အလွန်အမင်း အိပ်ခြင်းက မှတ်ဉာဏ်ကို ထိခိုက်စေနိုင်သည် ဟုဆို

လန်ဒန်
အလွန်အမင်းအိပ်ခြင်းက မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ခုတွင် တွေ့ခဲ့ရသည်။ ယင်းလေ့လာမှုကို လန်ဒန်တက္ကသိုလ် ကောလိပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တစ်နေ့လျှင် ၉ နာရီကျော် အိပ်စက်ခြင်းက ဦးနှောက် မှတ်ဉာဏ်နှင့် တုံ့ပြန်မှုများကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်ဟု တွေ့ခဲ့ရသည်။ International Journal of Epidemiology ၌ ဖော်ပြ ခဲ့သော ထိုလေ့လာမှုကို အင်္ဂလန်နိုင်ငံရှိ အသက် ၄ဝ မှ ၆၉ နှစ်အရွယ် လူ ၄ဝဝဝဝဝ ကျော်ကို အခြေခံကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လေ့လာမှု အရ တစ်နေ့ ၅ နာရီအိပ်သူများဟာ အိပ်ချိန် နည်းပါးခြင်းကြောင့် စမ်းသပ်မှုများမှာ ၅ ရာခိုင်နှုန်း မှားယွင်းခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးတစ်နေ့ ၉ နာရီနဲ့အထက်အိပ်စက်သူများမှာ စမ်းသပ် မှုများ၏ ၉ ရာခိုင်နှုန်းအထိ မှားယွင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။
အိပ်စက်ချိန် အလွန်အမင်းများပြားနေ ခြင်းမှာ စမ်းသပ်မှုတွေအတွင်း မှတ်မိနိုင်စွမ်းနှင့် တုံ့ပြန်မှုဆိုင်ရာစွမ်းဆောင်ရည်ကို လျော့ကျစေနိုင်သည်ကို တွေ့ခဲ့ရသည်ဟု လေ့လာသူ များကပြောပြီး ၎င်းင်းနှစ်ခုအကြား သိသာထင်ရှား သည့်ဆက်စပ်မှုသက်သေကို ဖော်ထုတ်နိုင် ခြင်းမရှိသေးကြောင်းလည်း အသိပေးခဲ့သည်။
''ကျွန်တော်တို့ရဲ့ လေ့လာမှုက အရမ်းအိပ်ခြင်း ဒါမှမဟုတ် အိပ်စက်ချိန် နည်းပါးခြင်း နှစ်ခုစလုံးက ဦးနှောက်မှတ်ဉာဏ်နဲ့ တုံ့ပြန် နိုင်မှုစွမ်းရည်အပေါ် ထိခိုက်စေတာကို မြင် တွေ့ခဲ့ရပါတယ်''ဟုလည်း ဒီလေ့လာမှုကို ဦး ဆောင်ပြုလုပ်ခဲ့သည့် သုတေသီ အဲဘတ်ဟင် နရီက ပြောသည်။ လေ့လာမှုမှာ အခုလိုတွေ့ ရှိ ခဲ့ရပေမယ့် အင်္ဂလန်အမျိုးသားအိပ်စက်ခြင်း ဆိုင်ရာဖောင်ဒေးရှင်းကလည်း အရွယ်ရောက် ပြီသူများအနေဖြင့် တစ်နေ့လျှင် အနည်းဆုံး ၇ နာရီမှ ၉ နာရီအတွင်း အိပ်စက်ရန် လိုအပ် သည်ဟု ဆိုသည်။
Ref: Yahoo News
#theyangontimes
Latest from M Bwe
- ပါပူဝါနယူးဂီနီ နိုင်ငံတွင် မီးတောင်ပေါက်ကွဲ လူထောင်နှင့်ချီ ထွက်ပြေးခဲ့ရ
- မာဒါဂါစကာနိုင်ငံရှိ အားကစားကွင်းတွင် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနေချိန် လူတိုးဝှေ့မှုကြောင့် ၁၆ ဦးသေဆုံး
- အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ကြုံခဲ့ရကြောင်း ဗင်နီဇွဲလား အစိုးရပြော
- ထိုင်းနိုင်ငံတွင် 5G ကွန်ရက် စတင်အသုံးပြုတော့မည်
- ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလာမည့် ရက်သတ္တပတ်အတွင်း အီရန်သို့ သွားရောက်မည်