HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အယ်လ်ဂျီးရီးယား အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ ဖမ်းဆီးခံရ  

အယ်လ်ဂျီးရီးစ်၊ ဇွန် ၂

အယ်လ်ဂျီးရီးယားနိုင်ငံတွင် စစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင့် ကန့်ကွက်ကြသူများအား လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့ရာတွင် တက်ကြွလှုပ်ရှားသူ ဆန္ဒပြသူတစ် ဦးဖြစ်သော ကာမဲလ်အက်ဒီဖီကာ အချုပ်တွင်း၌ သေဆုံးခဲ့ခြင်းကြောင့် ဇွန် ၁ ရက်က အယ်လ်ဂျီးရီးယားမြို့ တော်တွင် စုဝေးကာ အစိုးရဆန့် ကျင်ရေးြေ<ွကးကြော်သံများအော်ဟစ်ကာ ထပ်မံဆန္ဒ ပြခဲ့ကြသည်။  ဇူလိုင် ၄ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ ''မတရားသော ရွေးကောက်ပွဲ အလိုမရှိ''ဟူ၍ြေ<ွကးကြော်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန် အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမှုများ ဖြစ်ပေါ်နေ  

လစ်တယ်ရော့ခ်၊ ဇွန် ၂

အမေရိကန်နိုင်ငံ အလယ်ပိုင်း အာကင်ဆောပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ရေကြီးကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် ဒေသခံ များအား အာဏာပိုင်များက သတိပေးမှု များ ပြုထားကြောင်း ဇွန်၂ ရက် သတင်း များအရ သိရသည်။ အိုင်အိုဝါပြည်နယ် မြောက်ပိုင်းတွင် လည်း မစ္စစ္စပီမြစ် မြစ်ရေလျှံကာ အိမ်များ စွာ ရေနစ်မြုပ်ခဲ့ရသည်။ ပြည်နယ်အရှေ့ တောင်ဘက် မိုင် ၁၇ဝ(၂၇၄ ကီလိုမီတာ) ဝေးကွာသော ဘာလီတန်မြို့ကလေးတွင် လည်း လူဦးရေ ၂၅ဝဝဝဝ တို့ကို ကယ် ဆယ်ရေးများ ပြုလုပ်ပေးနေရသည်။ လူ ဦးရေ ၄၇ဝဝ ရှိသော ဒါဒန်နီးလ်မြို့ကလေး တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေသည်။

ဆက်လက်ဖတ်ရှုရန် ...

အယ်လ်ဘေးနီးယားနိုင်ငံတွင် နှစ်နာရီအတွင်း ငလျင်ခြောက်ကြိမ် လှုပ်ခတ်၊ လေးဦး ဒဏ်ရာရ  

ဖလက်၊ ဇွန် ၂

အယ်လ်ဘေးနီးယားနိုင်ငံ အရှေ့တောင်ဘက်တွင် ပြင်းအား မဂ္ဂနီကျု ၅ ဒသမ ၃ အဆင့်ရှိ ပထမဆုံး ငလျင်တစ်ခု အပါအဝင် အချိန်နှစ်နာရီအတွင်း ငလျင်ခြောက်ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် လူလေးဦး ဒဏ်ရာရရှိခဲ့ကာ အိမ်ခြေ ၁ဝဝ ခန့် ထိခိုက်ခဲ့ရကြောင်း အာဏာပိုင်များနှင့် မျက်မြင်သက်သေများက ပြော ကြားခဲ့သည်။ အိမ်များ၏ နံရံ၊ ခေါင်မိုးနှင့် မျက်နှာကြက်တို့ ပြုတ်ကျမှုကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံအ ရှေ့ပိုင်းရှိ ကိုရက်စ်မြို့မှ ဆေးရုံသို့ပို့လိုက်ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

သမ္မတ ဒုတိယ သက်တမ်းအတွက် မဲဆွယ်စည်းရုံးမှုများ ဇွန် ၁၈ ရက်တွင် စတင်မည်ဟု ဒေါ်နယ်ထရန့်ပြော  

ဝါရှင်တန်၊ ဇွန် ၁

အမေရိကန်လက်ရှိသမ္မတ ဒေါ်နယ်ထရန့်က ၂ဝ၂ဝ ပြည့်နှစ် သမ္မတရွေး ကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဇွန် ၁၈ ရက်မှစတင်ကာ ဖလော်ရီ ဒါပြည်နယ်၌ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်မည်ဟု မေ ၃၁ ရက်က တွစ်တာမှ တစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်ကို ဇွန် ၁ ရက်သတင်းများအရသိရသည်။  ယင်းမဲဆွယ်စည်းရုံးရေးသို့ ¤င်း၏ဇနီး မယ်လာနီယာ၊ ဒုတိယသမ္မတ မိုက် ပင့်စ်၏ဇနီး ကာရင်တို့ ပါဝင်တက်ရောက်ကြလိမ့်မည်ဟု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ လူ ၂ဝဝဝဝ ဆံ့ Amway Center  ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

လစ်ဗျား ထရီပိုလီမြို့တိုက်ပွဲကြောင့် နေအိမ် စွန့်ထွက်ပြေးသူ ၉ဝဝဝဝ ကျော်ရှိ

ကုလသမဂ္ဂ၊ ဇွန် ၁

လွန်ခဲ့သော နှစ်လကျော်မှစ၍ လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ၊ အသက်ဘေးစိုးရိမ်ကြသော ပြည်သူလူထု ၉ဝဝဝဝ ကျော်မှာ ¤င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးရမှုများ ဆက် တိုက်ဖြစ်ပွားလျက်ရှိကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်၌ဖော်ပြခဲ့ကြောင်း ဆင်ဟွာသတင်းက ဇွန် ၁ ရက်တွင် ဖော်ပြလိုက်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရီးစ်၏ ဒုတိ ယပြောရေးဆိုခွင့်ရသူ ဖာဟန်ဟက်က ပြောကြားရာတွင် ယခုတစ်ပတ်အတွင်း ၌ပင် လစ်ဗျားမှ ထွက်ပြေးသူ ၈ဝဝဝ ကျော်ရှိကြောင်း ကုလသမဂ္ဂ လူများရွှေ့ ပြောင်းခြင်းအေဂျင်စီ၏ စာရင်းကို ကိုးကားပြောကြားလိုက်သည်။ အဆိုပါ ထွက်ပြေးသူများ၏ထက်ဝက်မှာ ကလေးများဖြစ်ကြသည်ဟု ဟက်က ထပ်မံ ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗာဂျီးနီးယားပြည်နယ် မြူနီစီပယ်ရိပ်သာအတွင်း အကြမ်းဖက် ပစ်ခတ်မှုဖြစ်ပွား၊ ၁၁ ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

ဗာဂျီးနီးယား၊ ဇွန် ၁

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားကမ်းခြေမြို့ မြူနီစီပယ်ရိပ်သာတစ်ခုတွင် မေ ၃၁ ရက် မွန်းလွဲပိုင်းအချိန်က အကြမ်းဖက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပြီး လူ ၁၁ ဦးသေဆုံးကာ အနည်းဆုံး ခြောက်ဦး ဒဏ်ရာများရရှိသွားခဲ့သည်ဟု မြို့အာဏာပိုင်များက ဇွန် ၁ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ သေနတ် သမားကို လုံခြုံရေးများက အသေပစ်ခတ်ဖမ်းဆီးလိုက်ရသည်။

ဆက်လက်ဖတ်ရှုရန် ...

လူဝီစီယားနားပြည်နယ်တွင် ကိုယ်ဝန်ဖျက်မှု တားမြစ်ဥပဒေ ထုတ်ပြန်  

ဘာတန်ရူး၊ မေ ၃၁

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဂျွန်ဘဲလ်အက်ဒဝပ်သည် ကိုယ်ဝန်ခြောက်ပတ်ရှိသူအနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်းအားတားမြစ် သောအမိန့်ကို မေ ၃ဝ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်ဟု မေ ၃၁ ရက် သတင်းများ အရ သိရသည်။ ထို့ကြောင့် ယင်းသည်ကိုယ် ဝန်ဖျက်ချခြင်းတားမြစ်သော မစ္စပီ၊ ကင်တက်လီ၊ အိုယိုင်းယိုးနှင့် ဂျော်ဂျီယာပြည်နယ်များအပြင် ပဉ္စမမြောက်ပြည်နယ်တစ်ခုဖြစ်လာခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

အီရတ်နိုင်ငံ ကာကွတ်မြို့၌ ခြောက်နေရာ ပေါက်ကွဲမှုဖြစ်၊ လေးဦးသေဆုံး၊ ၂ဝ ဒဏ်ရာရ  

ဘဂ္ဂဒက်၊ မေ ၃၁

အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွတ်မြို့တွင် နေရာခြောက်ခု ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူလေးဦးသေဆုံးပြီး ၂ဝ ဒဏ် ရာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဆင်ဟွာသတင်းက မေ ၃၁ ရက်တွင် ဖော်ပြ လိုက်သည်။   ပေါက်ကွဲမှုမှာ ကာကွတ်မြို့ ၏အဓိကလမ်းသုံးခုတွင် လမ်း ဘေးထောင်ဗုံးများပေါက်ကွဲခြင်း ဖြစ်သည်။ ကာကွတ်မြို့မှာ မြို့ တော်ဘဂ္ဂဒက်နှင့် ကီလိုမီတာ ၂၅ဝ ကွာဝေးသည်။ ဤပေါက်ကွဲမှု အား ပူးတွဲစစ်ဆင်ရေးဌာနချုပ်၏ ကြေညာချက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...