HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

လော့စ်အိန်ဂျလိစ် စီရင်စုတွင် အိမ်မဲ့ရာမဲ့ ခြေသလုံးအိမ်တိုင် သမားများ ၁၂ ရာခိုင်နှုန်း တိုးပွားလာနေ  

လော့စ်အိန်ဂျလိစ်


အမေရိကန် လော့စ်အိန်ဂျလိစ် စီရင်စုတွင် အိုးအိမ်အခြေအနေမဲ့ သူများ ၅၉ဝဝဝ ဦးရှိနေကာ ယင်း သည် ယမန်နှစ်ကထက် ၁၂ ရာခိုင် နှုန်း ပိုမိုများပြားလာခြင်းဖြစ်သည်ဟု မြို့နယ်အိမ်မဲ့ယာမဲ့နေထိုင်သူများအား ထိန်းချုပ်ရေးဌာနအရာရှိ များက ဇွန် ၄ ရက်က ထုတ်ဖော် ပြောဆိုလိုက်သည်ဟု ဇွန် ၅ ရက် သတင်းများအရသိရှိရသည်။ အမေရိကန်နိုင်ငံတစ်ဝန်းလုံး၏ အိမ်မဲ့ယာမဲ့ခြေသလုံးအိမ်တိုင်အများစုမှာ လော့စ်အိန်ဂျလိစ်တွင်သာ တွေ့ရ သည်ဟုလည်း ထုတ်ဖော်ပြောကြား လိုက်သည်။ အိုးအိမ်မဲ့များသည် ပန်းခြံများ၊ တံတားအောက်များ၊ အဆောက်အအုံ အမိုးအဖီများ အောက်တွင် တစ်ယောက်စနှစ် ယောက်စ လာရောက်နေထိုင်ကြရာမှ ကျူးကျော်များအဖြစ် ဦးရေ တိုးပွားလာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အလေးထားဖြေရှင်းရန် လိုအပ်နေသည်မှာ လေထုညစ်ညမ်းမှုပြဿနာဖြစ်

နေပြည်တော်

မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြား အလေးထားဖြေရှင်းရန် လိုအပ်နေသည်မှာ လေထုညစ်ညမ်းမှု ပြဿနာဖြစ်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြားလိုက်သည်။ ဇွန် ၅ ရက်က နေပြည်တော် တွင်ပြုလုပ်သည့် ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာ စကားပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် ...

စွန့်ပစ် အမှိုက်အချို့ပြန်သုံးပြီး နောက်ဖေးလမ်းကြား ဥယျာဉ်အဖြစ် ဖန်တီး အလှဆင်သင့်ဟုဆို  

ရန်ကုန်

နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့အမှိုက်ပစ် ခြင်းသည် လေထုကိုညစ်ညမ်းစေ နိုင်ကြောင်းနှင့် စွန့်ပစ်အမှိုက်အချို့ကို Recycle  ပြန်လည်အသုံးပြု၍ နောက်ဖေးလမ်းကြား ဥယျာဉ်အဖြစ် ဖန်တီးအလှဆင်အသုံးပြုသင့်ကြောင်း သိရသည်။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဒို့အိမ်မှကြီးမှူးပြီး ၃၅လမ်း နှင့် ဘားလမ်းကြား၊ နောက်ဖေး လမ်းကြားဥယျာဉ်တွင် ပြုလုပ်ခဲ့သည့်ပြပွဲတွင် တာဝန်ရှိသူတစ်ဦးက ယင်းကဲ့သို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တစ်နေ့လျှင် ခြေလှမ်းပေါင်း ၇၅ဝဝ လမ်းလျှောက်သည့် သက်ကြီးရွယ်အို အမျိုးသမီးများ သေဆုံးနိုင်ခြေ နည်းပါး  

ဝါရှင်တန်

တစ်နေ့လျှင် ခြေလှမ်း ၇၅ဝဝ လမ်း လျှောက်သော အမျိုးသမီးကြီးများက သာမန်သူများထက် သေဆုံးနိုင်ခြေ နည်းပါးသည်ဟု လေ့လာမှုတစ်ခုတွင် တွေ့ခဲ့ရသည်။ ထိုလေ့လာမှုက တစ်နေ့လျှင် ခြေလှမ်း ၁ဝဝဝဝ လမ်း လျှောက်ရမည်ဟု သတ်မှတ်ထားသည့် ဝတ် ဆင်နိုင်သည့်ကိရိယာများနှင့် ဖုန်းအက်ပလီ ကေးရှင်းများပါ သတ်မှတ်ချက်ထက် လျော့ နည်းနေသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆေးလိပ်သောက်ခြင်းကြောင့် ဂရိနိုင်ငံတွင် နှစ်စဉ် လူ ၁၅ဝဝဝ ကျော် သေဆုံး  

အေသင်

ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ်နေ သောရောဂါများကြောင့် နှစ်စဉ် ဂရိလူမျိုး ၁၅ဝဝဝ ကျော် သေဆုံးနေရကာ ထိုသူများသည် ဆေးလိပ်ဝယ်ယူရန်အတွက် နှစ်စဉ် ယူရို ၂၅ သန်းမှ သန်း ၃ဝ အထိ အသုံးပြုနေကြသည်ဟု မကြာသေးခင်က ထုတ်ပြန်ကြေညာ ခဲ့သောလေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန် ...

အလွန်အမင်း အိပ်ခြင်းက မှတ်ဉာဏ်ကို ထိခိုက်စေနိုင်သည် ဟုဆို  

လန်ဒန်

အလွန်အမင်းအိပ်ခြင်းက မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ခုတွင် တွေ့ခဲ့ရသည်။ ယင်းလေ့လာမှုကို လန်ဒန်တက္ကသိုလ် ကောလိပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တစ်နေ့လျှင် ၉ နာရီကျော် အိပ်စက်ခြင်းက ဦးနှောက် မှတ်ဉာဏ်နှင့် တုံ့ပြန်မှုများကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်ဟု တွေ့ခဲ့ရသည်။ International Journal of Epidemiology ၌ ဖော်ပြ ခဲ့သော ထိုလေ့လာမှုကို အင်္ဂလန်နိုင်ငံရှိ အသက် ၄ဝ မှ ၆၉ နှစ်အရွယ် လူ ၄ဝဝဝဝဝ ကျော်ကို အခြေခံကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လေ့လာမှု အရ တစ်နေ့ ၅ နာရီအိပ်သူများဟာ အိပ်ချိန် နည်းပါးခြင်းကြောင့် စမ်းသပ်မှုများမှာ ၅ ရာခိုင်နှုန်း မှားယွင်းခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးတစ်နေ့ ၉ နာရီနဲ့အထက်အိပ်စက်သူများမှာ စမ်းသပ် မှုများ၏ ၉ ရာခိုင်နှုန်းအထိ မှားယွင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းသည် အကျင့်ဖောက်ပြန်မှုနှင့် ဖြောင့်မတ် တည်ကြည်မှုတို့အကြား ပြိုင်ပွဲတစ်ခုလိုဖြစ်နေ ဟုဆို

ရန်ကုန်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းဆိုသည်မှာ အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့အကြားတွင် အချိန်ကာလအလွန်ရှည်ကြာစွာ ယှဉ်ပြိုင်နေရသည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။ ဥက္ကဋ္ဌအနေဖြင့် 'ဖြောင့်မတ်တည်ကြည် မှု'လူငယ်စခန်း ၂ဝ၁၉ 2019 Youth Integrity Camp 2019 အခမ်းအနားတွင် ထိုကဲ့သို့ပြော ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကျုံးပတ်လည် လမ်းများတွင် မော်တော်ယာဉ်ဖြင့် ထီရောင်းချခွင့် လိုင်စင်မရှိဘဲရောင်းပါက ဒဏ်ငွေဆောင်ရမည်  

မန္တလေး၊ ဇွန် ၎

မန္တလေးမြို့၏အဓိကပုံရိပ်ဖြစ်သော ကျုံးပတ်လည်အပါအဝင် မြို့တွင်းနေရာများတွင် မော်တော်ယာဉ်ဖြင့် အောင်ဘာ လေထီရောင်းချလိုသည့် ယာဉ်ပိုင်ရှင်များအတွက် ရောင်းချခွင့်လိုင် စင်များကို သတ်မှတ်စည်းကမ်းချက် များနှင့်အညီထုတ်ပေးလျက်ရှိရာ လိုင်စင်မရှိဘဲ ရောင်းချသူများကို ဇွန်လနောက်ဆုံးပတ်မှ စတင်ဖမ်းဆီး ၍ ဒဏ်ငွေရိုက်အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...