HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပါပူဝါနယူးဂီနီ နိုင်ငံတွင် မီးတောင်ပေါက်ကွဲ လူထောင်နှင့်ချီ ထွက်ပြေးခဲ့ရ  

ပါပူဝါနယူးဂီနီ နိုင်ငံတွင် မီးတောင်ပေါက်ကွဲ လူထောင်နှင့်ချီ ထွက်ပြေးခဲ့ရ   

ကိုကိုပို၊ ဇွန် ၂၇

ပါပူဝါ နယူးဂီနီနိုင်ငံတွင် မီးတောင်တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အနီးအနားရှိ မြို့တစ်မြို့ကို ပြာမှုန့်များဖုံးလွှမ်းသွားခဲ့ရပြီး ဒေသခံ ငါး ထောင်ခန့်မှာလည်း အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရကြောင်း တာဝန်ရှိသူများက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။  ကမ္ဘာ့အန္တရာယ်အရှိဆုံး မီးတောင်တစ်ခုဖြစ်သည့် အလူဝန်မီးတောင်သည် ဇွန် ၂၆ ရက်မှစတင်ကာ လေထုထဲသို့ မီးတောင်ချော်ရည်များနှင့် မီးခိုးငွေ့များကို ထုတ်လွှတ်လျက်ရှိသည်။ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ မစ္စတာခရစ်လာဂီဆာက ဒေသခံများသည် ပိုင်ဆိုင်သောပစ္စည်းများ တင်ဆောင်ထားသော လော်ရီကား၊ ထရပ်ကားနှင့် လေးဘီးတပ်မောင်းနှင်နိုင်သော ယာဉ်များဖြင့် ထွက်ပြေးလာခဲ့ကြပြီး ခရစ်ယာန်ဘုရားကျောင်း ခန်းမတစ်ခုထဲတွင် စုရုံး နေခဲ့ကြကြောင်း ပြောဆိုခဲ့သည်။

အနီးနားရှိ ပြည်နယ်မြို့တော် ကင်ဘဲတွင်လည်း မီးတောင်မှ လေထုထဲသို့ ၁၃ ကီလိုမီတာကျော်အထိ မှုတ်ထုတ်နေခဲ့သည့် မီးခိုရောင်ပြာမှုန့်များကြောင့် နေ့မှညသို့ ပြောင်းလဲခဲ့ရပြီး ကား နှင့်အိမ်များပေါ်သို့ ကျဆင်းခဲ့သည်။ မီးတောင်မှ အောက်ဆင်း လေ တိုက်ခတ်မှုကြောင့် အသက်ရှူရခက်ခဲခြင်း၊ မျက်လုံးယားယံ ခြင်းနှင့် အရေပြားပြဿနာများ ဖြစ်ပေါ်စေနိုင်သည့် မီးတောင် ပြာများ ကျဆင်းမှုကို ရှောင်ရှားကြရန် အကြံပြုထားသည်။


ဇွန် ၂၇ ရက်အစောပိုင်းတွင် ထုတ်ပြန်လိုက်သည့် မီးတောင် ဓာတ်ပုံများထဲတွင် ပြာမှုန့်များ ကျဆင်းလာသည်ကို မြင်တွေ့ရ သည်။ ပြည်နယ် သဘာဝဘေးကော်မတီမှ ကနဦး သတင်းထုတ် ပြန်ချက်များအရ မီးတောင်ချော်ရည်များ စီးဆင်းမှုကြောင့် အဓိက ကမ်းရိုးတန်းပတ်လမ်းမကြီး ပြတ်တောက်သွားကြောင်း သိရသည်။


ဘစ်မာရတ်ကျွန်းစုပေါ်မှ အလူဝန်မီးတောင်သည် ကြီးမား ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည့်အတွက် သုတေသနပြုလုပ်ရန် ပစ်မှတ်ထားသည့် မီးတောင်ရှင် ၁၆ လုံးထဲမှ တစ်ခု ဖြစ်သည်။ မီးတောင်ပေါက်ကွဲမှု အခြေအနေဆက်လက်ဖြစ်ပေါ် နေသည့်အတွက် ယင်းအခြေအနေကို ကိုင်တွယ်ရန် ဝန်ထမ်းများ ကို စေလွှတ်ထားကြောင်းလည်း သိရသည်။ 

Ref: AFP

#democracytoday

Rate this item
(0 votes)
back to top