HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းသည် အကျင့်ဖောက်ပြန်မှုနှင့် ဖြောင့်မတ် တည်ကြည်မှုတို့အကြား ပြိုင်ပွဲတစ်ခုလိုဖြစ်နေ ဟုဆို

အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းသည် အကျင့်ဖောက်ပြန်မှုနှင့် ဖြောင့်မတ် တည်ကြည်မှုတို့အကြား ပြိုင်ပွဲတစ်ခုလိုဖြစ်နေ ဟုဆို

ရန်ကုန်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းဆိုသည်မှာ အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့အကြားတွင် အချိန်ကာလအလွန်ရှည်ကြာစွာ ယှဉ်ပြိုင်နေရသည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။ ဥက္ကဋ္ဌအနေဖြင့် 'ဖြောင့်မတ်တည်ကြည် မှု'လူငယ်စခန်း ၂ဝ၁၉ 2019 Youth Integrity Camp 2019 အခမ်းအနားတွင် ထိုကဲ့သို့ပြော ခြင်းဖြစ်သည်။

''အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းဆိုသည်မှာ အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှုနှင့် ဖြောင့်မတ်တည်ကြည် မှုတို့အကြားမှာ အချိန်ကာလအလွန်ရှည်ကြာစွာ ယှဉ်ပြိုင်နေရသည့်ပြိုင်ပွဲတစ်ခုလိုဖြစ်ပါတယ်။ နောက်မျိုးဆက်တွေရဲ့ကာလမှာ အကျင့် ဖောက်ပြန်မှုအပေါ် ဖြောင့်မတ်တည်ကြည်မှု ဘက်က အသေအချာအနိုင်ရရှိအောင် လုပ်နိုင်ဖို့က နိုင်ငံတော်အတွက် အရေးကြီးပါတယ်။ အလွှာအသီးသီးရှိလူငယ်တွေက လူ့အဖွဲ့အစည်းအတွင်းသို့ ဖြောင့်မတ်တည်ကြည်တဲ့ ယဉ် ကျေးမှုတစ်ရပ် ပေါ်ထွန်းလာအောင် ပြုပြင် ပြောင်းလဲပေးနိုင်တဲ့ အခြေခံအရည်အချင်း တွေရှိနေတဲ့အတွက် ၎င်းင်းတို့ရဲ့စွမ်းဆောင်ရည် တွေကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်''ဟု ၎င်းင်း ကဆိုသည်။


ကမ္ဘာပေါ်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အင်တိုက်အားတိုက်ဆောင်ရွက် နေသော ဒီမိုကရေစီနိုင်ငံများတွင် ဆောင်ရွက်ရန် အရေးကြီးလုပ်ငန်းများ အများအပြား ရှိနေသည့်ကြားက လူငယ်များ၏ အဂတိတိုက် ဖျက်မှုအစီအစဉ်များနှင့် ဖြောင့်မတ်တည်ကြည် မှုဆိုင်ရာ လူငယ်လှုပ်ရှားမှုများကို အားပေး လျက်ရှိကြောင်း သိရသည်။ ''အမေရိကန်နိုင်ငံမှ ကျောင်းသားလူငယ် များအားလုံးသည် ဖြောင့်မတ်တည်ကြည်မှု ရှိရန်နှင့် အမှန်တရားအတွက် သဘောထားများကို မဖြစ်မနေသင်ယူရပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက အစိုးရမှသာ တာဝန်ရှိတာမဟုတ်ဘဲ လူ့အသိုင်းအဝိုင်းများမှာလဲ တာဝန်ရှိပါတယ်။ ရံဖန်ရံခါတွင် အဂတိလိုက်စားဖို့ ဆွဲဆောင်မှုကို ဂုဏ်သိက္ခာဖြင့် ပြန်လည် တိုက်ဖျက်ရမှာဖြစ်ပါတယ်။ နိုင်ငံသားတိုင်း ရဲ့ အမြင့်ဆုံးစံနှုန်းများ ကျင့်သုံးပြီး အမြဲတမ်း ကြိုးစားနေရမှာဖြစ်ပါတယ်''ဟု အမေရိကန် သံရုံးမှ သံအမတ်ကြီး H.E.Mr.Scot Marciel က ပြောသည်။


'ဖြောင့်မတ်တည်ကြည်မှု' လူငယ်စခန်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် လူငယ်ထုပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များအကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ယခုပညာပေးလုပ်ငန်းများအပြင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit-CPU အား ဖွဲ့စည်းထားရှိပြီး နိုင်ငံဝန်ထမ်းဥပဒေ၊ နည်း ဥပဒေဖြင့် ဌာနဆိုင်ရာအရေးယူခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top