HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အလေးထားဖြေရှင်းရန် လိုအပ်နေသည်မှာ လေထုညစ်ညမ်းမှုပြဿနာဖြစ်

အလေးထားဖြေရှင်းရန် လိုအပ်နေသည်မှာ လေထုညစ်ညမ်းမှုပြဿနာဖြစ်

နေပြည်တော်

မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြား အလေးထားဖြေရှင်းရန် လိုအပ်နေသည်မှာ လေထုညစ်ညမ်းမှု ပြဿနာဖြစ်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြားလိုက်သည်။ ဇွန် ၅ ရက်က နေပြည်တော် တွင်ပြုလုပ်သည့် ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာ စကားပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

''မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအနေနဲ့ လက်ရှိရင်ဆိုင် ကြုံတွေ့နေရတဲ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုဆိုင်ရာ စိန်ခေါ်မှု ပြဿနာများထဲမှာ လေထု ညစ်ညမ်းမှုပြဿနာဟာ ဦးစားပေးအနေနဲ့ အရေးတကြီး အလေးထားဖြေရှင်း ဆောင်ရွက်သွားဖို့ လိုအပ်နေပြီဖြစ် ပါတယ်။ ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကိုဟင်းလင်းပြင်မှာ မီး ရှို့ဖျက်ဆီးခြင်းက လေထုကိုညစ် ညမ်းစေပြီး အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေရဲ့ ကျန်းမာရေး အပေါ်ထိခိုက်မှုကလည်း အန္တရာယ် ကြီးမားတဲ့အပြင် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့်အတွက် တား ဆီးကာကွယ်ထိန်းချုပ်မှုတွေကို ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတက ပြောကြား လိုက်သည်။


ကုလသမဂ္ဂပတ်ဝန်းကျင် အ စီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိ ချက်များအရ ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်ချက်ပြုတ်နိုင်ရန်အတွက် ထင်း၊ မီးသွေးနှင့် အခြားရုပ်ြ<ွကင်း လောင်စာများကို အသုံးပြုရာမှ အိမ်တွင်းနှင့်စက်ရုံ၊ အလုပ်ရုံအတွင်း လေထုညစ်ညမ်းမှုကြောင့် အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပြီး နှစ်စဉ်လူဦးရေ ၄ ဒသမ ၃ သန်းခန့်သေဆုံးနေရကြောင်း စက်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင် ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများမှအခိုး အငွေ့ထုတ်လုပ်မှုများ၊ တောမီး လောင်ကျွမ်းမှုများ၊သဲ၊ဖုန်မှုန့်များပါရှိသည့် မုန်တိုင်းတိုက်ခိုက်မှုများ ကြောင့် ပြင်ပလေထုညစ်ညမ်းမှု ဖြစ်စေပြီး နှစ်စဉ်လူဦးရေ ၃ ဒသမ ၇ သန်းခန့်သေဆုံးနေရ ကြောင်း သိရသည်။


ကိန်းဂဏန်းများအရ မြို့ပြ ဒေသများတွင် နေထိုင်သည့်လူဦး ရေထက်ဝက်ကျော်သာ သန့်ရှင်းသည့်လေကို ရှူရှိုက်ခွင့်ရကြောင်း၊ ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ် ချက်များအရ လေထုညစ်ညမ်းမှု ကြောင့် အချိန်မတိုင်ခင်သေဆုံးသူများအတွက် တစ်ကမ္ဘာလုံးအ တိုင်းအတာဖြင့် နှစ်စဉ်ကုန်ကျစ ရိတ်မှာ ၂ဝ၆ဝ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ထရီလီယံမှ ၂၅ ထရီလီယံအထိ ရှိလာနိုင်သည့်အတွက် မိမိတို့အသက်ရှင်နေထိုင် ရေးအတွက်သန့်ရှင်းသည့်လေကို ရှူရှိုက်ခွင့်ရရှိရန် အရေးကြီး ကြောင်း နိုင်ငံတော်သမ္မတမိန့် ခွန်းတွင် ထည့်သွင်းပြောကြားသွား သည်။ ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ ''သန့်ရှင်းသောလေကိုရှူရှိုက် နိုင်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက် စို့'' ဟူ၍ဖြစ်သည်။

MP

#democracytoday

Rate this item
(0 votes)
back to top