HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ပုသိမ်ကြီးမြို့နယ်ရှိ ဇီးအုပ်ကွက်သစ်၌ လေပြင်းတိုက်ခတ်၊ နေအိမ် ၁ဝဝ ကျော်ပြိုလဲ၊ အမျိုးသမီး တစ်ဦးသေဆုံး

ပုသိမ်ကြီးမြို့နယ်ရှိ ဇီးအုပ်ကွက်သစ်၌ လေပြင်းတိုက်ခတ်၊ နေအိမ် ၁ဝဝ ကျော်ပြိုလဲ၊ အမျိုးသမီး တစ်ဦးသေဆုံး

မန္တလေး၊ မေ ၂၄

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ဇီး အုပ်ကျေးရွာအုပ်စု ဇီးအုပ်ကျေးရွာ ရှိ မြို့မြေ သိမ်းကျုးကွက်သစ်တွင် မေ ၂၃ ရက် ညပိုင်းကတိုက်ခတ် ခဲ့သည့် လေပြင်းဒဏ်ကြောင့် နေအိမ် အလုံး ၁ဝဝ ကျော် ပြိုလဲပျက်စီးခဲ့ ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ပုသိမ် ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ ''မနေ့ညကမိုးမရွာခင် လေအ ရမ်းတိုက်ခဲ့တယ်။ အဲဒီလေပြင်းကြောင့် ဇီးအုပ်ကွက်သစ်က နေအိမ် ၁ဝဝ ကျော်လောက် ပြိုလဲသွားတယ်။ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ ချက်ချင်းသွားပြီး ကူညီကယ် ဆယ်ရေးတွေလုပ်ပေးခဲ့တယ်။ ဒဏ် ရာရတဲ့သူတွေကိုလည်း လူမှုကူ ညီရေးအသင်းတွေနဲ့ ဆေးရုံကြီး ပို့ပေးခဲ့တယ်။တစ်ယောက်ကတော့ ရတဲ့ဒဏ်ရာနဲ့သေဆုံးသွားတယ်'' ဟု ပုသိမ်ကြီးမြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

လေပြင်းဒဏ်ကြောင့် မြို့မြေ သိမ်းကျုးကွက်သစ် ဧရိယာအတွင်းဖြစ်သည့် ရွှေမန်းလမ်းနှင့် ၄၅လမ်း၊ ၄၆လမ်းနှင့်၄၇လမ်းကြား ရှိ ဒေါ်သန်းဝင်းဌေး၏ ထရံကာ၊သွပ်မိုးနှစ်နေထပ်အိမ်မှာပြိုလဲသွားခဲ့ပြီး ဒေါ်ဝင်းကြည်၊ ကိုလတ်၊ ဒေါ်ခင်အုန်းမြင့်နှင့် ဒေါ်သန်းတို့ ၏အိမ်များအပြင် အခြားလူနေအိမ် များမှာ အမိုးအကာများလွင့်ပါပြိုလဲ ခြင်းယိမ်းယိုင်ခြင်းများဖြစ်ပေါ်ခဲ့သည်။ နေအိမ်များပြိုလဲ ပျက်စီးသွား သဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ် ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ လာရောက်၍ ယာယီတဲနေအိမ် များဆောင်ရွက်ပေးခဲ့ကြသည်။


''မနေ့ညက လေအရမ်းတိုက် တယ်။ ပထမတော့ အနည်းငယ် လောက်တိုက်တယ်ပဲထင်တာ။ ကွင်း ပြင်ဖြစ်နေတော့ လေကအရမ်းကြမ်း လာတယ်။ နေအိမ်အမိုးတွေလန် သွားတယ်။ ချက်ချင်းပဲ မိသားစု တွေကို အန္တရာယ်မဖြစ်အောင် တစ်နေရာပို့ထားခဲ့ရတယ်''ဟု ဇီး အုပ်ကွက်သစ်တွင်နေထိုင်သူ တစ် ဦးက ပြောကြားသည်။ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁ဝဝကျော်ပြိုလဲပျက်စီးခဲ့ ပြီး အိမ်ပြိုလဲမှုကြောင့် ဒေါ်သန်းဝင်း ဌေးမှာ ထိခိုက်ဒဏ်ရာများ (စိုးရိမ် ရ)၊ ဒေါ်ဝင်းကြည်၊ကိုလတ်၊ ဒေါ် သန်း၊ ဒေါ်ခင်အုန်းမြင့်တို့တွင် ထိ ခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိသ ဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ဆေးဝါးကုသမှုခံယူ နိုင်ရန် ပို့ဆောင်ခဲ့ပြီး ဒေါ်သန်းဝင်း ဌေးမှာရရှိသောဒဏ်ရာများဖြင့် ဆေး ရုံကြီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်

MTK

#democracytoday

Rate this item
(0 votes)
back to top