အင်ဒိုနီးရှားနိုင်ငံတွင် ကုန်တင်လှေတစ်စင်း နစ်မြုပ်၊ ၁၇ ဦးပျောက်ဆုံးနေ

ဂျကာတာ
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ကုန်တင်လှေတစ်စင်းနစ်မြုပ်ခဲ့ပြီး နောက် လူ ၁၇ ဦးပျောက် ဆုံးနေကြောင်း အာဏာပိုင်များက ဇွန် ၅ ရက်တွင်ပြောဆိုခဲ့သည်။ ယင်းဖြစ်ရပ်သည် ကျွန်းစုများဖြင့်ဖွဲ့စည်းထားသည့် အင် ဒိုနီးရှားနိုင်ငံတွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် ရေကြောင်းမတော် တဆမှုလည်းဖြစ်သည်။ ယင်းလှေမှာ ဇွန် ၁ ရက်နေ့လယ် ပိုင်းတွင် ယာဉ်ပေါ်ပါ လူ ၁၈ ဦးနှင့်အတူ မှောက်သွားခဲ့ခြင်းဖြစ်သည်။ ယင်းလှေသည် ဆူလာဝေစီကျွန်းမြောက်ပိုင်းရှိ ဘစ် တွန်းမြို့မှ တောင်ပိုင်း မိုရိုဝါလီဒေသသို့ ခုတ်မောင်းနေခဲ့ခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးအရာရှိများကဆိုသည်။
ဇွန် ၄ ရက်တွင် အသက်ကယ် အင်္ကျီဝတ်ဆင်ထားပြီး ရေပေါ်မျောပါနေသည့် အသက် ၃၅ နှစ် အရွယ် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို အနီးနား မှဖြတ်သွားသည့် လှေတစ်စင်းကတွေ့ရှိကယ်ဆယ်ခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေကြောင်း အာဏာပိုင်များကဆိုသည်။ ရှာဖွေရေးနှင့် ကယ်ဆယ် ရေးအရာရှိ ဘတ်ရန်နိုက လှေထိုးသား ၁၇ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလှေတစ်စင်းကိုလည်း စေလွှတ်ထားသည်ဟု ဆိုသည်။
ဘိလပ်မြေတင်ဆောင်လာသည့် ၈ဝ မီတာရှည်သော KM Lintas Timur လှေသည် အင်ဂျင်ရပ်သွားခဲ့ပြီးနောက် လှိုင်းလှေကြမ်းသည့် ပင်လယ်ပြင်တွင် မှောက်သွားခဲ့ခြင်းဖြစ် ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ကျွန်းပေါင်း ၁၇ဝဝဝ ကျော် ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှား နိုင်ငံတွင် ရေကြောင်းမတော်တဆ မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိ ပြီး အများစုမှာ ဘေးကင်းလုံခြုံမှု စံစနစ် နိမ့်ကျစေသော်လည်း ခရီး သွားရန် ကူးတို့လှေနှင့် အခြား လှေများကို အသုံးပြုနေရသည်။
ပြီးခဲ့သည့်နှစ်တွင် ဆူမာတြား ကျွန်းပေါ်မှ ကမ္ဘာ့အနက်ဆုံးရေ အိုင်တစ်ခုထဲ၌ အင်ဒိုနီးရှားကူးတို့လှေတစ်စင်းနစ်မြုပ်ခဲ့ပြီး လူ ပေါင်း ၁၆ဝ သေဆုံးခဲ့ရဖူးသည်။ ၂ဝဝ၉ ခုနှစ်တွင်လည်း ဆူလာဝေစီနှင့် ဘော်နီယိုကျွန်း အကြားတွင် ကူးတို့လှေတစ်စင်း နစ် မြုပ်ခဲ့ပြီးနောက် လူပေါင်း ၃ဝဝ သေဆုံးခဲ့ရသည်။
Ref : AFP
#democracytoday
Latest from M Bwe
- ပါပူဝါနယူးဂီနီ နိုင်ငံတွင် မီးတောင်ပေါက်ကွဲ လူထောင်နှင့်ချီ ထွက်ပြေးခဲ့ရ
- မာဒါဂါစကာနိုင်ငံရှိ အားကစားကွင်းတွင် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနေချိန် လူတိုးဝှေ့မှုကြောင့် ၁၆ ဦးသေဆုံး
- အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ကြုံခဲ့ရကြောင်း ဗင်နီဇွဲလား အစိုးရပြော
- ထိုင်းနိုင်ငံတွင် 5G ကွန်ရက် စတင်အသုံးပြုတော့မည်
- ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလာမည့် ရက်သတ္တပတ်အတွင်း အီရန်သို့ သွားရောက်မည်