HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

သီဟိုဠ်စေ့ ကွန်တိန်နာ များထဲတွင် ဝှက်ထားသော သင်းခွေချပ် အကြေးခွံ ၅ ဒသမ ၂၆ တန်ကို ဗီယက်နမ် သိမ်းဆည်းရမိ

ဟနွိုင်း


ဗီယက်နမ်နိုင်ငံသည် နိုင်ဂျီးရီးယားနိုင်ငံမှ တင်ပို့လာသော သီဟိုဠ်စေ့ကွန်တိန်နာများထဲတွင် ဝှက်ထားသော သင်းခွေချပ်အကြေးခွံငါးတန်ကျော်ကို သိမ်းဆည်းရမိခဲ့ ကြောင်းအစိုးရက မေ ၂၄ ရက် တွင် ပြောဆိုခဲ့သည်။ လွန်ခဲ့သောလက စင်ကာပူအာဏာပိုင်များ သည်ငါးနှစ်အတွင်း ကမ္ဘာတစ်ဝန်း တွင်အကြီးမားဆုံး ဖမ်းဆီးရမိမှု အဖြစ် သီးခြားစီးနင်းရှာဖွေမှုနှစ်ခု မှသင်းခွေချပ်အကြေးခွံ ၂၅ ဒသ မ ၆ တန်ကိုသိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

Julian Assange ကို သူလျှိုမှုဖြင့် အမေရိကန်က တရားစွဲမည်

ဝါရှင်တန်

အမေရိကန်တရားရေးဌာနသည် ဝီလ်ကီလိခ်တည်ထောင်သူ Julian Assange အား အမေရိကန် သူလျှိုအက်ဥပဒေအရ တရားစွဲဆို ခြင်းပြုမည်ဟု မေ ၂၄ရက်သတင်းများအရ သိရှိရသည်။ ၎င်းင်းသည် စစ်ရေးနှင့် သံတမန်ရေးလျှို့ဝှက်ချက်များ ချိုးဖောက်မှု အမှု ၁၇ မှုဖြင့် တရားစွဲဆိုသွား မည်ဖြစ်သည်။ Assange ကမူ ၎င်းင်းအပေါ် စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ဆက်လက်ဖတ်ရှုရန် ...

အဓိကရုဏ်းများဖြစ်ပွားခဲ့သော အင်ဒိုနီးရှားနိုင်ငံသို့ ခရီးသွားလာရာတွင် သတိရှိကြရန် နိုင်ငံရှစ်ခုက လမ်းညွှန်ချက် ထုတ်ပြန်

ဂျကာတာ

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မေ ၂၂ ရက် ရွေး ကောက်ပွဲရလဒ်မကျေနပ်သဖြင့် ဆန္ဒပြသူများနှင့် လုံထိန်းတပ်ဖွဲ့တို့ အကြား အဓိကရုဏ်းများဖြစ်ပွားခဲ့ ပြီးနောက် နိုင်ငံရှစ်ခုက ၎င်းင်းတို့ ၏ နိုင်ငံသားများအနေဖြင့် ခရီးသွားမှုလမ်းညွှန်ချက်ကို ထုတ်ပြန် ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှား ခရီးသွားလုပ်ငန်းဝန်ကြီးဌာနပြော ခွင့်ရသူ ဂွန်တာဆက်တီက ''က နေဒါ၊ အမေရိကန်၊ အင်္ဂလန်နဲ့ သြစတြေးလျနိုင်ငံတို့ဟာ ခရီးသွား လာမှုလမ်းညွှန်ချက်တွေကို ထုတ် ပြန်ခဲ့ပါတယ်''ဟု မေ ၂၃ ရက်တွင် ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အဇာဘိုင်ဂျန်နိုင်ငံ အနောက်ပိုင်းတွင် ကျောင်းကားတစ်စီးမှောက်၊ နှစ်ဦးသေ ၂၄ ဦးဒဏ်ရာရရှိ

ယေ့ဗ်လက်ခ်၊ မေ ၂၄

အဇာဘိုင်ဂျန်နိုင်ငံ ယေ့ဗ်လက်ခ် ဒေသ အဇာဘိုင်ဂျာနီခရိုင် အနောက်ပိုင်း၌ ကျောင်းသားများတင်ဆောင်လာသည့် မီနီဘတ်စ်တစ်စီးမှာ လမ်းချော်၍တိမ်း မှောက်သွားခဲ့ကြောင်း၊ ဤသို့ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူနှစ်ဦး သေဆုံးကာ အခြား ၂၄ ဦးမှာ ဒဏ်ရာရရှိသွား ခဲ့ကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံ အရေးပေါ် ကယ်ဆယ်ရေးဌာန အာဏာပိုင်များ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းက မေ ၂၄ ရက်တွင် ဖော်ပြလိုက်သည်။ အဆိုပါမီနီဘတ်စ်သည် ယေ့ဗ် လက်ခ်မှ အိမ်နီးနားချင်း မင်ဂါချီဗာခရိုင် သို့သွားနေခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင် ရာကပြောခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

လိင်တူချစ်သူများကို သေဒဏ်ပေးမည့် ဥပဒေများနှင့် ပတ်သက်၍ ပေးအပ်ထားသော ဂုဏ်ထူးဆောင်ဘွဲ့ကို အောက်စ်ဖို့ဒ်တက္ကသိုလ်သို့ ဘရူနိုင်းဘုရင် ပြန်လည်အပ်နှံ

ဘန်ဒါဆရီဘီဂါဝမ်၊ မေ ၂၄

ဘရူနိုင်းဆူလ်တန်ဘုရင်သည် ၎င်းင်း၏နိုင်ငံမှ လိင်တူချစ်သူ များကို သေဒဏ်ပေးမည့် တင်းကျပ်သောဥပဒေများနှင့်ပတ်သက်၍ အောက်စ်ဖို့ဒ်တက္ကသိုလ်က စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နောက် ယင်းတက္ကသိုလ်မှပေးထားသည့် ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုကို ပြန်လည်အပ်နှံခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်ဧပြီလတွင် မိတ်ဆက် ခဲ့သည့် ယင်းဥပဒေအရအိမ်ထောင်ရေးဖောက်ပြန်သူများနှင့် အမျိုး သားအချင်းချင်း လိင်ဆက်ဆံသူများကို ကျောက်တုံးဖြင့် သေသည် အထိ ပေါက်သတ်မည့်ပြဋ္ဌာန်းချက် ပါဝင်သည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သားဖြစ်သူကို ငွေကြေးခဝါချမှုဖြင့် နိုဝင်ဘာလတွင် အမိန့်ချမှတ်မည်

ဘန်ကောက်၊ မေ ၂၄

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ သားဖြစ်သူ အုတ်ရှင် နာဝပ်ထရာအား ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုထားရာ နိုဝင်ဘာလတွင် အမိန့် ချမှတ်ခြင်းခံရလိမ့်မည်ဟု မေ ၂၄ ရက် သတင်းများအရ သိရသည်။ ၎င်းင်းသည် သက်ဆင်ဝန်ကြီးချုပ် ဖြစ်စဉ်က ခရွန်ထိုင်းဘဏ်မှ အစိုးရပိုင်အိမ်ခြံမြေလုပ်ငန်းများအတွက် ဘတ် ၁ဝ သန်း ချက်လက်မှတ်တစ်ခုလက်ခံရယူခဲ့ သည်ဟု တရားလိုများဘက်က စွပ်စွဲထားသည်။

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယရွေးကောက်ပွဲ ကနဦး မဲရေတွက်မှု မိုဒီ၏ BJP ဦးဆောင်သည့် မဟာမိတ်တို့ရှေ့ပြေး

နယူးဒေလီ၊ မေ ၂၃

အိန္ဒိယရွေးကောက်ပွဲ မဲစတင်ရေတွက်မှုကို မေ ၂၃ ရက်က ရွေးကောက်ပွဲမဲပေးပြီးသည်နှင့် စတင်ရေတွက်ခဲ့သည်။အစောပိုင်း ရလဒ်များအရ အာဏာရညွန့် ပေါင်းအမျိုးသားဒီမိုကရက်တစ် မဟာမိတ် (NDA) ကဦးဆောင် နေပြီး ဘရာတီယာဂျာနာတာပါ တီ (BJP) က ရွေးကောက်ပွဲတွင် ဦးဆောင်နေကြောင်း ဆင်ဟွာ သတင်းမေ ၂၃ ရက်တွင်ဖော်ပြ လိုက်သည်။ နောက်ဆုံးရွေးကောက်ပွဲရ လဒ်အား ယနေ့ညဥ့်သန်းခေါင် ကျော်အချိန်တွင် ကြေညာလိမ့် မည်ဟု မျှော်လင့်ရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ရာထူးမှ နုတ်ထွက်ကြောင်း မကြာမီ ကြေညာဖွယ်ရှိ  

လန်ဒန်၊ မေ ၂၃

ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေသည် မေ ၂၄ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာမည်ဟု ခန့်မှန်းရသည့် သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး The Times သတင်းစာက ဖော်ပြသည်။ ၄င်းသည် ကွန်ဆာဗေးတစ်ပါတီအဖွဲ့ဝင် ၁၂၅ဝဝဝ ၏မဲရွေးချယ်မှုကို ရင် ဆိုင်ရမည့် နောက်ဆုံးအဆင့်ကိုယ်စားလှယ်နှစ်ဦးက အဆင့် နှစ်ခုရှိသော လုပ်ငန်းစဉ်ကို ဖြတ် ကျော်ပြီး ၄င်း၏နေရာကို ဆက်ခံရသည်အထိ ဝန်ကြီးချုပ်အဖြစ်ဆက်ရှိမည်ဟု ယင်းသတင်းစာက ဖော်ပြခဲ့သည်။ အောက်လွှတ်တော် ခေါင်းဆောင် အန်ဒရီယာလိဆမ် သည် မေ ၂၂ ရက်တွင် နုတ်ထွက် ခဲ့ပြီးနောက် ၄င်း၏ အစိုးရအဖွဲ့ထဲမှ အခြားဝန်ကြီးများလည်း ရာထူးမှနုတ်ထွက်နိုင်သည်ဟု ဘီဘီစီရေဒီယိုကဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...