HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကျုံးပတ်လည် လမ်းများတွင် မော်တော်ယာဉ်ဖြင့် ထီရောင်းချခွင့် လိုင်စင်မရှိဘဲရောင်းပါက ဒဏ်ငွေဆောင်ရမည်  

ကျုံးပတ်လည် လမ်းများတွင် မော်တော်ယာဉ်ဖြင့် ထီရောင်းချခွင့် လိုင်စင်မရှိဘဲရောင်းပါက ဒဏ်ငွေဆောင်ရမည်   

မန္တလေး၊ ဇွန် ၎

မန္တလေးမြို့၏အဓိကပုံရိပ်ဖြစ်သော ကျုံးပတ်လည်အပါအဝင် မြို့တွင်းနေရာများတွင် မော်တော်ယာဉ်ဖြင့် အောင်ဘာ လေထီရောင်းချလိုသည့် ယာဉ်ပိုင်ရှင်များအတွက် ရောင်းချခွင့်လိုင် စင်များကို သတ်မှတ်စည်းကမ်းချက် များနှင့်အညီထုတ်ပေးလျက်ရှိရာ လိုင်စင်မရှိဘဲ ရောင်းချသူများကို ဇွန်လနောက်ဆုံးပတ်မှ စတင်ဖမ်းဆီး ၍ ဒဏ်ငွေရိုက်အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရသည်။

''ကျုံးအရှေ့ဘက်ခြမ်းက ပလက်ဖောင်းကို ဖွင့်လှစ်ပြီးနောက်မှာ ညနေပိုင်းနဲ့ညဦးပိုင်းတွေဆိုရင် ကျုံးပတ်လည်မှာ မိသားစုလိုက်လာရောက် အပန်းဖြေသူတွေ၊ လေညင်းခံထွက်သူတွေနဲ့ လမ်းလျှောက်သူတွေ များပြားစည်ကားလာတဲ့အတွက် ထီရောင်းသူတွေရဲ့ဈေးကွက် တစ်နေရာလိုဖြစ်လာတယ်။ အရင်တုန်းကလည်း မြို့တွင်းလူစည် ကားရာနေရာတွေမှာ ယာဉ်တွေနဲ့ လှည့်လည်ရောင်းချတဲ့ထီသည် တွေရှိပေမယ့် တရားဝင်ခွင့်ပြုခဲ့တာမျိုးတော့မရှိခဲ့ဘဲ အခုအခါမှာတော့ ယာဉ်ပိုင်ရှင်တွေရဲ့တောင်းဆိုမှုကြောင့်ရယ်၊ ရောင်းချတဲ့အခါ မှာ မြို့အင်္ဂါရပ်နဲ့ စနစ်တကျလေး ဖြစ်စေဖို့ရယ်ကြောင့် ထီရောင်းချခွင့်လိုင်စင်တွေကို အခုလဆန်းပိုင်းကနေ စတင်ပြီးထုတ်ပေးနေတာပါ။ ရောင်းချလိုတဲ့နေရာငါး နေရာကို ဖော်ပြလျှောက်ထားရမှာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုရှိနိုင်တဲ့နေရာမျိုးဆိုရင်တော့ ခွင့်ပြု ပေးမှာမဟုတ်ပါဘူး''ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော် မတီ၊ အခွန်ဌာနမှူးဦးသက်နိုင်က ဇွန် ၄ ရက်တွင် ဒီမိုကရေစီတူဒေး သို့ပြောကြားသည်။


ကျုံးအရှေ့ဘက် (၆၆ လမ်း ပေါ်၊ ၂၆လမ်းမှ ၁၂ လမ်းအတွင်း)၊ ကျုံးမြောက်ဘက်(၁၂ လမ်းပေါ်၊ လမ်း ၈ဝ မှ ၆၆ လမ်းအတွင်း)နှင့် ကျုံးအနောက်ဘက် (လမ်း၈ဝပေါ်၊ ၂၆ လမ်းမှ ၁၂ လမ်းအတွင်း)တို့တွင် လမကုန်မီငါးရက်အတွင်း၌ ည ၇ နာရီမှ ည ၁၁ နာရီအတွင်း သာ လစဉ်တိုင်းလာရောက်ရောင်း ချခွင့် ပြုမည်ဖြစ်ပြီး ထီရောင်းချခွင့် လိုင်စင်ကို ဘKSAဏ္ဍာရေးနှစ်အလိုက် တစ်နှစ်တာအတွက် ချထားပေးမည် ဖြစ်၍ ပေးသွင်းရမည်ဖြစ်သည်။ ထီရောင်းချခွင့် လိုင်စင်နှုန်း ထားများမှာ နှစ်တန်နှင့်အောက်ကားလတ်တစ်စီးလျှင် ကျပ်နှစ်သိန်း၊ တစ်တန်အထိကားငယ် တစ်စီးလျှင် ကျပ်တစ်သိန်းခွဲ၊ သုံးဘီးဆိုင်ကယ် နှင့် လက်တွန်းလှည်းတစ်စီးလျှင် ကျပ်တစ်သိန်းဖြစ်ပြီး လိုင်စင်မရှိဘဲ ရောင်းချသူများကို စစ်ဆေးတွေ့ရှိ ပါက ဒဏ်ငွေကျပ်ငါးသောင်းတပ် ရိုက်အရေးယူမည်ဖြစ်သည်။ 

KSA

#democracytoday

Rate this item
(0 votes)
back to top