HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မာဒါဂါစကာနိုင်ငံရှိ အားကစားကွင်းတွင် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနေချိန် လူတိုးဝှေ့မှုကြောင့် ၁၆ ဦးသေဆုံး  

မာဒါဂါစကာနိုင်ငံရှိ အားကစားကွင်းတွင် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနေချိန် လူတိုးဝှေ့မှုကြောင့် ၁၆ ဦးသေဆုံး   

အန်တာနာနာဗီယို၊ ဇွန် ၂၇

မာဂါဒါစကာနိုင်ငံ၏ လွတ်လပ် ရေးနေ့အခမ်းအနားကျင်းပနေသည့် အားကစားကွင်းတစ်ခုအတွင်း လူတိုးဝှေ့မှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ဇွန် ၂၆ ရက်မှ ယင်းဖြစ်ရပ်၏ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရှိရ သော်လည်း စစ်ရေးပြစီတန်းလှည့် လည်မှုတစ်ခုအပြီး ရဲတပ်ဖွဲ့၏ အ ဝင်ဝတံခါးများကို ပိတ်ပစ်ခဲ့ပြီးနောက် ယင်းအားကစားကွင်းမှထွက်ခွာရန် လူအများကြိုးပမ်းချိန်တွင် တိုးဝှေ့ မှုဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များ က ပြောဆိုခဲ့သည်။

မြို့တော်အန်တာနာနာဗီယိုရှိ အားကစားကွင်းအတွင်းမှ ယင်းဖြစ်ရပ်တွင် လူဒါဇင်နှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့သည်။ လွန်ခဲ့သည့် စက်တင်ဘာလတွင်လည်း ယင်းအားကစားကွင်း၌ပင် လူပိမှုဖြစ်ပေါ်ခဲ့ဖူးပြီး တစ်ဦး သေဆုံးခဲ့ကာ ၃ဝ ကျော်ဒဏ်ရာ ရရှိခဲ့သည်။ နောက်ဆုံးဖြစ်ရပ်တွင် လူထောင်ပေါင်းများစွာသည် စစ် တပ်စီတန်းလှည့်လည်မှု ဖျော်ဖြေ ပွဲအတွက် စုရုံးနေကြချိန်လည်း ဖြစ်သည်။ အေအက်ဖ်ပီသတင်း၏ အဆိုအရ ယင်းစီတန်းလှည့်လည် မှုအပြီးတွင် လုံခြုံရေးတာဝန်ရှိသူ များက လာရောက်ကြည့်ရှုသူများ ထွက်ခွာနိုင်ရန် ဂိတ်များကိုဖွင့်ပေး ခဲ့သည်ဟု သိရသည်။


သို့သော် မျက်မြင်သက်သေများ၏ အဆိုအရ ယင်းဂိတ်တံခါးများကို အလျင်အမြန်ပိတ်လိုက်ပြီး လူအုပ်ကြီးကို ရဲတပ်ဖွဲ့က တားဆီးခဲ့ရာမှ လူသေဆုံးမှုရှိခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သူ အသက်(၂၉)နှစ်အရွယ် ဂျင်ကလောက်ဒီအတီအန်ရက် ကိုတိုရီမန်နာနာက ''ပွဲစီစဉ်သူတွေက ဂိတ်ကိုဖွင့်လိုက်တဲ့အချိန် တန်းစီ နေတဲ့ပထမဆုံးမှာ ကျွန်တော်တို့ရှိ နေခဲ့ပါတယ်။ ရုတ်တရက်လူတွေက ကျွန်တော်တို့ရှေ့ကို ပြေးလာကြတယ်။ ကျွန်တော်တို့ကိုတိုးဝှေ့ခဲ့ကြပြီး တချို့က ထိုးကြိတ်ခဲ့ပြီးဆွဲခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော် မူးဝေလဲကျ ခဲ့ရပါတယ်''ဟု ပြောသည်။

Ref:BBC

#democracytoday

Rate this item
(0 votes)
back to top