HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းနိုင်ငံတွင် 5G ကွန်ရက် စတင်အသုံးပြုတော့မည်  

ထိုင်းနိုင်ငံတွင် 5G ကွန်ရက် စတင်အသုံးပြုတော့မည်   

ဘန်ကောက်

ထိုင်းနိုင်ငံတွင် စမတ်ဖုန်းအ သုံးပြုသူများ၏ တစ်ဝက်ခန့်သည် 5G ကွန်ရက်စနစ်ကို ခြောက်လအတွင်း ပြောင်းလဲသုံးစွဲကြလိမ့် မည်ဟု ဇွန် ၅ ရက်သတင်းများ အရ သိရှိရသည်။ ယင်းကို  Eric-sson Consumer Lab  က မတ်လ မှစတင်ကာ လူပေါင်း ၁၅ဝဝ ကို သုတေသနပြုကာ သတင်းထုတ် ပြန်ခြင်းဖြစ်သည်။ ယင်းသို့စတင် ရာတွင် ပြည်တွင်း Operator များ က စတင်ပြောင်းလဲသုံးစွဲကြမည် ဖြစ်သည်။

''5G Network ကြောင့် Mobile Operator များဟာ ၂ဝ၂၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံအမြတ်ငွေရရှိ ကြမှာဖြစ်ပါတယ်'' ဟု သုတေသန အဖွဲ့ခေါင်းဆောင်နှင့်မန်နေဂျာ ဖြစ်သူ နာဒင်းအယ်လင်က ထုတ် ဖော်ပြောဆိုလိုက်သည်။  5G ကွန်ရက်အတွက် လိုအပ် သော အခြေခံအဆောက်အအုံ များကို အမြန်ဆောင်ရွက်ပေးရန် လည်း ၎င်းင်းကတောင်းဆိုပြောကြား လိုက်သည်။


' 5G ကဲ့သို့ နည်းပညာသစ်များ Mobile ကမ္ဘာမှာနောက်ထပ် ထပ်မံပေါ်ပေါက်လာဦးမှာပါ'' ဟု လည်း ဆက်လက်ပြောကြားလိုက် သည်။ ထိုင်းနိုင်ငံသည် 5G ကွန်ရက် နည်းပညာကို ၂ဝ၂၁ ခုနှစ်တွင် အပြည့်အဝအသုံးပြုနိုင်လိမ့်မည် ဟု မစ္စစ်အယ်လင်က ထုတ်ဖော် ပြောဆိုလိုက်သည်။ 5G နည်းပညာသည် ၇ဝဝ MHz  ကြိမ်နှုန်းနိမ့်၊ ၂၆ဝဝ MHz  ကြိမ်နှုန်းလတ်နှင့် ၃၄ဝဝ- ၃၇ဝဝ MHz တို့သည် ကြိမ်နှုန်း မြင့်ဖြစ်ပြီး လှိုင်းကျယ်လွှဲနှုန်း (High Band) မှာ ၂၆-၂၈ MHz  ဖြစ်သည်။


Ref: The Bangkok Post

#democracytoday

Rate this item
(0 votes)
back to top