HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

Future Forward Party ခေါင်းဆောင်ကို ထိုင်းပါတီခုနစ်ခုက ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်း  

Future Forward Party ခေါင်းဆောင်ကို  ထိုင်းပါတီခုနစ်ခုက ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်း   

ဘန်ကောက်

ဖူထိုင်းပါတီဦးဆောင်သော ထိုင်းနိုင်ငံရေးပါတီ ခုနစ်ပါတီသည် Future Forward Party ခေါင်း ဆောင် သာနတ်သွန်ဂျုအမ်ဂရွန်းဂရူ ဟန်ကစ်အား ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းလိုက်သည်ဟု ဇွန် ၅ ရက်သတင်းများအရသိရသည်။ ယင်းသည် ထိုင်းဝန်ကြီးချုပ်သစ်တစ်ဦး ရွေးချယ်နိုင်ရေးအတွက် နောက်ဆုံးအမည်စာရင်း တင်သွင်းလာခြင်းဖြစ်သည်။

ဖူထိုင်းပါတီဝင်များဖြစ်ကြသော မဟာဆာရာခန်း၊ ယူသာပွန်ချာရာဆာသိန်တို့က အရှေ့မြောက်ပြည်နယ် ပါလီမန်အမတ် ခွန်ယင်ဆူဒါရတ်ကီယူရာဖန်အား ဝန်ကြီးချုပ် လောင်းအဖြစ် ထောက်ခံခဲ့သည်။ ''ဝန်ကြီးချုပ်သစ်တင်မြှောက်ရေးမှာ ဖူထိုင်းပါတီအတွင်း သဘောထားအမျိုးမျိုးရှိနေကြပုံရတယ်''ဟု ဖွန်သမ်ဝီချာရာချိုင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

Ref : The Bangkok Post

#democracytoday

Rate this item
(0 votes)
back to top