HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ယူဂန်ဒါ လွှတ်တော်တွင် သမ္မတ အသက် ကန့်သတ်မှု အငြင်းအခုံပြုရာမှ ရန်ပွဲဖြစ်ပွား

ယူဂန်ဒါ

ယူဂန်ဒါ လွှတ်တော်အတွင်း သမ္မတအသက်ကန့်သတ်မှု ဖယ်ရှား ရေးနှင့်ပတ်သက်၍ အငြင်းအခုံပြုရာမှ ရုတ်ရုတ်သဲသဲ ရန်ပွဲဖြစ်ပွားခဲ့ ကြောင်းသိရသည်။  ယင်းသည် လွှတ်တော်အမတ်တစ်ဦးက လွှတ်တော်အတွင်း သေနတ်ယူဆောင်လာသည်ဟူသော စွပ်စွဲမှု ထွက်ပေါ်လာပြီးနောက် လွှတ် တော်အမတ်များအတွင်း ဒေါသတကြီး ထိုးကြိတ်သတ်ပုတ်သည်အထိ ရန်ပွဲဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တင်းမာမှုမြင့်တက်နေချိန် ဝါရှင်တန်တွင် အမေရိကန်နှင့်ကျုးဘားနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံမည်

ဝါရှင်တန် စက်တင်ဘာ ၂၇

စစ်အေးခေတ်ရန်သူတော် နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် ကျုးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂုဇ်နှင့် ဒေသစံတော်ချိန် အင်္ဂါနေ့နှောင်းပိုင်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။

ဝါရှင်တန်မြို့တွင် ပြုလုပ်မည့် ၄င်းတို့နှစ်ဦး၏ အစည်းအဝေးသည် ဟာဗားနားရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများတွင် အကြားအာရုံချို့ယွင်းပြီး ဦးနှောက်နှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပွားခြင်း ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေး တိုက်ခိုက်မှု များဖြစ် ပွားခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် ယင်းမြို့ရှိ သံရုံးကို ပိတ်ပစ်ရန် အမေရိကန်က စဉ်းစားနေကြောင်းဝန်ကြီးတေလာဆန်က ပြောကြားခဲ့ပြီး ၁၀ ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ ကျူးဘားက မြောက်ဘက်ရှိ အိမ်နီး ချင်းနိုင်ငံနှင့် ဆက်ဆံရေးကို ပြိုပျက်သွားစေမည့် ဖြစ်ရပ်များတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ဝန်ကြီး ရိုဒရီဂုဇ်က ယင်းဖြစ်ရပ်ကို နိုင်ငံရေးအရပုံမဖော်ရန်နှင့် စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်ကိုတိုက်တွန်းထားသည်။

ဆက်လက်ဖတ်ရှုရန် ...

လာမည့်ဘဏ္ဍာနှစ်တွင် ဒုက္ခသည် ၄ သောင်းခွဲအထိ လက်ခံရန် အမေရိကန်စီစဉ်နေ

ဝါရှင်တန် စက်တင်ဘာ ၂၇

အောက်တိုဘာ ၁ ရက်တွင် စတင်မည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် ၄ သောင်းခွဲခန့် အထိ လက်ခံရန် ထရန့်အစိုးရက စီစဉ်ထားကြောင်းအမေရိကန်အရာရှိဟောင်းတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားလိုက်ပြီး ယင်းသည် ဆယ်စုနှစ် တစ်ခုကျော် အတွင်း အနိမ့်ဆုံးအနေအထားဖြင့် ခွင့်ပြုရန် စီစဉ်လာခြင်း လည်းဖြစ်သည်။ ဒုက္ခသည်အရေအတွက်ကို လျှော့ချလိုသောတာဝန်ရှိသူများနှင့် တိုးမြှင့်လိုသော တာဝန်ရှိသူများအကြား အငြင်းပွားဖွယ်စကားစစ်ထိုးပွဲတစ်ခုပြီးနောက် အိမ်ဖြူတော်က လက်ခံမည့် ဒုက္ခသည်အရေအတွက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လို သူ အရာရှိဟောင်း တစ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အမျိုးသမီးများ ကားမောင်ခွင့်ရတော့မည်

ရီယာ့ဒ် စက်တင်ဘာ ၂၇

အစ္စလာမ္မစ်ဘုရင့်နိုင်ငံတော်ဖြစ်သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားသူများက အမျိုးသမီးများကို ဖိနှိပ်ထားသည်ဟုရှုမြင်ထားသော ရှေးရိုးစွဲအစဉ်အလာ တစ်ခုကို အဆုံးသတ်ခြင်း အနေဖြင့် အမျိုးသမီးများအနေဖြင့် ကားမောင်း ခွင့်ပြုလိုက်ကြောင်း အင်္ဂါနေ့တွင် ဆော်ဒီဘုရင် ဆော်လ်မန်က အမိန့်ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

စတုတ္ထသက်တမ်းအတွက် လက်ရှိဂျာမနီဝန်ကြီး အန်ဂျလာမာကယ် အနိုင်ရသော်လည်း ညွှန့်ပေါင်း အစိုးရဖွဲ့ရဖို့ရှိ

ဘာလင် စက်တင်ဘာ ၂၅

ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်သည် တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ စတုတ္ထသက်တမ်း ကို ထမ်းဆောင်ရန် အနိုင်ရရှိခဲ့သော်လည်း ပါလီမန်အတွက် လက်ယာယိမ်း AfD ပါတီနှင့်အတူ ဝင်ရောက်ရန် ၄င်း၏ အောင်မြင်မှုမှာ အကျပ် အတည်း သဖွယ်ဖြစ်နေကြောင်းသိရသည်။

ကမ်ပိန်းအများစုတွင် ဂဏန်း ၂ လုံးအသာဖြင့် ၁၂ နှစ်ကြာ အာဏာယူခဲ့သော မာကယ်သည် ၄င်း၏ ကွန်ဆာဗေးတစ် ခရစ်ယာန်ယူနီယမ်ပါတီ က မဲ ၃၃ ရာခိုင်နှုန်းဝန်းကျင်ကို ရရှိခဲ့ကြောင်း မဲရလာဒ်များတွင် ဖော်ပြထား သည်။ အနီးစပ်ဆုံး ပြိုင်ဖက်များထဲတွင် ဆိုရှယ်ဒီမို ကရက်နှင့် ကိုယ်စားလှယ်လောင်း မာတင်ရှုတို့သည် မဲရရှိနှုန်း ၂၀ မှ ၂၁ ရာခိုင်နှုန်းသာရှိပြီး ဒုတိယနေရာတွင် လိုက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံသားများအပေါ် ခရီးသွားလာခွင့် တားမြစ်ချက်များကို ကန်သမ္မတထရန့် ချမှတ်

ဝါရှင်တန် စက်တင်ဘာ ၂၅

အမေရိကန် သမ္မတဒေါ်နယ်ထရန့်သည် တရားရုံးတွင် ဝေဖန်မှု၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော မူရင်းခရီးသွားလာခွင့် ပိတ်ပင်တားမြစ်ချက်များအတွင် အကျုံးဝင်သည့် နိုင်ငံများစာရင်းတွင် မြောက်ကိုရီးယား၊ ဗင်နီဇွဲလားနှင့် ချက်ဒ်နိုင်ငံတို့ကို ထည့်သွင်း လိုက်ပြီး ယင်းနိုင်ငံများမှ နိုင်ငံသားများအပေါ် ခရီးသွားလာခွင့် တားမြစ်ချက်အသစ်များကို တနင်္ဂနွေနေ့တွင် ချမှတ်လိုက်ကြောင်း သိရသည်။

သမ္မတက ထုတ်ပြန်လိုက်သော ကြေညာချက်အသစ်တွင် အကျုံးဝင်သည့်နိုင်ငံများစာရင်း၌ အီရန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နှင့် ဆိုမာလီယာတို့ပါဝင်နေဆဲဖြစ်သော်လည်း ဆူဒန်နိုင်ငံသားများအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားလိုက်ပြီးဖြစ်သည်။ ယင်းကြေ ညာချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတထရန့်က “အမေရိကန်ကို လုံခြုံအောင်လုပ်ဖို့ဆိုတာ ကျွန်တော့်ရဲ့ ပထမဦးစားပေးဖြစ်ပါတယ်၊ လုံခြုံရေးအရ စိတ်မချနိုင်တဲ့သူတွေကို ကျွန်တော်တို့နိုင်ငံထဲကို ဝင်ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု တွစ်တာ တွင်ရေး သားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယားအရေးအပေါ် စိုးရိမ်မှုများ ရှိနေချိန် လျှပ်တပြက်ရွေးကောက်ပွဲကျင်းပရန် ဂျပန်ဝန်ကြီးချုပ် အာဘေး ကြေညာဖွယ်ရှိ

တိုကျို စက်တင်ဘာ ၂၅ မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေပြီး ဝေဖန်မှုများ မြင့်တက်နေသော်လည်း ပြည်သူကြိုက်နှစ်သက်မှုနှုန်းမြင့်တက်လာခြင်းနှင့် အတိုက်အခံများ ဖရိုဖရဲ ဖြစ်နေမှုကို အခွင့်ကောင်းယူကာ လာမည့်လတွင် လျှပ်တပြက်ရွေးကောက်ပွဲတစ်ခုကို ကျင်းပရန် တနင်္လာနေ့တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကြေညာဖွယ်ရှိနေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...