HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

M Bwe

M Bwe

Website URL:

ရက်များစွာ ကျင်းပနေရသည့် အိန္ဒိယရွေးကောက်ပွဲ နောက်ဆုံးရက် ကျင်းပ

ကိုးလ်ကတ္တား၊ မေ ၁၉

အိန္ဒိယနိုင်ငံရွေးကောက်ပွဲ တွင် လက်ရှိအာဏာရပါတီ ဝန် ကြီးချုပ် နာရန္ဒရာမိုဒီ၏ ဟိန္ဒူအ မျိုးသားရေးပါတီသည် အနိုင်ရနိုင် ဖွယ်ရှိနေသည်ဟု မေ ၁၉ ရက် သတင်းများအရ သိရှိရသည်။ ဝန်ကြီးချုပ် မိုဒီ၏မဲဆန္ဒနယ်ဖြစ်သော ဗာရာဏသီတွင်လည်း မဲပေးသူအများအပြား လာရောက်ဆန္ဒပြုမဲပေးခဲ့ကြသည်ကို တွေ့ ရှိရသည်။

Read more...

ဘရာဇီးနိုင်ငံ အရက်ဘားတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ ၁၁ ဦးသေဆုံး

ရီယိုဒီဂျနေရိုး ၊ မေ ၂ဝ

ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်(Para) အတွင်းရှိ အရက်ဘားတစ်ခု၌ မေ ၁၉ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၁ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။ Belem မြို့ ရှိ အရက်ဘားတစ်ခုသို့  မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် သေနတ်သမား ၇ ဦးရောက်ရှိလာပြီး စတင်ပစ်ခတ်ခဲ့ကြောင်း ၊ ယင်းပစ်ခတ်မှုကြောင့် ဘားပိုင်ရှင် အပါအဝင် အမျိုးသမီး ၆ ဦး နှင့် အမျိုးသား ၅ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ သိရသည်။

Read more...

အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆု ၉ ဆု ရရှိ

ရန်ကုန် ၊ မေ ၁၉

၁၆ ကြိမ်မြောက် အရှေ့ တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲအား အိမ်ရှင် အဖြစ် မြန်မာနိုင်ငံ လက်ခံကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်ဆု ၉ ဆုဖြင့် အများဆုံး ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာနိုင်ငံသည် ရွှေတံဆိပ်ဆု ၉ ၊ ငွေတံဆိပ်ဆု ၉ ဆု နှင့် ကြေးတံဆိပ်ဆု ၁၀ ဆု စုစုပေါင်း ဆုတံဆိပ် ၂၈ ဆု ရရှိခဲ့ကြောင်းသိရသည်။ ပြိုင်ပွဲတွင် Men’s bodybuilding - ၈၀ ကီလိုတန်းတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော ခင်မောင်ကျော်က “နိုင်ငံတကာပွဲတွေမှာ ရွှေတံဆိပ်ရတာ ဒါက ပထမဆုံးအကြိမ်ပါ၊ ဒီပြိုင်ပွဲမှာဝင်ပြိုင်ဖို့ မတ်လမှာ လူရွေးပွဲလုပ်ပါတယ် အဲဒီလူရွေးပွဲကနေ ဒီမှာ ကျွန်တော် ကီလို၈၀တန်းမှာ ဝင်ပြိုင်ခွင့်ရခဲ့တာပါ။ အဲဒီအချိန်ကတည်းက အသည်းအသန်လေ့ကျင့်ခဲ့ရတာပါ။ ဆရာတွေကလည်း လိုအပ်ချက်တွေကို ထောက်ပြပြောပြပေးတယ်။ နောက်လည်း ပြိုင်ပွဲတွေအများကြီး ဝင်ပြိုင်ဦးမှာပါ။"ဟု ပြောကြားခဲ့သည်။

Read more...

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၂၀

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

Read more...

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၂၀

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

Read more...

မြောက်ကိုရီးယားကို ဒေါ်လာရှစ်သန်းဖိုး အကူအညီပေးရန် တောင်ကိုရီးယားဆုံးဖြတ်၊ ကေဆောင်းစက်မှုဇုန်သို့ စီးပွားရေးလုပ်ငန်းရှင်များကို လည်ပတ်ခွင့်ပြုမည်  

ဆိုးလ်၊ မေ ၁၈

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံတွင် အကူအညီပေးရေး ပရောဂျက်များအတွက် နိုင်ငံတကာအေ ဂျင်စီများသို့ ဒေါ်လာရှစ်သန်းလှူဒါန်းရန်နှင့် နှစ်နိုင်ငံဖက်စပ် စက်မှုဇုန်သို့ စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် အဖွဲ့တစ်ခု ကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း မေ ၁၇ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

Read more...

ပြည်သူများထံ လျှပ်စစ်ဓာတ်အားကို ဈေးသက်သာစွာ ရောင်းချနိုင်ရန် စွမ်းအင်မူဝါဒကို ပြန်လည်သုံးသပ်သင့် ဟုဆို

ရန်ကုန်၊ မေ ၁

-ပြည်သူများထံ ဓာတ်အားကို ဈေးသက်သက်သာ သာဖြင့် ရောင်းချနိုင်ရန် လျှပ်စစ် မူဝါဒကို ပြန်လည်သုံးသပ်သင့် ကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော် ကျော်ဦးက ပြောသည်။  မေ ၁၈ရက် Orchid ဟိုတယ် တွင်ပြုလုပ်သည့် မီးမှန်ဖို့ မီတာခ တိုးပေးသင့်သလား ခေါင်းစဉ်ဖြင့် ဒီဗွီဘီဒီဘိတ်တွင် ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။ ''လျှပ်စစ်ဓာတ်အားကို ဈေး ပေါပေါနဲ့ ရောင်းနိုင်အောင် ကျွန် တော်တို့ရဲ့စွမ်းအင်မူဝါဒကို ပြန်သုံး သပ်သင့်ပါတယ်''ဟု ၎င်းကဆက် လက်ပြောသည်။

Read more...

သြစတြေးလျ အထွေထွေရွေးကောက်ပွဲ ကျင်းပ၊ ကနဦးမဲရေတွက်မှုများအရ အတိုက်အခံပါတီ အနိုင်ရရှိနေ

ကင်ဘာရာ၊ မေ ၁၈

သြစတြေးလျနိုင်ငံတွင် မေ ၁၈ ရက်က ပြုလုပ်သော အထွေ ထွေရွေးကောက်ပွဲ ဆန္ဒမဲပေးပွဲ များတွင် အတိုက်အခံ သြစတြေး လျအလုပ်သမားပါတီသည် ကန ဦး မဲရေတွက်မှုများအရ အနိုင်ရ နိုင်နေသည်ဟု သတင်းများ အရသိရှိရသည်။ အတိုက်အခံအ လုပ်သမားပါတီက ၅၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်၏ Liberal National Party  က ၄၈ ဒသမ ၅ ရာခိုင်နှုန်း ရရှိနေသည်ဟု သိရှိရသည်။

Read more...

ထိန်းသိမ်းခံရွှေ့ပြောင်းခိုလှုံသူများကို တက္ကဆက်မှ စန်ဒီယာဂိုသို့ အသုတ်လိုက် သယ်ယူပို့ဆောင်ပေး

လော့အိန်ဂျလိစ်၊ မေ ၁၈

အမေရိကန်တက္ကဆက်ပြည် နယ်နှင့် အခြားနေရာများမှ ထိန်း သိမ်းထားသော ရွှေ့ပြောင်းခိုလှုံသူ ရာပေါင်းများစွာတို့အား အကောက် ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန၏အစီအစဉ်ဖြင့် စန်ဒီယာဂိုမြို့သို့ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ သည်ဟု မေ ၁၈ ရက်သတင်းများ အရ သိရှိရသည်။ ဆက်လက်၍ လည်း ရွှေ့ပြောင်းခိုလှုံသူများအား အသုတ်လိုက်ခွဲ၍ ထပ်မံပို့ဆောင် သွားဦးမည်ဟု နယ်စပ်အရာရှိများက သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

Read more...

ထိုင်းအစိုးရအဖွဲ့ ရာထူးတာဝန်များ ခွဲဝေလျာထား

ဘန်ကောက်၊ မေ ၁၈

ထိုင်းနိုင်ငံ Palang Pracharath Party (PPRP) ပါတီသည် Bhumjaithai နှင့် ဒီမိုကရက်တစ်ပါတီများနှင့် တွေ့ဆုံကာ ကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရန် ဆွေးနွေးညှိ နှိုင်းခဲ့ကြသည်ဟု မေ ၁၈ ရက်သတင်းများအရသိရှိရသည်။  PPRP  ပါတီမှ ဗိုလ်ချုပ်ကြီးပရာယွတ်သည် ဝန်ကြီး ချုပ်၊ Bhumjaithai ပါတီခေါင်းဆောင် အနူတင်ချန်ဗီရာ ကူလ်က ကျန်းမာရေးဝန်ကြီးနှင့် ဒီမိုကရက်တစ်ပါတီများမှ ဝါရင့်ခေါင်းဆောင် ဘန်ယတ်ဘန်တာတန်က လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရာထူးရယူဆောင်ရွက်ကြမည်ဖြစ်သည်။ ပါတီ အမှုဆောင်များအနေဖြင့် မေ ၂ဝ ရက်တွင် ထပ်မံတွေ့ဆုံ ကာ ညှိနှိုင်းဆွေးနွေးကြဦးမည်ဖြစ်သည်။

Read more...
Subscribe to this RSS feed