HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တိန့်အန်မင်ရင်ပြင် ဖြိုခွဲခံရမှု နှစ် ၃ဝ ပြည့်အခမ်းအနား ကျင်းပ၊ လူထောင်ချီ တက်ရောက်  

ဟောင်ကောင်၊

ပေကျင်းမြို့ တိန့်အန်မင်ရင်ပြင်ရှိ ဆန္ဒ ပြသူများကို အင်အားသုံးဖြိုခွဲခဲ့ခြင်း နှစ်၃ဝ ပြည့် အခမ်းအနားကို ဟောင်ကောင်မြို့တွင် ပြုလုပ်ခဲ့ရာ လူထောင်ပေါင်းများစွာ တက် ရောက်ခဲ့ကြောင်း သိရသည်။ တိန့်အန်မင် ဖြိုခွင်းမှုအတွင်း လူမည်မျှ သေဆုံးခဲ့သည်ကို တရုတ်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာဖူးခြင်း မရှိသော်လည်း သေဆုံးသူ ရာချီရှိနိုင်သည်ဟု ယူဆရသည်။

ဆက်လက်ဖတ်ရှုရန် ...

လူမြင်ကွင်းမှ ကာလရှည် ပျောက်ကွယ်နေသည့် ကင်ဂျုံအန်ညီမ ပြန်လည်ထွက်ပေါ်လာ  

မားနက်

အမေရိကန်နှင့် မအောင်မြင်ခဲ့သော နျူကလီးယားအရေး ဆွေးနွေးပွဲများအပြီး ရာထူးမှဖယ်ရှားခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီမငယ်ဖြစ်သူကို ဇွန် ၃ ရက်က လူမြင်ကွင်းတွင် ပြန်လည်မြင်တွေ့ခဲ့ရသည်ဟု Fox News သတင်းတွင် ဖော်ပြသည်။ ယင်းက ရက်ပေါင်း ၅ဝ အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၅ဝ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု သုညရာခိုင်နှုန်းလျှော့ချနိုင်ရေး ဒေါ်လာ ၅ ထရီလီယံတန် စီမံကိန်းကို ကန်ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒင် ဖော်ထုတ်တင်ပြ  

ဝါရှင်တန်၊ ဇွန် ၎

အမေရိကန်ဒီမိုကရက်ပါတီ မှ ၂ဝ၂ဝ ပြည့်နှစ် သမ္မတဟောင်း တစ်ဦးဖြစ်သူ ဂျိုးဘိုင်ဒင်က ဒေါ်လာ ၅ ထရီလီယံတန် ရာသီဥတု စီမံကိန်းတစ်ရပ်အား တင်ပြခဲ့ပြီး၊ ယင်းအရသက္ကရာဇ် ၂ဝ၅ဝ ပြည့် နှစ်တွင် ကာဗွန်ဓာတ်ငွေ့လျှော့ချသည့် အစီအစဉ်သည် သုညရာခိုင် နှုန်း ထုတ်လွှတ်မှုရှိစေမည်ဖြစ်ပြီး၊ အမေရိကန်နိုင်ငံအနေဖြင့် ယင်း အစီအစဉ်ကို ရာသီဥတုဆိုင်ရာ ပြောင်းလဲစေနိုင်မှုအတွက် ပါဝင်နိုင်စေရန် မိမိဦးဆောင်သွားမည် ဟုလည်း ထုတ်ဖော်ပြောကြား လိုက်သည်ဟု ဇွန် ၄ ရက်သတင်း များအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် နှင်းများ အကြီးအကျယ်ကျဆင်း၊ သတိပေးချက် ထုတ်ပြန်ထားရ  

ဆစ်ဒနီ၊ ဇွန် ၎

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းတွင် နှင်းအကြီးအကျယ်ကျဆင်းနေပြီး သမပိုင်းတွင်ရှိသည့် မြောက်ပိုင်းရှိ ကွင်းစလန်းပြည်နယ်ရှိ ဒေသအချို့တွင်ပါ နှင်းကျဆင်းခဲ့သည်ကို တွေ့ရသည်။ သြစတြေးလျ မိုးလေဝသဗျူရိုက ကွင်းစလန်း ပြည်နယ်တွင် ၂ဝ၁၅ ခုနှစ်နောက်ပိုင်း ယင်းကဲ့ သို့ထူးခြားသည့် နှင်းကျဆင်းမှုနှင့် ကြုံတွေ့ခဲ့ရ ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။ ဆစ်ဒနီမြို့ အပါအဝင် ကီလိုမီတာ ၁ဝဝဝ ခန့်ရှိ အရှေ့ ဘက်ကမ်းရိုးတန်းတွင်လည်း ပြင်းထန်သည့် ရာသီဥတုသတိပေးချက်များကို ထုတ်ပြန်ထား ရသည်။

ဆက်လက်ဖတ်ရှုရန် ...

အီစတာ ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ သီရိလင်္ကာ မူဆလင်ဝန်ကြီးများ အစုလိုက်အပြုံလိုက် နုတ်ထွက်  

ကိုလံဘို၊ ဇွန် ၎

သီရိလင်္ကာနိုင်ငံမှ မူဆလင်ဝန်ကြီးများသည် ဗုဒ္ဓဘာသာအများအပြားရှိသောနိုင်ငံတွင် အီစတာဆန်းဒေး ဗုံးဖောက်ခွဲတိုက်ခိုက်မှုများကြောင့် ၎င်းင်းတို့၏ လူမှုအသိုက်အဝန်းအပေါ် အမုန်းစကား ဖြင့်တိုက်ခိုက်မှုများ ကျယ်ကျယ် ပြန့်ပြန့်ရှိလာသည့်အတွက် ဇွန် ၃ ရက်တွင် အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြကြောင်းသိရသည်။ သမ္မတ မိုင်သရီပါလသီရိသေနကိုထောက်ခံသော ဗုဒ္ဓဘာသာဘုန်း တော်ကြီးနှင့် လွှတ်တော်အမတ်တစ်ဦးက ထိပ်တန်းမူဆလင်နိုင်ငံရေး သမားသုံးဦးကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ပြီးနောက် အစိုးရဥပဒေ ပြုလွှတ်တော်အမတ်ကိုးဦးနှင့် အစိုး ရအဖွဲ့ထဲမှ မူဆလင်ဝန်ကြီးများမှာ နုတ်ထွက်စာတင်ခဲ့ကြခြင်း ဖြစ် သည်ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ကြိုတင် သတ်မှတ်ချက်များ မရှိဘဲ အီရန်နှင့်ဆွေးနွေးရန် အမေရိကန် အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို ပြော  

ဘယ်လင်ဇိုနာ၊ ဇွန် ၃

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးမိုက်ပွန်ပီယိုက အစိုးရအ နေဖြင့်ပဋိပက္ခအတွက် စိုးရိမ်မှုများကိုမြင့်တက်စေသော တင်းမာမှုများမြင့်မားလာမှုကို လျော့ပါး စေရေကြိုးပမ်းမှုအနေဖြင့် အီရန်နှင့်ကြိုတင်သတ်မှတ်ချက်မထား သောဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဟု ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စုအနေ ဖြင့်အရှေ့အလယ်ပိုင်းတွင် အီရန်ကိုအပြုအမူများ ပြောင်းလဲလာ စေရန်ဖိအားပေးရန် ကြိုးပမ်းခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နောင်တရမည်မဟုတ်ကြောင်း ပွန်ပီယိုကဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

မက္ကဆီကို သွင်းကုန်ခွန် ကိစ္စရပ်ကို အလေးအနက် သဘောထားဟု သမ္မတဒေါ်နယ်ထရန့် ပြောဆို  

ဝါရှင်တန်၊ ဇွန် ၃

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်သည် မက္ကဆီကိုမှ အမေရိကန်သို့ သွင်းကုန်များအဖြစ်တင်သွင်းခြင်းအပေါ် အခွန်ကောက်ခံ ခြင်းအား ''အထူးအလေးထား ဆောင်ရွက်''နေပြီး ယင်းသည် နယ်စပ်ခိုလှုံရွှေ့ပြောင်းသွားလာသူများ ပမာဏအနည်း၊ အများပေါ် မူတည်နေကြောင်း အိမ်ဖြူတော် ခေတ္တအရာရှိချုပ် မစ်မူလ်ဗန်နီက ထုတ်ဖော်ပြောဆိုလိုက်သည်ဟု Fox News Sunday သတင်းစာကြီးတွင် ဇွန် ၃ ရက်က ထုတ်ဖော် ရေးသားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဘိုးရင်း ၇၃၇ ဂျက်လေယာဉ် တချို့တွင် မှားယွင်းသော ပစ္စည်းများဖြင့် တပ်ဆင်ထားကြောင်း အမေရိကန်လေကြောင်း ကြီးကြပ်သူများ ပြောကြား  

ဝါရှင်တန်၊ ဇွန် ၃

အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းရေးအုပ်ချုပ်မှုအဖွဲ့ (FAA) က မြေပြင်၌ရပ်ထားရသည့် ဘိုးရင်း 737 MAX လေယာဉ်များ၏ ပြဿနာအသစ်တစ်ရပ်တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းက ဇွန် ၃ ရက်တွင် ဖော်ပြခဲ့သည်။  ဘိုးရင်းကုမ္ပဏီက FAA အား အကြောင်းကြားပြောကြားခဲ့သည်မှာ 737 NG နှင့် 737 MAX လေယာဉ် များတွင် တပ်ဆင်ထားသော လျှပ်စစ်စီးတုတ်ချောင်းမှာ လုပ်ထုံးလုပ်နည်းနှင့်အညီတပ်ဆင်ထားခြင်းမဟုတ် ကြောင်း၊ ခံနိုင်ရည်နှင့် ကြံ့ခိုင်ရည်မရှိကြောင်း FAA ၏ ကြေညာချက်တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...