ဒုတိယကမ္ဘာစစ် နော်မန်ဒီကမ်းခြေအောင်ပွဲ ၇၅ နှစ်မြောက်နေ့ ဗြိတိန်တွင် ကျင်းပ

လန်ဒန်
လွန်ခဲ့သော (၇၅)နှစ်ကာလ ဒုတိယကမ္ဘာစစ်အတွင်းက နာစီဂျာမန်တို့ ဥရောပအား လွှမ်းမိုးရန်ကြံစည်ခဲ့သော ကျူး ကျော်မှုအား မဟာမိတ်တပ်များက ပြင်သစ်နော်မန်ဒီကမ်းခြေမှ စစ်ရေးအရ တိုက်ခိုက်အောင်ပွဲခံနိုင်ခဲ့သော D-Day အောင်ပွဲခံ (၇၅)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို အင်္ဂလန်နိုင်ငံတောင်ပိုင်း ပို့စ်မောက်မြို့ကလေး၌ ဇွန် ၅ ရက်က ကျင်းပခဲ့ရာ ဒုတိယကမ္ဘာစစ်ပြန် စစ်သည်သူရဲကောင်းကြီးများနှင့်အတူ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၊ ဗြိတိန်ဘုရင်မကြီး ဒုတိယ မြောက် အဲလီစဘတ်တို့ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်ဟု ဇွန် ၅ ရက် သတင်းများအရ သိရသည်။
''ဒုတိယကမ္ဘာစစ် စစ်ပြန်ရဲဘော် ၃ဝဝ ကျော်ကို ပို့စ် မောက်သို့ ဖိတ်ကြားပြီး D-Day အောင်ပွဲအခမ်းအနားကျင်းပရတာ ဂုဏ်ယူပါတယ်''ဟု ဝန်ကြီးချုပ်ထရီဆာမေက ထုတ် ဖော်ပြောကြားလိုက်သည်။ ''နော်မန်ဒီကမ်းခြေကနေ ဖက်ဆစ်ဂျာမန်တွေကို မဟာမိတ်နိုင်ငံများပူးပေါင်းပြီး အောင်ပွဲခံ တွန်း လှန်ခဲ့တဲ့ (၇၅)နှစ်မြောက် အထိမ်းအမှတ်နေ့ကို နှစ်ရက်တိုင် ကျင်းပသွားမှာဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြန်သူရဲကောင်းကြီးများ ကိုလည်း တွေ့ဆုံရတာ ဂုဏ်ယူဝမ်းမြောက်ပါတယ်'' ဟုလည်း ဆက်လက်ပြောကြားလိုက်သည်။ ထိုစဉ်က မဟာမိတ်နိုင်ငံများမှာ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ချက်သမ္မတနိုင်ငံ၊ စလိုဗက်လီး ယား၊ လူဇင်ဘတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂရိ၊ နယ်သာလန်၊ နယူး ဇီလန်၊ နော်ဝေးနှင့် ပိုလန်စသော ၁၆ နိုင်ငံ နိုင်ငံတကာခေါင်း ဆောင်များ ပူးပေါင်းကာ နာဇီစနစ်ကမ္ဘာပေါ်တွင် ခေါင်းမထောင် လာနိုင်စေရန် ၁၉၄၄ ခုနှစ်က ပူးပေါင်းလက်တွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟုလည်း ထရီဆာမေက အတိတ်ကိုဂုဏ်ယူ စွာ ပြန်ပြောင်းပြောဆိုခဲ့သည်။
ယခုအခမ်းအနားတွင် ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာ မာကယ်ကိုလည်း ဖိတ်ကြားခဲ့၍ တက်ရောက်လာခဲ့သည်။ D-Day အောင်ပွဲမခံမီ ရက်အနည်းငယ် ကြိုတင်၍ ၁၉၄၄ ခုနှစ် ဇွန် ၃ ရက်က ဗြိတိန်တော်ဝင် တပ်မတော်အကြီးအမှူး ဗိုလ်မှူးကြီး နော်မန်စကင်နာ၏ဇနီး ဂလယ်ဒီရေးသားထား သော သမိုင်းဝင်စာတစ်စောင်ကိုလည်း ဝန်ကြီးချုပ် ထရီဆာ မေက ဖတ်ကြားခဲ့သည်။ သို့သော် ဂလယ်ဒီ၏ ခင်ပွန်းသည် ဗိုလ်မှူးကြီးစကင်နာမှာ နော်မန်ဒီကမ်းတက်တိုက်ပွဲတွင် ဂျာမန်တပ်များနှင့် တိုက်ရင်းကျဆုံးသွားခဲ့ရသည်။
''ကျွန်မအနေနဲ့ ရှင်နော်မန်ဒီကမ်းခြေစစ်မြေက အောင်ပွဲခံပြန်လာပြီး မိသားစုချစ်ချစ်ခင်ခင်ပြန်လည်ဆုံတွေ့ရပြီး သမီးနှစ်ယောက်ဖြစ်တဲ့ ဂျင်နီနဲ့အန်းတို့ကို အိပ်ရာဝင်ချော့သိပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ မဟာမိတ်စစ်သည်အားလုံး ဘေးမသီရန်မခဖို့ဆုတောင်းပါတယ်''ဟူသောစာသာ သမိုင်းဝင်ကျန်ရှိခဲ့ရသည်။ ' D-Day အောင်ပွဲခံနေ့သို့ ဗြိတိန်ဧကရီ အသက်(၉၃)နှစ်ရှိ ဘုရင်မကြီး၏သားတော် ချားလ်၏မင်းသားနှင့် ဗြိတိန်သို့ရောက်ရှိနေသူ ဗြိတိန်ဘုရင်မကြီး၏ဧည့်သည်တော် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့လည်း တက်ရောက်ခဲ့သည်။
Ref:AP
#democracytoday
Latest from M Bwe
- ပါပူဝါနယူးဂီနီ နိုင်ငံတွင် မီးတောင်ပေါက်ကွဲ လူထောင်နှင့်ချီ ထွက်ပြေးခဲ့ရ
- မာဒါဂါစကာနိုင်ငံရှိ အားကစားကွင်းတွင် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနေချိန် လူတိုးဝှေ့မှုကြောင့် ၁၆ ဦးသေဆုံး
- အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ကြုံခဲ့ရကြောင်း ဗင်နီဇွဲလား အစိုးရပြော
- ထိုင်းနိုင်ငံတွင် 5G ကွန်ရက် စတင်အသုံးပြုတော့မည်
- ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလာမည့် ရက်သတ္တပတ်အတွင်း အီရန်သို့ သွားရောက်မည်