HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

စွန့်ပစ် အမှိုက်အချို့ပြန်သုံးပြီး နောက်ဖေးလမ်းကြား ဥယျာဉ်အဖြစ် ဖန်တီး အလှဆင်သင့်ဟုဆို  

စွန့်ပစ် အမှိုက်အချို့ပြန်သုံးပြီး နောက်ဖေးလမ်းကြား ဥယျာဉ်အဖြစ် ဖန်တီး အလှဆင်သင့်ဟုဆို   

ရန်ကုန်

နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့အမှိုက်ပစ် ခြင်းသည် လေထုကိုညစ်ညမ်းစေ နိုင်ကြောင်းနှင့် စွန့်ပစ်အမှိုက်အချို့ကို Recycle  ပြန်လည်အသုံးပြု၍ နောက်ဖေးလမ်းကြား ဥယျာဉ်အဖြစ် ဖန်တီးအလှဆင်အသုံးပြုသင့်ကြောင်း သိရသည်။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဒို့အိမ်မှကြီးမှူးပြီး ၃၅လမ်း နှင့် ဘားလမ်းကြား၊ နောက်ဖေး လမ်းကြားဥယျာဉ်တွင် ပြုလုပ်ခဲ့သည့်ပြပွဲတွင် တာဝန်ရှိသူတစ်ဦးက ယင်းကဲ့သို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

''မြို့နယ်နှစ်ခုမှာရှိတဲ့သူတွေ ညီမတို့နဲ့အတူတူ လုပ်ဖူးတဲ့ ပြည်သူ တွေကို ပိုင်းလော့ကောက်ကြည့်တယ်။ သူတို့ဆီက သိလာတာတွေ ကို နောက်ထပ်ပရောဂျက်မှာ ဘာဆက်လုပ်ရမလဲ သိလာတာပေါ့။ အဲဒီ ကုတ်လေးတွေကို ဒီမှာ Exibition  ပြထားတာပေါ့။ ဒီနေ့က Building Markets အဖွဲ့အစည်းနဲ့ Coca Cola  ဖောင်ဒေးရှင်းတို့က ကူညီထောက်ပံ့တယ်။ ပြီးတော ဒို့အိမ်က ဒီပရောဂျက်ကို ဦးဆောင် ပြီးတော့ လုပ်ပေးတယ်။ လွန်ခဲ့တဲ့ နှစ်လကလုပ်ထားတဲ့ Result တွေ ကို ပြပွဲလေးတစ်ခု လုပ်ချင်တယ်။ ပြည်သူတွေကို အသိပညာပေးချင် တယ်ဆိုပြီးတော့ လုပ်ဖြစ်တယ်။ ဘယ်နေ့ကိုလုပ်ရင်ကောင်းမလဲ ဆိုတော့ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ပေါ့။

ဒီနေ့ကိုရွေးချယ်လိုက်တာပါ။ ဒီနှစ်ကိုကျတော့ လေထုညစ်ညမ်းမှုကို အလေးပေးထားတော့။ အမှိုက်တွေ နဲ့လေထုညစ်ညမ်းမှုက ဆက်စပ် နေတယ်။ ဒီအခါကျတော့ Recycle  ဖြစ်လား၊ မဖြစ်လား ပြသထား တယ်။ အကုန်လုံးက သံသရာလည် ဆက်စပ်နေတယ်။ ညစ်ပတ်မယ်။ညစ်ပတ်ရင် အနံ့အသက်မကောင်း ဘူး။ အနံ့အသက်မကောင်းရင် ကျန်းမာရေး ထိခိုက်စေမယ်။ ပြီး တော့ အမှိုက်တွေက Recycle လုပ်လို့ရတာနဲ့ မရတာ ခွဲမပစ်ရင် အမှိုက်ပုံက အရမ်းကိုထူပြီးတော့ တောင်ကြီးတွေ ဖြစ်လာမယ်။ အဲဒီ တော့ Recycle လုပ်လို့ရတဲ့ ပလတ် စတစ် ရေသန့်ဘူးတို့ခွဲပစ်မယ်။ကော်စေ့တွေ အခြားသောပစ္စည်း ပြန်လုပ်မယ်။ သံဘူးတွေဆိုရင်လည်း အရည်ပြန်ကျိုပြီးသုံးနိုင်တယ်။ ဖောက်တဲ့အတံလေးတွေဆိုရင် ခြေတုတွေကို လုပ်လို့ရတယ်။ ဘယ် ဟာကျွနခပခူန ပြန်လုပ်လို့ရ တယ်။ ဘယ်ဟာပြန်လုပ်လို့မရဘူး ဆိုတာက အသိပညာပေးချင်လို့ ဒီပြပွဲကိုလုပ်ဖြစ်တာ ဖြစ်ပါတယ်''ဟု ဒို့အိမ်မှ Even  Organizer ယွန်းအိကျော်က ပြောသည်။


''စွန့်ပစ်ပစ္စည်းများပြန်လည် အသုံးပြုသောနယ်ပယ်မှ ချန်ပီယံ များ'' ခေါင်းစဉ်ဖြင့် ပြပွဲပြသခဲ့ပြီး ပြပွဲတွင် Recycle လုပ်၍ ရသည့် ပစ္စည်းများကို ပြန်သုံးကာ အလှ ဆင်ထားပြီး အများပြည်သူသိရှိ နိုင်ရန် မျှဝေရှင်းလင်းပြောကြား ကြောင်း သိရသည်။  '' ဒီလမ်းကြားရဲ့ ခေါင်းစဉ်က အမှိုက်ကင်းစင်လမ်းကြားဖြစ်ပြီး တော့ ကျောက်တံတားမြို့နယ် လွှတ်တော်အမတ်မကြည်ပြာပေါ့။ သူက  Recycle လုပ်လို့ရတာ၊ Upcycle  ပြန်လုပ်လို့ရတာတွေ ပြန်လုပ်ချင်တယ်လို့ ပြောထားလို့ ညီမတို့ကြိုးစားပြီးတော့ ပြန်လုပ် ပေးထားတာတွေရှိပါတယ်။ ဒီမှာ ပန်းပင်တွေ ချိတ်တာဆိုရင် Coca Cola  ဘူးခွံဟောင်းတွေကို ပြန်သုံး ပြီးတော့ သစ်ပင်တွေစိုက်ပေးထား တာတွေရှိပါတယ်။ ကားတာရာ တွေကို ဒန်းအဖြစ်ပြန်သုံးထားတာ တွေရှိပါတယ်။ အခုအလှဆင်ထား တဲ့ ပလတ်စတစ်ဘူးလေးတွေဆိုရင် Recycle  ပြန်လုပ်လို့ရတာတွေကို ပြန်သုံးပြီးတော့ အမှိုက်ကနေ ရွှေ ဆိုပြီးတော့ ပြန်လုပ်ထားတာပါ။ ဒါတွေကိုအများပြည်သူသိရှိအောင် ပြောပြသွားမှာ ဖြစ်ပါတယ်''ဟု ¤င်းကဆက်လက်ပြောသည်။


ဆွေးမြည့်လွယ်သည့် ပစ္စည်း များကိုသုံးခြင်း၊ စွန့်ပစ်ပစ္စည်း အချို့ကိုပြန်သုံးခြင်းဖြင့် လက်ရှိရန်ကုန် မြို့တွင် ကြုံတွေ့နေရသည့်အမှိုက် ပြဿနာကို လျှော့ချနိုင်မည်ဖြစ် ကြောင်းသိရသည်။ ''ဒီမှာအလှဆင်ထားတဲ့နေရာ မှာ ပလတ်စတစ်ဘူးတွေပါမယ်။သံဘူးတွေပါမယ်။ သုံးထားတဲ့ကြိုး တွေကျတော့ ဂုန်နီအိတ်ကြိုးတွေ ပြန်သုံးထားတယ်။ ဆွေးမြည့်လွယ် တဲ့ပစ္စည်းအနေနဲ့ ပြန်သုံးတယ်။ Recycle  ပြန်လုပ်လို့ရတဲ့ဟာတွေ ပြန်သုံးခြင်းဖြင့် အမှိုက်ကြောင့် ဖြစ်ပေါ်နေတဲ့ပြဿနာကို လျှော့ချ သွားနိုင်မှာပေါ့''ဟု ဒို့အိမ် ပြန် ကြားရေးတာဝန်ခံ အေးမြတ်သူက ပြောပြသည်။


နောက်ဖေးလမ်းကြား ဥယျာဉ်တွင် သစ်ပင်ပန်းပင်များ၊ ဒန်းများ၊ လျှောများ၊ ထိုင်ခုံများ၊ ပန်းချီပုံများဖြင့် ပန်းခြံလေးသဖွယ်ဖွင့်လှစ်ထားကာ လူကြီးများအပန်းဖြေနိုင်သလို ကလေးငယ်များလည်း လွတ်လပ်စွာကစားပျော်ရွှင်နိုင်ကြောင်းသိရသည်။  ဒို့အိမ်မှပြုပြင်အကောင်အထည်ဖော်ပေးထားသည့် နောက်ဖေး လမ်းကြား ဥယျာဉ်စုစုပေါင်းရှစ်ခုရှိပြီဖြစ်ကြောင်းနှင့် ဆက်လက်၍ ရပ်ကွက်နေပြည်သူများ၏ဆန္ဒအရ နောက်ဖေးလမ်းကြားဥယျာဉ်များ ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top