HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဘီးလင်းမြစ်ရေ၏ အရည်အသွေးသည် သောက်သုံးရေအဖြစ် အသုံးပြုရန် အန္တရာယ်ရှိနေသဖြင့် ပြည်သူများ ဂရုပြုကြရန် အသိပေး

ဘီးလင်းမြစ်ရေ၏ အရည်အသွေးသည် သောက်သုံးရေအဖြစ် အသုံးပြုရန် အန္တရာယ်ရှိနေသဖြင့် ပြည်သူများ ဂရုပြုကြရန် အသိပေး

ဘီးလင်း၊ မေ ၂၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်ရေ၏ အရည်အသွေးသည် သောက်သုံးရေအဖြစ် အသုံးပြုရန် အန္တရာယ်ရှိနေသဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဂရုပြုကြရန် အသိပေးထားကြောင်း သိရသည်။

မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ လေအရည်အသွေးနှင့်ရေအရည်အသွေးများအား ပုံမှန်တိုင်းတာစစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် ဧပြီ ၂၅ ရက်တွင် ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်ရေတိုင်းတာစစ်ဆေးမှုရ လဒ်အရ ဘီးလင်းမြစ်ရေတွင် PH Level မှာ အချဉ်ဓာတ်များနေသ ဖြင့် သောက်သုံးမိပါက ဝမ်းရောဂါဖြစ်ပွားနိုင်ကြောင်း၊ Arsenic ဓာတ်မှာလည်း သတ်မှတ်ချက် ထက် ကျော်လွန်သဖြင့် ကြာရှည် သုံးစွဲပါက အရေပြားကင်ဆာ၊ ဆီး အိမ်ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါများဖြစ်ပွားနိုင်ကြောင်း နောက်ကျိခြင်း Turbidity မှာလည်း သတ်မှတ်ချက်ထက်လွန်စွာ ကျော်လွန်နေသဖြင့် သောက်သုံးရေအတွက် အသုံးပြုရန် အန္တ ရာယ်ရှိပါကြောင်း ရေအရည်အ သွေးတိုင်းတာစစ်ဆေးမှုနှင့်ပတ်သက်၍ မေ ၈ ရက် ရက်စွဲပါစာ ဖြင့် သုံးသပ်တင်ပြလာခြင်းအပေါ် အများပြည်သူများကို သိရှိနိုင် စေရေးအသိပေးဆောင်ရွက်သွားရန် သက်ဆိုင်ရာတာဝန်ရှိသူများအား အကြောင်းကြားထားကြောင်း ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်ထံမှ သိရသည်။


''ဘီးလင်းမြစ်ရေ ရေအရည် အသွေးနိမ့်ကျလာတာက ရာသီဥတု၊ လူ့ပယောဂနဲ့ ပထဝီအနေအထားတွေကြောင့်ဖြစ်တယ်။ မြစ် ကြောင်းတစ်လျှောက် စည်းကမ်းမဲ့ ရွှေတူးတာတွေ၊ သစ်ပင်ခုတ်တာ တွေကို မထိန်းသိမ်းနိုင်ကြဘူး။ အဓိက ရွှေတူးတဲ့အခါ သုံးရတဲ့ အက်ဆစ်တွေ ဆေးရတဲ့ရေတွေက မြစ်ထဲပဲ စီးဆင်းတာ၊ အဲဒီအတွက် မြစ်ရေက ဓာတ်တွေပြောင်း ကုန်တယ်။ မြစ်ရေကိုသောက်သုံး တဲ့သူနည်းပါးတယ်။ မရှိသလောက်ပါပဲ။ လူတွေအတွက် တိုက်ရိုက်ထိခိုက်မှုနည်းပါးတယ်။ တာဝန်ရှိ သူတွေအနေနဲ့ အခုလိုသတိပေး တာအတွက် ဒေသခံကိုယ်စား ကျေးဇူးတင်ပါတယ်''ဟု ဘီးလင်း မြို့နယ်ဒေသခံ ကိုဆန်းထွန်းဦးက မေ ၂၂ ရက်တွင် ပြောသည်။


ဘီးလင်းမြစ်အထက်ပိုင်းတွင် ရွှေတူးဖော်မှုများမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင်ရှိခဲ့ပြီး နောက်ဆက်တွဲရလဒ်အဖြစ် ဘီးလင်းမြစ်၏ အရည်အသွေးသည် သောက်သုံးရန်သာမက စိုက်ပျိုး ရေးလုပ်ငန်းတွင်ပါ အသုံးပြုရန် မသင့်လျော်ကြောင်းကို စစ်ဆေးမှု အဖြေများရရှိထားကြောင်း သိရ သဖြင့် ဘီးလင်းမြစ်ရေအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲသွားပြီဖြစ်ကြောင်း ဒေသခံ စိုက်ပျိုးရေးသမားများထံမှ သိရ သည်။ 

ZMT

#democracytoday

Rate this item
(0 votes)
back to top