မတ ဂျွန်မာဂူဖူလီက ဒါရက် ဆာလမ်မြို့ရှိ ငါးဈေးတစ်ခုသို့ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သာမန်အားဖြင့် တန်ဇန်းနီးယားနိုင်ငံတွင် အမျိုးသားတစ်ဦးကို ဈေးဝယ်ခြင်းတောင်းလေးဖြင့် မြင်တွေ့ရ ခြင်းမှာ ထူးဆန်းသောကိစ္စတစ်ခုပင်ဖြစ်သည်။ သမ္မတတစ်ဦးအတွက်ဆိုလျှင် ပို၍ထူးဆန်း နေသေးသည်။ သမ္မတ၏လုပ်ရပ်က နိုင်ငံတွင်း ဇွန် ၁ ရက်မှ စတင်အကျုံးဝင်ခဲ့သည့် ပလတ် စတစ်အိတ် အသုံးပြုခြင်းအပေါ် တားဆီးခြင်း ကို ထောက်ခံသည့်သဘောလည်းဖြစ်သည်။

''ဈေးသည်တွေအနေနှင့် ပလတ်စတစ် အိတ်မသုံးလဲ အဆင်ပြေသည်ကို သက်သေ ပြလိုသည်''ဟု ဈေးအတွင်းသို့ ရောက်ရှိလာသည့် တန်ဇန်းနီးယားသမ္မတက ပြောသည်။ ထို့အပြင် ဈေးဝယ်သူများကလည်း ပလတ်စတစ်အိတ်သုံးရန် ဈေးရောင်းသူများကို ဖိအား မပေးသင့်ဟု ၎င်းင်းက ဆက်လက်ပြောသည်။


အသစ်ထုတ်ပြန်လိုက်သော ဥပဒေအရတန်ဇန်းနီးယားနိုင်ငံတွင် တစ်ခါသုံးပလတ် စတစ်အိတ်လက်ဝယ်တွေ့ရှိပါက ဒဏ်ငွေ ၈၇ ဒေါ်လာ သို့မဟုတ် ထောင်ဒဏ်ခုနစ်ရက် ကျခံရမည်ဖြစ်သည်။ ပလတ်စတစ်အိတ်ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူသည်လည်း ဒဏ် ငွေ ဒေါ်လာ ၄၃ဝဝဝဝ နှင့် ထောင်ဒဏ်နှစ်နှစ်အထိ ကျခံရမည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။


အသက် ၅၉နှစ်အရွယ် တန်ဇန်နီးယား သမ္မတသည် အာဏာရရှိခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင် လွတ်လပ်ရေးနေ့ အောင်ပွဲခံမှုအခမ်းအနားကို အများပြည်သူဆိုင်ရာ သန့်ရှင်းရေး လှုပ်ရှားမှုအဖြစ် ပြောင်းလဲခဲ့ကာ သူကိုယ်တိုင်လည်း သန့်ရှင်းရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။

Ref: BBC

#theyangontimes

Rate this item
(0 votes)
back to top