HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အီဂျစ် ပိရမစ်များ ရှိရာဒေသ၌ ကမ္ဘာလှည့်ခရီးသွား ကားတစ်စီးအနီး ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရ၊ ၁၇ ဦး ဒဏ်ရာရရှိ

ဂီဂါ၊ မေ ၂ဝ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီး ထင်ရှားကျော်ကြားသော ဂီဇာပိရ မစ်များတစ်ဝိုက်တွင် မေ ၁၉ ရက်က ကမ္ဘာလှည့်ခရီးသွားများစီးနင်းရာ ဘတ်စ်ကားတစ်စီးအနီး၌ လမ်း ဘေးထောင် ဗုံးတစ်လုံးပေါက်ကွဲ ခဲ့၍ အီဂျစ်နှင့် တောင်အာဖရိက ခရီးသွားများအပါအဝင် လူ ၁၇ ဦး ထိခိုက်ဒဏ်ရာများရရှိသွားခဲ့သည်ဟု မေ ၂ဝ ရက်နေ့ သတင်း များအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဘရာဇီး ဘားဆိုင်တစ်ဆိုင်တွင် သေနတ်ပစ်မှုဖြစ်ပွား၊ ၁၁ ဦးသေဆုံး

ရိုယိုဒီဂျနေရိုး၊ မေ ၂ဝ

ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်တွင် သေနတ်သမားတစ်ဦးက ပြည်နယ်မြို့တော်ရှိ အရက် ဘားဆိုင်တစ်ခုသို့ ဝင်ရောက်ပြီး သေ နတ်ဖြင့်ပစ်ခတ်ခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ပြောကြားချက်ကို AP သတင်းက မေ ၂ဝ ရက်တွင် ဖော်ပြလိုက်သည်။ ဤသေနတ်ပစ်ခတ်မှုတွင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသား ငါးဦးတို့ သေဆုံးခဲ့ကြောင်း လုံခြုံ ရေးအဖွဲ့က အတည်ပြုပြောကြားလိုက်သည်။ ဤသေနတ်သမားမှာ ပါရာပြည်နယ် မြို့တော်ဘီလမ်မြို့ ၌ နေထိုင်သူဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ကိန်းစ် ရုပ်ရှင်ပွဲတော်တွင် ကိုယ်ဝန်ဖျက်ချမှု အခွင့်အရေး ဆန္ဒပြတောင်းဆိုကြ

ကိန်းစ်၊ မေ ၁၉

ပြင်သစ်နိုင်ငံ ကိန်းစ်ရုပ်ရှင် ပွဲတော်၌ အာဂျင်တီးနား၏ မှတ် တမ်းရုပ်ရှင်ကိုမပြသမီ ကော်ဇော နီအခင်းပေါ်၌ အမျိုးသမီးဒါဇင် ပေါင်းများစွာတို့က ကိုယ်ဝန်ဖျက်ချ ခွင့်အခွင့်အရေးကို ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း AP သတင်းက မေ ၁၉ ရက်တွင် ဖော်ပြလိုက်သည်။အဆိုပါအမျိုးသမီးများတွင် ရုပ်ရှင်ထုတ်လုပ်သူများနှင့် ရုပ်ရှင်သရုပ် ဆောင်များလည်းပါဝင်ခဲ့ကြသည်။ ၎င်းတို့သည် လက်ကိုင်ပဝါအစိမ်းရောင် များကိုဝှေ့ယမ်းကာ အလံကြီးတစ်ခုကို လည်းကိုင်ဆောင်ခဲ့ကြပြီး အာဂျင် တီးနားဒါရိုက်တာ ဂျူအန်ဆိုနာစ်၏ "Let It Be Law" ဆိုသည့်မှတ်တမ်း ရုပ်ရှင်ကားမှာလည်း ကိုယ်ဝန်ဖျက်ချ ခွင့်တရားဝင်တောင်းဆိုသည့် ဇာတ်ကား ဖြစ်နေရာ တစ်ချိန်တည်းတွင် ကော် ဇောနီပေါ်၌ အမျိုးသမီးတို့ကလည်း ဆန္ဒပြခဲ့ ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ရက်များစွာ ကျင်းပနေရသည့် အိန္ဒိယရွေးကောက်ပွဲ နောက်ဆုံးရက် ကျင်းပ

ကိုးလ်ကတ္တား၊ မေ ၁၉

အိန္ဒိယနိုင်ငံရွေးကောက်ပွဲ တွင် လက်ရှိအာဏာရပါတီ ဝန် ကြီးချုပ် နာရန္ဒရာမိုဒီ၏ ဟိန္ဒူအ မျိုးသားရေးပါတီသည် အနိုင်ရနိုင် ဖွယ်ရှိနေသည်ဟု မေ ၁၉ ရက် သတင်းများအရ သိရှိရသည်။ ဝန်ကြီးချုပ် မိုဒီ၏မဲဆန္ဒနယ်ဖြစ်သော ဗာရာဏသီတွင်လည်း မဲပေးသူအများအပြား လာရောက်ဆန္ဒပြုမဲပေးခဲ့ကြသည်ကို တွေ့ ရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဘရာဇီးနိုင်ငံ အရက်ဘားတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ ၁၁ ဦးသေဆုံး

ရီယိုဒီဂျနေရိုး ၊ မေ ၂ဝ

ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်(Para) အတွင်းရှိ အရက်ဘားတစ်ခု၌ မေ ၁၉ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၁ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။ Belem မြို့ ရှိ အရက်ဘားတစ်ခုသို့  မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် သေနတ်သမား ၇ ဦးရောက်ရှိလာပြီး စတင်ပစ်ခတ်ခဲ့ကြောင်း ၊ ယင်းပစ်ခတ်မှုကြောင့် ဘားပိုင်ရှင် အပါအဝင် အမျိုးသမီး ၆ ဦး နှင့် အမျိုးသား ၅ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သြစတြေးလျ အထွေထွေရွေးကောက်ပွဲ ကျင်းပ၊ ကနဦးမဲရေတွက်မှုများအရ အတိုက်အခံပါတီ အနိုင်ရရှိနေ

ကင်ဘာရာ၊ မေ ၁၈

သြစတြေးလျနိုင်ငံတွင် မေ ၁၈ ရက်က ပြုလုပ်သော အထွေ ထွေရွေးကောက်ပွဲ ဆန္ဒမဲပေးပွဲ များတွင် အတိုက်အခံ သြစတြေး လျအလုပ်သမားပါတီသည် ကန ဦး မဲရေတွက်မှုများအရ အနိုင်ရ နိုင်နေသည်ဟု သတင်းများ အရသိရှိရသည်။ အတိုက်အခံအ လုပ်သမားပါတီက ၅၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်၏ Liberal National Party  က ၄၈ ဒသမ ၅ ရာခိုင်နှုန်း ရရှိနေသည်ဟု သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိန်းသိမ်းခံရွှေ့ပြောင်းခိုလှုံသူများကို တက္ကဆက်မှ စန်ဒီယာဂိုသို့ အသုတ်လိုက် သယ်ယူပို့ဆောင်ပေး

လော့အိန်ဂျလိစ်၊ မေ ၁၈

အမေရိကန်တက္ကဆက်ပြည် နယ်နှင့် အခြားနေရာများမှ ထိန်း သိမ်းထားသော ရွှေ့ပြောင်းခိုလှုံသူ ရာပေါင်းများစွာတို့အား အကောက် ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန၏အစီအစဉ်ဖြင့် စန်ဒီယာဂိုမြို့သို့ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ သည်ဟု မေ ၁၈ ရက်သတင်းများ အရ သိရှိရသည်။ ဆက်လက်၍ လည်း ရွှေ့ပြောင်းခိုလှုံသူများအား အသုတ်လိုက်ခွဲ၍ ထပ်မံပို့ဆောင် သွားဦးမည်ဟု နယ်စပ်အရာရှိများက သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းအစိုးရအဖွဲ့ ရာထူးတာဝန်များ ခွဲဝေလျာထား

ဘန်ကောက်၊ မေ ၁၈

ထိုင်းနိုင်ငံ Palang Pracharath Party (PPRP) ပါတီသည် Bhumjaithai နှင့် ဒီမိုကရက်တစ်ပါတီများနှင့် တွေ့ဆုံကာ ကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရန် ဆွေးနွေးညှိ နှိုင်းခဲ့ကြသည်ဟု မေ ၁၈ ရက်သတင်းများအရသိရှိရသည်။  PPRP  ပါတီမှ ဗိုလ်ချုပ်ကြီးပရာယွတ်သည် ဝန်ကြီး ချုပ်၊ Bhumjaithai ပါတီခေါင်းဆောင် အနူတင်ချန်ဗီရာ ကူလ်က ကျန်းမာရေးဝန်ကြီးနှင့် ဒီမိုကရက်တစ်ပါတီများမှ ဝါရင့်ခေါင်းဆောင် ဘန်ယတ်ဘန်တာတန်က လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရာထူးရယူဆောင်ရွက်ကြမည်ဖြစ်သည်။ ပါတီ အမှုဆောင်များအနေဖြင့် မေ ၂ဝ ရက်တွင် ထပ်မံတွေ့ဆုံ ကာ ညှိနှိုင်းဆွေးနွေးကြဦးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...