HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

လော့စ်အိန်ဂျလိစ် စီရင်စုတွင် အိမ်မဲ့ရာမဲ့ ခြေသလုံးအိမ်တိုင် သမားများ ၁၂ ရာခိုင်နှုန်း တိုးပွားလာနေ  

လော့စ်အိန်ဂျလိစ် စီရင်စုတွင် အိမ်မဲ့ရာမဲ့ ခြေသလုံးအိမ်တိုင် သမားများ ၁၂ ရာခိုင်နှုန်း တိုးပွားလာနေ   

လော့စ်အိန်ဂျလိစ်


အမေရိကန် လော့စ်အိန်ဂျလိစ် စီရင်စုတွင် အိုးအိမ်အခြေအနေမဲ့ သူများ ၅၉ဝဝဝ ဦးရှိနေကာ ယင်း သည် ယမန်နှစ်ကထက် ၁၂ ရာခိုင် နှုန်း ပိုမိုများပြားလာခြင်းဖြစ်သည်ဟု မြို့နယ်အိမ်မဲ့ယာမဲ့နေထိုင်သူများအား ထိန်းချုပ်ရေးဌာနအရာရှိ များက ဇွန် ၄ ရက်က ထုတ်ဖော် ပြောဆိုလိုက်သည်ဟု ဇွန် ၅ ရက် သတင်းများအရသိရှိရသည်။ အမေရိကန်နိုင်ငံတစ်ဝန်းလုံး၏ အိမ်မဲ့ယာမဲ့ခြေသလုံးအိမ်တိုင်အများစုမှာ လော့စ်အိန်ဂျလိစ်တွင်သာ တွေ့ရ သည်ဟုလည်း ထုတ်ဖော်ပြောကြား လိုက်သည်။ အိုးအိမ်မဲ့များသည် ပန်းခြံများ၊ တံတားအောက်များ၊ အဆောက်အအုံ အမိုးအဖီများ အောက်တွင် တစ်ယောက်စနှစ် ယောက်စ လာရောက်နေထိုင်ကြရာမှ ကျူးကျော်များအဖြစ် ဦးရေ တိုးပွားလာခြင်းဖြစ်သည်။

အိုးအိမ်မဲ့နေထိုင်သူများကို ထိန်းချုပ်ရေးဌာန၏ အကူအညီ ပေးမှုဖြင့် ၂ဝ၁၈ ခုနှစ်အတွင်းက ၂၁၆၃၁ ဦးအိုးအိမ်နေရာအတည် တကျ ရရှိသွားကြပြီဖြစ်သည်။ ဆက်လက်၍လည်း ၎င်းင်းတို့ဝင်ငွေ အလျောက် နေထိုင်နိုင်ရန် အကူအညီပေးသွားမည်ဟု ၎င်းင်းကထုတ် ဖော်ပြောဆိုလိုက်သည်။


''အိမ်ခြေယာမဲ့များလျော့ပါး ရေး ကျွန်တော်တို့ဌာနက မဆောင်ရွက်ပေးနိုင်လို့ လမ်းတွေပေါ်မှာ အခြေအနေမဲ့တွေပွားလာပြီး ရာဇဝတ်မှုခင်းတွေ ထူပြောလာနိုင်ပါတယ်။ လမ်းတွေ၊ ရပ်ကွက်တွေမှာလည်း သူတို့စွန့်ပစ်တဲ့အမှိုက် တွေက တောင်လိုပုံလာပါလိမ့်မယ်'' ဟု အရာရှိတစ်ဦးဖြစ်သူ ဂျင်းနစ္စ ဟန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

Ref:AP

#democracytoday

Rate this item
(0 votes)
back to top