HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တစ်နေ့လျှင် ခြေလှမ်းပေါင်း ၇၅ဝဝ လမ်းလျှောက်သည့် သက်ကြီးရွယ်အို အမျိုးသမီးများ သေဆုံးနိုင်ခြေ နည်းပါး  

တစ်နေ့လျှင် ခြေလှမ်းပေါင်း  ၇၅ဝဝ လမ်းလျှောက်သည့်  သက်ကြီးရွယ်အို အမျိုးသမီးများ သေဆုံးနိုင်ခြေ နည်းပါး   

ဝါရှင်တန်

တစ်နေ့လျှင် ခြေလှမ်း ၇၅ဝဝ လမ်း လျှောက်သော အမျိုးသမီးကြီးများက သာမန်သူများထက် သေဆုံးနိုင်ခြေ နည်းပါးသည်ဟု လေ့လာမှုတစ်ခုတွင် တွေ့ခဲ့ရသည်။ ထိုလေ့လာမှုက တစ်နေ့လျှင် ခြေလှမ်း ၁ဝဝဝဝ လမ်း လျှောက်ရမည်ဟု သတ်မှတ်ထားသည့် ဝတ် ဆင်နိုင်သည့်ကိရိယာများနှင့် ဖုန်းအက်ပလီ ကေးရှင်းများပါ သတ်မှတ်ချက်ထက် လျော့ နည်းနေသည်။

ထိုလေ့လာမှုကို JAMA ဆေးဘက်ဆိုင်ရာ ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ နေ့စဉ် ခြေလှမ်း ၄၄ဝဝ လမ်းလျှောက်သော အမျိုးသမီးကြီးများသည် လမ်းမလျှောက်သူများထက် ပို၍သေဆုံးနိုင်သူ နည်းပါးသည်နှင့် လမ်းများ များလျှောက်လေလေ သေဆုံးနိုင်သည့်အခွင့် အလမ်းနည်းပါးလေဆိုသည်ကိုလည်း လေ့လာမှုတွင် တွေ့ခဲ့ရသည်။ လေ့လာမှုကို ဘရင်ဂန် တက္ကသိုလ်နှင့် အမျိုးသမီးဆေးရုံတို့မှ သုတေသီများက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပျမ်းမျှ အသက် ၇၂ နှစ်ရှိသော အမျိုးသမီးပေါင်း ၁၆ဝဝဝ ကို လေးနှစ်ကြာစောင့်ကြည့်ပြီး ရရှိလာသောအ ချက်အလက်များကို အခြေခံခဲ့သည်။


လေ့လာမှုအရ အမျိုးသမီး ၁၆ဝဝဝ မှ ၂၅ ရာခိုင်နှုန်းမှာ တစ်နေ့လျှင် ခြေလှမ်း ၂၇ဝဝ အောက်သာ လမ်းလျှောက်သူများဖြစ်ပြီး ထိုသူများသည် သေဆုံးရန် ရာခိုင်နှုန်း အများဆုံးသူ များဖြစ်ကာ ယင်းတို့မှ ၂၇၅ ဦးသည် လေ့လာ မှုအတွင်း သေဆုံးခဲ့သည်။ တစ်နေ့လျှင် ခြေလှမ်း ၄၄ဝဝ လမ်းလျှောက်သူများသည် မလျှောက်သူ များထက် သေဆုံးနိုင်ခြေ ၄၁ ရာခိုင်နှုန်း နည်း ပါးသည်ကိုလည်း တွေ့ခဲ့ရသည်။

 

လမ်းလျှောက် ခြင်းက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေခြင်းဖြစ်ပြီး နှေးနှေးလျှောက်ခြင်း၊ မြန် မြန်လျှောက်ခြင်းက ကျန်းမာရေးအပေါ် သက် ရောက်မှုနည်းပါးသည်ကိုလည်း လေ့လာမှုတွင် တွေ့ခဲ့ရသည်။ လေ့လာမှုပါအချက်အလက်များကို တရားသေမပြောဆိုနိုင်သော်လည်း လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်ခြင်းတို့အကြား ကြီးမားစွာပတ်သက် ဆက်နွှယ်မှုရှိနေသည်ကိုတော့ အတည်ပြုနိုင် ကြောင်းလည်း လေ့လာမှုကို ပြုလုပ်ခဲ့သည့် သုတေသီများက ပြောသည်။ 

Ref: Xinhua

#theyangontimes

Rate this item
(0 votes)
back to top