HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

M Bwe

M Bwe

Website URL:

မူးယစ်ဆေးဝါး စစ်ဆင်ရေးတွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်း မရှိဟု အမေရိကန်ကို ဖိလစ်ပိုင်ပြော

မနီလာ၊ စက်တင်ဘာ ၂၈

 

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန် ကြီးအလန်ပီတာကာယက်တာနိုက အမေရိကန်နိုင်ငံခြားရေးဝန် ကြီးရက်ဇ်တီလာဆင်အား ဝါရှင်တန်၌တွေ့ဆုံရာတွင် ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးစစ်ဆင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း၊ မနီလာရှိ နိုင်ငံခြားရေးဝန်ကြီးဌာန (DFA)က စက်တင်ဘာ ၂၈ ရက်ကြေညာချက်၌ဖော်ပြခဲ့သည်။ ဝါရှင်တန်ရှိ နိုင်ငံခြားရေးဝန် ကြီးဌာန၌တွေ့ဆုံရာတွင် ဖိလစ်ပိုင်က မူးယစ်ဆေးဝါးစစ်ဆင်မှုတွင် ဥပဒေမဲ့သတ်ဖြတ်ခြင်းကို ခွင့်မပြုခဲ့ကြောင်း ကြေညာချက်ကဆက်လက်ဖော်ပြခဲ့သည်။

Read more...

မန်စီးတီးနှင့် ပွဲအတွက် ပြင်ဆင်ချိန် နည်းပါးခြင်းအပေါ် ကွန်တီ ဝေဖန် ချန်ပီယံလိဂ်နိုင်ပွဲကြောင့် ယုံကြည်မှု ပိုကောင်းလာကြောင်း ဟာဇက်ဆို

ချဲလ်ဆီးနည်းပြကွန်တီက လာမည့် ပရီးမီးယားလိဂ်ပွဲတွင်ရင်ဆိုင်ရမည့်မန်စီးတီးမှာ ချန်ပီယံလိဂ်တွင် မိမိတို့ထက်တစ်ရက်စော၍ ကစားခွင့်ရခဲ့သော်လည်း အသင်းမှာ အဆိုပါပွဲအတွက် ပြင်ဆင်ချိန်နည်းပါးနေ ခြင်းမှာ စိတ်ပျက်စရာပင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မန်စီးတီးသည် ရှက်တာဒိုးနက် ကို အိမ်ကွင်းတွင် ၂-ဝဖြင့် အနိုင်ရခဲ့ ပြီး ချဲလ်ဆီးမှာ အက်သလက်တီကို အား အဝေးကွင်းတွင် ၂-၁ ဖြင့်အနိုင် ရခဲ့သော်လည်း မိမိတို့အသင်းထက် ချန်ပီယံလိဂ်တွင် တစ်ရက်စောကစား ခွင့်ရခဲ့သောမန်စီးတီးက ပြင်ဆင်ချိန် ပိုရခဲ့ကြောင်း ကွန်တီကဝေဖန်ခဲ့သည်။

 

Read more...

ကိုယ်ခံအားစနစ်က အင်အားပြန်လည် ပြည့်ဝရေးအတွက် အရေးပါ

မိန်း

 

သက်ရှိဇီဝရုပ်များ၏ အဓိကခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သည့် နှလုံးနှင့်ခြေလက်များ ပြန်လည်အားအင်ပြည့်ဝမှုသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်အပေါ်တွင် မူတည်ဖွယ်ရှိကြောင်း မက္ကဆီကိုရေပုတ်သင်တို့၏ နှလုံးပြန်လည်ကျန်းမာသန်စွမ်းမှုကို လေ့လာဆန်းစစ်မှုအရ သိရသည်။ MDI Biological Laboratory  မှ ဒေါက်တာဂျိမ်းဂေါ့ဝင်း ဦး ဆောင်သည့်အဖွဲ့က လေ့လာဆန်းစစ်မှုပြုခဲ့ ခြင်းဖြစ်သည်။

Read more...

နာတာရှည် မောပန်းနွမ်းလျမှု ကုထုံးက ဆယ်ကျော်သက်များကို အထောက်အကူ ပြုစေဖွယ်ရှိ

ဘရစ္စတိုးလ်

 

ဘရစ္စတိုးလ်တက္ကသိုလ်မှ လေ့လာဆန်းစစ်မှုတစ်ခုအရ မပြင်းထန်သော သို့မဟုတ် သင့်တင့်သော နာတာရှည် ပင်ပန်းနွမ်းလျမှု ရောဂါလက္ခဏာ CFS ရှိသောကလေးများကို စမ်းသပ်မှုပြုရာတွင် မောပန်းနွမ်းလျမှုကို လျှော့ချပေးနိုင်ကြောင်း သိရသည်။ နာတာရှည် မောပန်းနွမ်းလျမှုရောဂါ လက္ခဏာ CFS ကို Myalgic Encephalomyelitis(ME) အဖြစ်သိထားပြီး ယင်းသည် အင်အားချည့်နဲ့သော နာမကျန်းမှုဖြစ်ပြီး UK ရှိ အလယ်တန်းကျောင်းသား တစ်ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားလေ့ရှိသည်ဟုဆိုသည်။ အဆိုပါရောဂါလက္ခဏာသည် ဗြိတိန်နိုင်ငံရှိ လူပေါင်း ၂၅ဝဝဝဝ တွင် ဖြစ်ပွားနေသည်ဟု ယူဆရသည်။

Read more...

ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် နျူကလီးယား ခြိမ်းခြောက်မှု၊ ဒုက္ခသည်နှင့် ရာသီဥတု စိုးမိုးခြယ်လှယ်မှု ဆိုင်ရာ အငြင်းအခုံပြု

နယူးယောက်

 

(၇၂)ကြိမ်မြောက် ကုသလမဂ္ဂအထွေ ထွေညီလာခံတွင် ကိုရီးယားကျွန်းဆွယ်၌နျူကလီးယားအရေးကိစ္စ စိုးရိမ်ပူပန်မှု၊ မြန်မာနိုင်ငံရှိ ဘင်္ဂါလီအရေးကိစ္စတို့မှာ ဆွေးနွေး ငြင်းခုံမှုအပြုဆုံး အရေးကိစ္စများဖြစ်ခဲ့ပြီး နောက် ညီလာခံကို အဆုံးသတ်ခဲ့ပြီဖြစ် ကြောင်းသိရသည်။ သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ရန် ခြိမ်းခြောက်မှုအပေါ် သမ္မတ ဒေါ်နယ်ထရန့် က အပြင်းအထန် တုံ့ပြန်မှုမှာ ကြိုတင်သိရှိ ခြင်းမရှိသည့်အရေးကိစ္စဖြစ်ခဲ့သည်ဟု ဆိုသည်။

Read more...

လန်ဒန် စိန်အရောင်း အဝယ်ကုမ္ပဏီက ကမ္ဘာ့ အကြီးမားဆုံး စိန်ကြီးကို ဝယ်ယူ

လန်ဒန်

 

လန်ဒန်မြို့၏ ထိပ်တန်းစိန်ကုမ္ပဏီများထဲမှ တစ်ခုက ကမ္ဘာ့အကြီးမားဆုံး စိန်ကြီးကို ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။  အဆိုပါစိန်ကြီးမှာ တင်းနစ် ဘောလုံးအရွယ် ပမာဏရှိပြီး အမေရိကန်ဒေါ်လာ ၅၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းမီဒီယာတို့က ရေးသားဖော်ပြခဲ့သည်။

Read more...

ယူဂန်ဒါ လွှတ်တော်တွင် သမ္မတ အသက် ကန့်သတ်မှု အငြင်းအခုံပြုရာမှ ရန်ပွဲဖြစ်ပွား

ယူဂန်ဒါ

ယူဂန်ဒါ လွှတ်တော်အတွင်း သမ္မတအသက်ကန့်သတ်မှု ဖယ်ရှား ရေးနှင့်ပတ်သက်၍ အငြင်းအခုံပြုရာမှ ရုတ်ရုတ်သဲသဲ ရန်ပွဲဖြစ်ပွားခဲ့ ကြောင်းသိရသည်။  ယင်းသည် လွှတ်တော်အမတ်တစ်ဦးက လွှတ်တော်အတွင်း သေနတ်ယူဆောင်လာသည်ဟူသော စွပ်စွဲမှု ထွက်ပေါ်လာပြီးနောက် လွှတ် တော်အမတ်များအတွင်း ဒေါသတကြီး ထိုးကြိတ်သတ်ပုတ်သည်အထိ ရန်ပွဲဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

Read more...

အိမ်ထောင်ရေး အရှုပ်အထွေးနဲ့ ရောဂါတို့ကြောင့် ဘဝမှာ နစ်မွန်းခဲ့ရဖူးတဲ့ ရှနိုင်ယားတွင်းမ်

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၆ 

 

တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့သော အဆိုတော်ရှနိုင်ယားတွင်းမ်မှာ အိမ်ထောင်ရေးမပြေ လည်မှုများနှင့် ရောဂါဝေဒနာများ ခံစားခဲ့ရပြီးသည့်နောက် ယခုတစ်ဖန် အယ်လ်ဘမ်အသစ်ဖြင့် ဂီတလောကထဲသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်။ အချိန် ၁၅နှစ်ခန့် ဂီတလောကမှ ပျောက်ကွယ်နေခဲ့ရသူ အဆိုတော်ရှနိုင်ယားက အင်တာဗျုးတစ်ခုတွင် ၎င်းရုန်းကန်ခဲ့ရသည့် ကျန်းမာရေးအခြေအနေနှင့် အိမ် ထောင်ရေးအကွဲအပြဲဇာတ်လမ်းများကို ပြောပြခဲ့သည်။

Read more...

ဟာရီကိန်း မာရီယာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပွာတိုရီကိုနိုင်ငံသို့ ဒေါ်လာ တစ်သန်း ဂျနီဖာလိုပက်ဇ် လှူဒါန်း

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ၂၆

 

ပွာတိုရီကိုနိုင်ငံတွင် ဟာရီကိန်း မုန်တိုင်းမာရီယာကြောင့် ထိခိုက် ခံစားခဲ့ရသူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် အဆိုတော်၊ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်က ဒေါ်လာတစ်သန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed