HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဆေးလိပ်သောက်ခြင်းကြောင့် ဂရိနိုင်ငံတွင် နှစ်စဉ် လူ ၁၅ဝဝဝ ကျော် သေဆုံး  

ဆေးလိပ်သောက်ခြင်းကြောင့် ဂရိနိုင်ငံတွင် နှစ်စဉ် လူ ၁၅ဝဝဝ ကျော် သေဆုံး   

အေသင်

ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ်နေ သောရောဂါများကြောင့် နှစ်စဉ် ဂရိလူမျိုး ၁၅ဝဝဝ ကျော် သေဆုံးနေရကာ ထိုသူများသည် ဆေးလိပ်ဝယ်ယူရန်အတွက် နှစ်စဉ် ယူရို ၂၅ သန်းမှ သန်း ၃ဝ အထိ အသုံးပြုနေကြသည်ဟု မကြာသေးခင်က ထုတ်ပြန်ကြေညာ ခဲ့သောလေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ထိတ်လန့်ဖွယ်ကိန်းဂဏန်း အချက်အလက်ကို တရီကာလာမြို့မှာ ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းင်းမြို့မှာ ဂရိနိုင်ငံ အတွင်းရှိ ပထမဆုံးသော ဆေးလိပ်ကင်းစင်မြို့လည်းဖြစ်သည်။ ဂရိနိုင်ငံတွင်းရှိ အရွယ်ရောက် ပြီးသူ ၃၇ ရာခိုင်နှုန်း ဆေးလိပ်သောက်ကြပြီး ဂရိအမျိုးသမီးများသည် ကမ္ဘာပေါ်၌ ဆေးလိပ် အသောက်ဆုံးအမျိုးသမီးများစာရင်းတွင် ဆက်ရှိနေဆဲဖြစ်ကာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာပင် ဆေးလိပ်သောက်လေ့ရှိသူများဖြစ်သည်ဟုလည်း လေ့လာမှုတွင် ဖော်ပြထားသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၆ ရာခိုင်နှုန်းမှာ ကိုယ်ဝန်အစောပိုင်းကာလများတွင် ဆေးလိပ် သောက်ခဲ့သည်ဟု ဝန်ခံထားကြပြီး ၁၉ ရာခိုင်နှုန်းသာ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်နိုင်ခဲ့သည်။ သို့သော် ထိုအမျိုးသမီးများမှ အများစုသည်လည်း မီးဖွားပြီးချိန်နှင့် နို့တိုက်ချိန်များ တွင် ဆေးလိပ်ကို ပြန်လည်သောက်သုံးကြ သည်ဟု သိရသည်။


ယင်းကြောင့် အားလုံးခြုံကြည့်မည်ဆိုလျှင် အသက် ၁၈ နှစ်မှ ၃၄ နှစ်အတွင်းရှိ ဂရိအမျိုးသမီးများမှ ၃၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် အသက် ၃၅ နှစ်မှ ၅၄ နှစ်အရွယ်အမျိုးသမီးများမှ ၅၁ ဒသမ ၂ ရာခိုင်နှုန်း ဆေးလိပ်သောက်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သို့သော် မကြာ သေးခင်နှစ်များအတွင်း ဂရိနိုင်ငံသားများ ဆေးလိပ်သောက်နှုန်း သိသိသာသာ ကျဆင်းလာသည်ကို တွေ့ခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံအတွင်းရှိမြို့ကြီးများမှ ဆေးလိပ်ဖြတ်ရေးအထောက်အကူပြုဆေးခန်းများကြောင့်ဖြစ်သည်။ ကျွမ်းကျင်ဝန်ထမ်းများ၊ ပညာရှင်များ ရှိခြင်းကြောင့် ဂရိနိုင်ငံတွင်းရှိ ဆေးလိပ်ဖြတ် အထောက်အကူပြုဆေးခန်းများသည် ဥရောပ တွင် အောင်မြင်မှုအကောင်းဆုံးဆေးခန်းများ အဖြစ် သတ်မှတ်ခံထားရသည်ဟုလည်း သတင်း တွင် ဖော်ပြထားသည်။

Ref: Xinhua

#theyangontimes

Rate this item
(0 votes)
back to top