HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန် အဘွားအို ၁၁ ဦးကို သတ်ဖြတ်ခဲ့သည့် ကင်ညာနိုင်ငံသားကို တရားစွဲဆို  

ဒဲလက်စ်၊ မေ ၁၇

အမေရိကန်နိုင်ငံ၊ တက္က ဆက်ပြည်နယ်၊ ဒဲလက်စ်မြို့တွင် နေထိုင်သော ကင်ညာနိုင်ငံသားတစ် ဦးကို ရွှေ၊ ငွေလက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများခိုးယူခဲ့ပြီး အဘွားအို ၁၁ ဦးအား သတ်ဖြတ်ခဲ့မှု ဖြင့် တရားစွဲဆိုလိုက်ကြောင်း အာဏာပိုင်များက မေ ၁၆ ရက်တွင် ပြောဆိုခဲ့သည်။  ဒဲလက်စ်ကောင်တီခရိုင် ရှေ့ နေရုံးမှ ပြောခွင့်ရအမျိုးသမီး ကင်လိခ်ျက အသက် (၄၆) နှစ်အရွယ် ဘီလီချီမီယာမီယာသည် အသက် (၇၆) နှစ်မှ (၉၄) နှစ်အထိရှိသော အ ဘွားအိုများသေဆုံးမှုတွင် စုစုပေါင်း လူသတ်မှု ခြောက်ကြိမ်ကျူးလွန်ခဲ့ ကြောင်း မေ ၁၄ ရက်တွင် စွဲချက်တင် ခဲ့ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

'သန့်ရှင်းသော အိန္ဒိယ'အဖြစ် ဝန်ကြီးချုပ်မိုဒီ ကြွေးကြော် တည်ဆောက်ခဲ့သော်လည်း ညစ်ပတ်နေသော အိန္ဒိယ ဖြစ်နေဆဲ

ကိုပါး၊ မေ ၁၇

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တောင်ပိုင်းမှ နှစ်နာရီခန့်သွားရသော ရှီကရာ ဝါကျေးရွာကလေးမှ ကျေးရွာသူကျေးရွာသားများသည် နေ့စဉ်နံနက်တိုင်း မြစ်ကမ်းပါးသို့သွားကာ လေကောင်းလေသန့်ရှူခြင်းကို ပြုလုပ်ကြရသည်။ လေကောင်းလေသန့်ဆိုသော်လည်း မြစ်ကမ်းပါးတစ် လျှောက် အိမ်သာများဆောက်ထားလေရာ တစ်ချက်တစ် ချက် မစင်နံ့ပါသောလေကို ရှူရှိုက်နေကြရသည်ဆိုက ပိုမိုမှန်ကန်ပေသည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများအတွက် တရုတ်နိုင်ငံက စိတ်ဝင်စားမှု မရှိတော့ကြောင်း နိုင်ငံပိုင်မီဒီယာ ဖော်ပြ  

ပေကျင်း၊ မေ ၁၇

ယခုလက်ရှိအချိန်တွင် အမေ ရိကန်နိုင်ငံနှင့်ရှေ့ဆက်လုပ်ဆောင် နေသည့် ကုန်သွယ်ရေးဆွေးနွေးပွဲ များ၌ စိတ်ဝင်စားမှုမရှိတော့ဘဲ သမ္မတဒေါ်နယ်ထရန့်၏ မကြာ သေးမီကပြုလုပ်လာသော ချဉ်းကပ် မှုတွင် စိတ်ရင်းအနည်းငယ်ပါ သည်ကိုသာမြင်တွေ့ရတော့ ကြောင်း နိုင်ငံပိုင်မီဒီယာဌာနများ၏ မေ ၁၇ ရက်တွင်ဖော်ပြခဲ့သည့် ထင် မြင်ချက်များတွင် ဖော်ပြထား သည်။ အကယ်၍အမေရိကန်အ နေဖြင့် စစ်မှန်သောစိတ်ရင်းကို ပြသနိုင်မည့် လုပ်ဆောင်မှုအသစ် များကိုမပြုလုပ်တော့ပါက ¤င်းတို့ ၏အရာရှိများက တရုတ်နိုင်ငံသို့ လာရောက်ပြီးကုန်သွယ်ရေးဆွေးနွေး မှုများလုပ်ဆောင်မှုသည် အဓိပ္ပာယ် မရှိကြောင်း နိုင်ငံပိုင်မီဒီယာ Economic Daily \ WeChat ဘလော့ဂ် ဖြစ်သည့် Taoran Notes  တွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆူဒန်နိုင်ငံတွင် တပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို သေနတ်ပစ်ခတ် ရှင်းလင်း၊ ကိုးဦးဒဏ်ရာရ

ခါတွန်၊ မေ ၁၆

ဆူဒန်တပ်ဖွဲ့ဝင်များသည် ခါတွန်မြို့အလယ်ပိုင်းတွင် ဆန္ဒပြသူများကိုရှင်းလင်းရန် လက်နက်အစစ်များကို အသုံးပြုပစ်ခတ်ခဲ့ ကြောင်း ဆန္ဒပြအဖွဲ့က ပြောဆိုခဲ့ပြီး ဒီမိုကရေစီဆီသို့ ဦးတည်စေမည့် အဖွဲ့တစ်ခုဖွဲ့စည်းရေးအတွက် ဆွေးနွေးမှုများကို ၇၂ နာရီ ကြာ ရပ်ဆိုင်းထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သီရိလင်္ကာတွင် အကြမ်းဖက်မှုဖြစ်ပွား၊ ၇၈ ဦးကို ဖမ်းဆီး

ကိုလံဘို၊ မေ ၁၆

သီရိလင်္ကာနိုင်ငံ အနောက် မြောက်ဒေသတွင်း၌ အကြမ်းဖက် မှုများဖြစ်ပေါ်ခဲ့ရာ လူ ၇၈ ဦးကို ဖမ်းဆီးလိုက်ကြောင်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဆင်ဟွာသတင်း က မေ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် SP ရူဝန်ဂုဏာသေကာရက ပြော ကြားရာတွင် သံသယရှိသူများက ပြည်နယ်အများအပြားမှ ဖမ်းဆီး ခဲ့ကြောင်း အဆိုပါဒေသများမှ အနောက်မြောက်ပြည်နယ်ဖြစ် သည့် ကာရုနောလာ၊ ကူလီယာပီ တီယာ၊ နီကာဝီရတေယနှင့် ချီ လောပြည်နယ်တို့ ပါဝင်ကြသည် ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

အာရှတိုက်သား အင်ဒရူးယန်း ဒီမိုကရက်တစ်ပါတီမှ အမေရိကန်သမ္မတ ဝင်ရောက် အရွေးချယ်ခံမည်  

နယူးယောက်၊ မေ ၁၆

အင်ဒရူးယန်းသည် လာမည့်လတွင် ဒီမိုကရက်တစ်ပါတီမှ အ မေရိကန်သမ္မတလောင်း ဝင်ရောက် အရွေးချယ်ခံမည်ကို ကြေညာသွား မည်ဖြစ်သည်။ ၎င်းက အာရှတိုက် သားတစ်ဦးဖြစ်ပြီး ဂျိုးဘိုင်ဒင်နှင့် ဘယ်လိုယှဉ်မှာလဲဟု မေးကြည့် ကြမည်ကို သိနေသည်ဟုဆိုသည်။
''ယန်း၏အုပ်စု''ဟုခေါ်သည့် အဖွဲ့ဝင်များက နယူးယောက်မြို့ အအေးဒဏ်နှင့် မိုးရေထဲတွင် ယန်း ၏လူထုချီတက်ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။ ပရိသတ် များက ယန်း၏နာမည်ကို အော်ဟစ်ကာ ထောက်ခံကြောင်း ပြသ ခဲ့ကြသည်။ ဤသို့ရွေးကောက်ပွဲမဲဆွယ် မှုအပေါ် တချို့မဲဆန္ဒရှင်များက စိတ်ဝင်စားခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆော်ဒီရေနံပိုက်လိုင်း ဒရုန်းများဖြင့် တိုက်ခိုက်ခံရ  

ရီယာ့ဒ်
နိုင်ငံတစ်လွှားတွင် ဖြတ်သန်းတည် ဆောက်ထားသည့် ရေနံပိုက်လိုင်းများကို လက်နက်တပ်ဆင်ထားသော ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံက ပြောကြားခဲ့သည်။ ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ်အယ်လ် ဗာလစ်က ပြောကြားရာတွင် ရေနံပေးပို့သည့် စခန်းနှစ်ခုမှာ တိုက်ခိုက်မှုကြောင့် မီးလောင် ကျွမ်းခဲ့ပြီး အနည်းငယ်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

အီရန်က အမေရိကန်နှင့် စစ်ခင်းရန် ကြိုးပမ်းခြင်း မရှိဟု ခါမေနီပြော

တီဟီရန်
အီရန်နိုင်ငံ၏ အခေါင်အချုပ်ခေါင်း ဆောင် အယာတိုလာခါမေနီက အီရန်နိုင်ငံ အနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် စစ်ခင်းရန် ကြိုးပမ်းမည်မဟုတ်ကြောင်း ပြော ကြားခဲ့သည်။  အီရန်နှင့် အမေရိကန်ပြည်ထောင်စု တို့၏ ဆက်ဆံရေးတင်းမာမှု အရှိန်မြှင့်တက် လာသည့် အခြေအနေတွင် မစ္စတာခါမေနီ က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...