HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မစ်ဇူရီပြည်နယ်တွင် ပြင်းထန်သော လေဆင်နှာမောင်း တိုက်ခတ်၊ သုံးဦးသေဆုံး

ဝါရှင်တန်၊ မေ ၂၃


အမေရိကန်နိုင်ငံ၊ မစ်ဇူရီ ပြည်နယ်တစ်လျှောက်တွင် ပြင်းထန်သော လေဆင်နှာမောင်း တစ်ခုတိုက်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူသုံးဦးသေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူ များက မေ ၂၃ ရက်တွင် ပြောဆိုခဲ့သည်။ ပြည်နယ်မြို့တော် ဂျက်ဖာဆန်စီးတီးတွင် အရေးပေါ် သတိပေးချက်တစ်ခု ထုတ်ပြန်ထားပြီး အနီးနားရှိ ပြည်နယ်များဖြစ်သော အိုကလာဟိုးမားနှင့် ကန်းဆက်ပြည် နယ်တို့နှင့်အတူ ယင်းပြည်နယ်အတွင်း မှ ပြည်သူများအနေဖြင့် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသီြးေ<ွကခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ် ခြင်းတို့ဖြစ်ပေါ်နိုင်၍ အကာအကွယ် ယူကြရန် တိုက်တွန်းထားသည်။

ဆက်လက်ဖတ်ရှုရန် ...

တရုတ်နိုင်ငံတွင် ဂျပန်အမျိုးသား တစ်ဦးကို ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်ချ  

တိုကျို


တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရားရုံးက ဂျပန်အမျိုးသားတစ်ဦးအား သူလျှိုလုပ်ဆောင် သည်ဟူသောစွဲချက်ဖြင့် ထောင်ဒဏ်ခြောက် နှစ် ပြစ်ဒဏ်စီရင်ခဲ့ကြောင်း သိရသည်။  တရုတ်-ဂျပန် သတင်းအရင်းအမြစ်ဌာန ၏အဆိုအရ ပြစ်ဒဏ်ချမှတ်ခံရသူမှာ တိုကျို အခြေစိုက် နှစ်နိုင်ငံအကြားမှလူငယ်များအား အပြန်အလှန် အားပေးမြှင့်ပေးနေသည့် အဖွဲ့ အစည်း အကြီးအကဲ ဟိုက်ဒဲဂျိဆူဇူကီဖြစ် ကြောင်း သိရသည်။ ဟိုက်ဒဲဂျိဆူဇူကီအနေနှင့် ထောင်ဒဏ် အပြင် ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၄ဝဝ ကိုပါ တစ်ပါတည်းပေးဆောင်ရန် ပြစ် ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်ပြည်ထောင်စုက ကုန်တင်သင်္ဘောကို ဖမ်းဆီးမှု မြောက်ကိုရီးယား သံတမန် သတိပေး

ပြုံယမ်း

အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးသိမ်းယူထားသော ကုန်တင်သင်္ဘောကို ပြန်လည်ပေးအပ်ခြင်းမရှိပါက မြောက်ကိုရီးယားနိုင်ငံက အလားတူလုပ်ဆောင်မှုမျိုးပြုရန် အသင့်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က သတိပေးပြောကြားခဲ့သည်။ သံအမတ် ကင်ဆောင်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် မေ ၂၁ ရက်က ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ မေ ၉ ရက်က Wise Honest အမည်ရှိ ကုန်တင်သင်္ဘောကို ဖမ်းဆီးသိမ်းယူထားကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ကြေညာပြီးနောက် သံအမတ်ကင်ဆောင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်နိုင်ငံသား တစ်ဝက်လောက်က အီရန်နိုင်ငံနှင့် စစ်ဖြစ်မည်ဟု မျှော်လင့်

ဝါရှင်တန်

အမေရိကန်လူမျိုးတို့၏ သဘောထားနှင့် ပတ်သက်၍ ဆန္ဒမဲကောက်ယူရာတွင် ထက်ဝက်လောက်က လာမည့်နှစ်အနည်းငယ်အ တွင်း အမေရိကန်ပြည်ထောင်စုသည် အီရန် နိုင်ငံနှင့် စစ်မက်ဖြစ်ပွားမည်ဟု ယုံကြည်လျက် ရှိကြောင်း သိရသည်။ ရိုက်တာနှင့် ဈေးကွက်သုတေသနကုမ္ပဏီ IPSOS က မေ ၁၇ ရက်မှ ၂ဝ ရက်အထိ အမေရိကန်လူမျိုး အရွယ်ရောက်ပြီးသူဦးရေ ၁ဝဝဝ ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ စစ်တမ်းကောက်ယူမှုအရ ၅၁ ရာခိုင်နှုန်းက လာမည့်နှစ်အနည်းငယ်အတွင်း အီရန်နှင့် စစ် ဖြစ်လာဖွယ်ရှိကြောင်း ဖြေကြားခဲ့ပြီး လွန်ခဲ့ သည့်နှစ် ဇွန်လက အလားတူစစ်တမ်းကောက် ယူရာတွင် ရှစ်ရာခိုင်နှုန်းက စစ်ဖြစ်မည်ဟု မျှော်လင့်ကြောင်း ဖြေကြားခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရ

ဂျကာတာ၊ မေ ၂၁

မကြာသေးမီက ကျင်းပခဲ့သော အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက မဲအားလုံး၏ ၅၅ ဒသမ ၅ ရာခိုင်နှုန်းရရှိပြီး ပြန်လည်ရွေးကောက်ခံခဲ့ရကြောင်း၊ ၎င်း၏ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘရန်တိုသည် မဲအားလုံး၏ ၄၄ ဒသမ ၅ ရာခိုင်နှုန်းရ ရှိခဲ့ကြောင်း အထွေထွေရွေးကောက် ပွဲကော်မရှင်(KPU) က မေ ၂၁ ရက် တွင် ကြေညာခဲ့သည်။ သမ္မတ ဝီဒိုဒို၏အနိုင်ရရှိမှုကို ပြည်နယ် ၃၄ ခုနှင့် နိုင်ငံခြားတိုင်းပြည်များမှ မြို့ ၁၃ဝ မှ မဲပုံးများမှ မဲများကိုရေတွက်မှု ပြီးဆုံးခဲ့ပြီးနောက် ဒေသ စံတော်ချိန် မေ ၂၁ ရက် နံနက် ၁ နာရီ ၄၆ မိနစ်တွင် အတည်ပြု ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်အစိုးရ၏ Huawei ကုမ္ပဏီအပေါ် တားမြစ်ပိတ်ပင်မှုကို ရက်ပေါင်း ၉ဝ ဆိုင်းငံ့

ဝါရှင်တန်၊ မေ ၂၁

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီ အပေါ် ပြီးခဲ့သည့်သီတင်းပတ်တွင် ချမှတ်ခဲ့သည့်ကန့်သတ်မှုအချို့ကို လျှော့ချပေးခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီအပေါ်တားမြစ် ပိတ်ပင်မှုများချမှတ်လိုက်ခြင်းကြောင့် ခုတ်ရာတခြား ရှရာတလွဲဖြစ်ပြီး ရည်ရွယ်ချက်လွဲချော်စေနိုင်သည့် အကျိုးဆက်များရှိနိုင်သည့် လက္ခဏာကို ပြဆို နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ယီမင် ဟူသီသူပုန်များ ဒရုန်းယာဉ်များသုံးပြီး အစိုးရ စစ်လက်နက် သိုလှောင်ရုံများကို တိုက်ခိုက်  

ဒူဘိုင်း၊ မေ ၂၁

ယီမင် ဟူသီသူပုန်များက ဆော်ဒီအာရေဗီးယားနိုင်ငံ လေဆိပ်အစိုးရစစ်စခန်းများအား မောင်းသူမဲ့ ဒရုန်းယာဉ် များသုံး၍ တိုက်ခိုက်ခဲ့သည်ဟု မေ ၂၁ ရက် သတင်းများအရသိရသည်။ ယင်းသည် အမေရိကန်နှင့် အီရန်နိုင်ငံခြားရေး ဝန်ကြီးများ တွစ်တာမှတစ်ဆင့် အပြန်အလှန် ရေးသားဖော်ပြခဲ့ကြပြီး နောက် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် နျူကလီးယားစာချုပ်အရ အီရန်နိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သော ယူရေနီယံသတ္တု များအား ၃ ဒသမ ၆၇ ရာခိုင်နှုန်းထက် မပိုစေဘဲ လက်ဝယ်ထားခွင့် ရှိမည်ဖြစ်သည်။ ယင်းအား ကမ္ဘာ့အင်အားကြီး နိုင်ငံ ကြီးများက ကြီးကြပ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တူရကီနှင့် ရုရှား S-500 ဒုံးပျံကာကွယ်ရေးစနစ် ပူးတွဲထုတ်လုပ်ရန် ဆွေးနွေးနေဟုဆို

အန်ကာရာ၊ မေ ၂ဝ

တူရကီတွင် S-400  ဒုံးပျံစနစ်ချထားပြီးပါက တူရကီနှင့် ရုရှားတို့သည် S-500 ဒုံးပျံကာကွယ် ရေးစနစ် ထုတ်လုပ်သွားရန် ညှိနှိုင်းခဲ့ကြကြောင်း၊ တူရကီသမ္မတ ရီစက်တေယစ်ဖ်အာဒိုဂန်က ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းက မေ ၂ဝ ရက်တွင် ဖော်ပြခဲ့သည်။ S-400 ဒုံးပျံစနစ်သဘောတူညီချက်မှာ ပြီးစီးနေပြီဖြစ်သည်။ ဒုံးပျံလွှဲပြောင်းရေးကို ဇူလိုင်လ အစောပိုင်းတွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ ထိုသို့လွှဲပြောင်းပေးပြီး နောက် မိမိတို့သည် S-500  ဒုံးပျံစနစ်ကို ဆက်လက်လုပ်ကိုင်သွား မည်ဖြစ်ကြောင်း၊ ထိုအထဲတွင် ဒုံးပျံထုတ်လုပ်ခြင်းလည်း ပါဝင် ကြောင်း အာဒိုဂန်ကအစ္စတန်ဘူ မြို့တွင် ပြုလုပ်သည့်အခမ်းအနားတစ်ခုတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...