HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ကြုံခဲ့ရကြောင်း ဗင်နီဇွဲလား အစိုးရပြော  

အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ကြုံခဲ့ရကြောင်း ဗင်နီဇွဲလား အစိုးရပြော   

ကာရာကက်စ်၊ ဇွန် ၂၇

ဗင်နီဇွဲလားအစိုးရက မအောင်မြင်သော အာဏာသိမ်းမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ သမ္မတနီကိုးလတ်စ်မာဒူရိုကို လုပ်ကြံသတ်ဖြတ်ပြီး ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးကို အစားထိုးရန်အစီအစဉ်တွင် အမေရိကန်၊ ကိုလံဘီယာနှင့် ချီလီနိုင်ငံတို့က ပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။  ဆက်သွယ်ရေးဝန်ကြီး ဂျော့ခ်ျရိုဒရီဂုဇ်က ယင်းအစီအစဉ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲနှင့် တာဝန်မှ အနားယူထားသော စစ်တပ်အရာရှိများ ပါဝင်ပြီး လွန်ခဲ့သည့် သီတင်းပတ်ကုန်ပိုင်း စနေနှင့် တနင်္ဂနွေနေ့တို့တွင် လုပ်ကြံ သတ်ဖြတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ဝန်ကြီးရိုဒရီဂုဇ်က ''အာဏာသိမ်းဖို့ စီစဉ်တဲ့ အစည်းအဝေးတွေ အားလုံးကို ကျွန်တော်တို့ သိရှိခဲ့ကြပါတယ်။ ကွန်ဖရင့်တွေအားလုံးကို လည်း သိရှိခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။  အစိုးရသတင်းပေးများက စီစဉ်ထားသော အစည်းအဝေးများအတွင်း စီစဉ်သူများကို ဖော်ထုတ်နိုင်ခဲ့သည်ဟုလည်းဆိုသည်။ ကိုလံဘီယာလက်ယာယိမ်းသမ္မတ အီဗန်ဒူကွီးက သမ္မတကို လုပ်ကြံသတ်ဖြတ်ရန်နှင့် အာဏာသိမ်းရန် စီစဉ်ခဲ့ကြောင်း၊ ချီလီကွန်ဆာဗေးတစ်သမ္မတ ဆေဗက်စတီးယန်းပင်ညာနှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံ ပေး ဂျွန်လ်ဘိုတန်တို့ကလည်း ယင်းအစီအစဉ်တွင် ပါဝင်ပတ်သက်နေ ကြောင်း စွပ်စွဲခဲ့သည်။


အာဏာသိမ်းရန် ကြံစည်ခဲ့သူ အနည်းဆုံးခြောက်ဦးကို ထိန်းသိမ်းခဲ့ရကြောင်း ဝန်ကြီးက ကာရာကတ်စ်မြို့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။ စစ်ဆေးချက်အရ ကြံစည်ခဲ့သူ များတွင် ဗိုလ်ကားလို့စ်ဆာဗီဒရာ ပါဝင်သည်ဟု ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် ဇွန် ၂၁ ရက်တွင် အရာရှိလေးဦးဖမ်ဆီးခဲ့မှုကို အတိုက်အခံခေါင်း ဆောင်ဂွါအီဒိုက ရှုတ်ချထားပြီး ယင်းသို့ ဖမ်းဆီးလိုက်ရသည့် အကြောင်း အရင်းနှင့် အခြေအနေအသေးစိတ်ကို မသိရှိရသေးပေ။ 

Ref: AFP

#democracytoday

Rate this item
(0 votes)
back to top