HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

M Bwe

M Bwe

Website URL:

အမေရိကန် အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမှုများ ဖြစ်ပေါ်နေ  

လစ်တယ်ရော့ခ်၊ ဇွန် ၂

အမေရိကန်နိုင်ငံ အလယ်ပိုင်း အာကင်ဆောပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ရေကြီးကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် ဒေသခံ များအား အာဏာပိုင်များက သတိပေးမှု များ ပြုထားကြောင်း ဇွန်၂ ရက် သတင်း များအရ သိရသည်။ အိုင်အိုဝါပြည်နယ် မြောက်ပိုင်းတွင် လည်း မစ္စစ္စပီမြစ် မြစ်ရေလျှံကာ အိမ်များ စွာ ရေနစ်မြုပ်ခဲ့ရသည်။ ပြည်နယ်အရှေ့ တောင်ဘက် မိုင် ၁၇ဝ(၂၇၄ ကီလိုမီတာ) ဝေးကွာသော ဘာလီတန်မြို့ကလေးတွင် လည်း လူဦးရေ ၂၅ဝဝဝဝ တို့ကို ကယ် ဆယ်ရေးများ ပြုလုပ်ပေးနေရသည်။ လူ ဦးရေ ၄၇ဝဝ ရှိသော ဒါဒန်နီးလ်မြို့ကလေး တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေသည်။

Read more...

အယ်လ်ဘေးနီးယားနိုင်ငံတွင် နှစ်နာရီအတွင်း ငလျင်ခြောက်ကြိမ် လှုပ်ခတ်၊ လေးဦး ဒဏ်ရာရ  

ဖလက်၊ ဇွန် ၂

အယ်လ်ဘေးနီးယားနိုင်ငံ အရှေ့တောင်ဘက်တွင် ပြင်းအား မဂ္ဂနီကျု ၅ ဒသမ ၃ အဆင့်ရှိ ပထမဆုံး ငလျင်တစ်ခု အပါအဝင် အချိန်နှစ်နာရီအတွင်း ငလျင်ခြောက်ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် လူလေးဦး ဒဏ်ရာရရှိခဲ့ကာ အိမ်ခြေ ၁ဝဝ ခန့် ထိခိုက်ခဲ့ရကြောင်း အာဏာပိုင်များနှင့် မျက်မြင်သက်သေများက ပြော ကြားခဲ့သည်။ အိမ်များ၏ နံရံ၊ ခေါင်မိုးနှင့် မျက်နှာကြက်တို့ ပြုတ်ကျမှုကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံအ ရှေ့ပိုင်းရှိ ကိုရက်စ်မြို့မှ ဆေးရုံသို့ပို့လိုက်ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Read more...

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံသို့ တရားဝင် ခရီးသွားရောက်ရန်နှင့် ဟန်ဂေရီနိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်ရန် နေပြည်တော်မှ ထွက်ခွာ

နေပြည်တော်၊ ဇွန် ၁

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာအန်ဒရီးဘား ဘီးစ်၏ဖိတ်ကြားချက်အရ ချက် သမ္မတနိုင်ငံသို့ တရားဝင် ခရီးစဉ် သွားရောက်ရန်နှင့် ဟန်ဂေရီနိုင်ငံ သို့ အလုပ်သဘောခရီးစဉ်သွားရောက် ရန် ဇွန် ၁ရက် နံနက် ၈နာရီခွဲတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း ဖြင့် နေပြည်တော်မှ ထွက်ခွာသွား သည်။

Read more...

သမ္မတ ဒုတိယ သက်တမ်းအတွက် မဲဆွယ်စည်းရုံးမှုများ ဇွန် ၁၈ ရက်တွင် စတင်မည်ဟု ဒေါ်နယ်ထရန့်ပြော  

ဝါရှင်တန်၊ ဇွန် ၁

အမေရိကန်လက်ရှိသမ္မတ ဒေါ်နယ်ထရန့်က ၂ဝ၂ဝ ပြည့်နှစ် သမ္မတရွေး ကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဇွန် ၁၈ ရက်မှစတင်ကာ ဖလော်ရီ ဒါပြည်နယ်၌ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်မည်ဟု မေ ၃၁ ရက်က တွစ်တာမှ တစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်ကို ဇွန် ၁ ရက်သတင်းများအရသိရသည်။  ယင်းမဲဆွယ်စည်းရုံးရေးသို့ ¤င်း၏ဇနီး မယ်လာနီယာ၊ ဒုတိယသမ္မတ မိုက် ပင့်စ်၏ဇနီး ကာရင်တို့ ပါဝင်တက်ရောက်ကြလိမ့်မည်ဟု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ လူ ၂ဝဝဝဝ ဆံ့ Amway Center  ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။

Read more...

လစ်ဗျား ထရီပိုလီမြို့တိုက်ပွဲကြောင့် နေအိမ် စွန့်ထွက်ပြေးသူ ၉ဝဝဝဝ ကျော်ရှိ

ကုလသမဂ္ဂ၊ ဇွန် ၁

လွန်ခဲ့သော နှစ်လကျော်မှစ၍ လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ၊ အသက်ဘေးစိုးရိမ်ကြသော ပြည်သူလူထု ၉ဝဝဝဝ ကျော်မှာ ¤င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးရမှုများ ဆက် တိုက်ဖြစ်ပွားလျက်ရှိကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်၌ဖော်ပြခဲ့ကြောင်း ဆင်ဟွာသတင်းက ဇွန် ၁ ရက်တွင် ဖော်ပြလိုက်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရီးစ်၏ ဒုတိ ယပြောရေးဆိုခွင့်ရသူ ဖာဟန်ဟက်က ပြောကြားရာတွင် ယခုတစ်ပတ်အတွင်း ၌ပင် လစ်ဗျားမှ ထွက်ပြေးသူ ၈ဝဝဝ ကျော်ရှိကြောင်း ကုလသမဂ္ဂ လူများရွှေ့ ပြောင်းခြင်းအေဂျင်စီ၏ စာရင်းကို ကိုးကားပြောကြားလိုက်သည်။ အဆိုပါ ထွက်ပြေးသူများ၏ထက်ဝက်မှာ ကလေးများဖြစ်ကြသည်ဟု ဟက်က ထပ်မံ ပြောကြားခဲ့သည်။

Read more...

ဗာဂျီးနီးယားပြည်နယ် မြူနီစီပယ်ရိပ်သာအတွင်း အကြမ်းဖက် ပစ်ခတ်မှုဖြစ်ပွား၊ ၁၁ ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

ဗာဂျီးနီးယား၊ ဇွန် ၁

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားကမ်းခြေမြို့ မြူနီစီပယ်ရိပ်သာတစ်ခုတွင် မေ ၃၁ ရက် မွန်းလွဲပိုင်းအချိန်က အကြမ်းဖက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပြီး လူ ၁၁ ဦးသေဆုံးကာ အနည်းဆုံး ခြောက်ဦး ဒဏ်ရာများရရှိသွားခဲ့သည်ဟု မြို့အာဏာပိုင်များက ဇွန် ၁ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ သေနတ် သမားကို လုံခြုံရေးများက အသေပစ်ခတ်ဖမ်းဆီးလိုက်ရသည်။

Read more...

အာရှ ငွေကြေးမူဝါဒဆိုင်ရာ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲ စင်ကာပူတွင်ပြုလုပ်  

စင်ကာပူ၊ မေ ၃၁

ချီကာဂိုဘုသ်စီးပွားရေး တက္ကသိုလ်၏ ငွေကြေးထောက်ပံ့မှုဖြင့် ခြောက်ကြိမ်မြောက်အာရှ ငွေကြေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ (AMPF) ကို စင်ကာပူအမျိုးသားတက္ကသိုလ်၊ စီးပွားရေးကျောင်းနှင့် စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့တို့ ပူးပေါင်းကာ မေ ၃၁ ရက်က ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းက ယင်းနေ့တွင် ဖော်ပြခဲ့သည်။

Read more...

နယ်စပ်ခိုလှုံ ရွှေ့ပြောင်းသူများအရေး ဟန့်တားနိုင်ရန် မက္ကဆီကို သွင်းကုန်များပေါ်တွင် အမေရိကန်က အခွန် ၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံ  

ဝါရှင်တန်၊ မေ ၃၁

အမေရိကန်သမ္မတဒေါ်နယ် ထရန့်က မက္ကဆီကိုသွင်းကုန်များ အပေါ်တွင် ဇွန် ၁ဝ ရက်မှစတင် ကာ ၅ ရာခိုင်နှုန်းထပ်တိုးကောက် ခံမည်ဖြစ်ပြီး ယင်းသည် အမေရိ ကန်အလယ်ပိုင်း ရွှေ့ပြောင်းဒုက္ခ သည်များ နယ်စပ်ဖြတ်ကျော်တိုး ဝင်လာနေမှုကို ဟန့်တားနိုင်ရန် ရည်ရွယ်သည်ဟု ပြောဆိုလိုက် သည်ဟု မေ ၃၁ ရက်သတင်းများ အရသိရှိရသည်။

Read more...

ပြည်မြို့ ၌ ကလေးသုံးမြွှာပူး ခွဲစိတ်မွေးဖွားမှု အောင်မြင်  

ပြည်၊ မေ ၃၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ ပါရမီရှင် ပုဂ္ဂလိကပိုင်ဆေးရုံကြီး၌ မေ ၂၇ ရက်က ကလေးသုံးမြွှာပူး ခွဲစိတ်မွေး ဖွားမှု အောင်မြင်ခဲ့ကြောင်းသိရသည်။

Read more...

လူဝီစီယားနားပြည်နယ်တွင် ကိုယ်ဝန်ဖျက်မှု တားမြစ်ဥပဒေ ထုတ်ပြန်  

ဘာတန်ရူး၊ မေ ၃၁

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဂျွန်ဘဲလ်အက်ဒဝပ်သည် ကိုယ်ဝန်ခြောက်ပတ်ရှိသူအနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်းအားတားမြစ် သောအမိန့်ကို မေ ၃ဝ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်ဟု မေ ၃၁ ရက် သတင်းများ အရ သိရသည်။ ထို့ကြောင့် ယင်းသည်ကိုယ် ဝန်ဖျက်ချခြင်းတားမြစ်သော မစ္စပီ၊ ကင်တက်လီ၊ အိုယိုင်းယိုးနှင့် ဂျော်ဂျီယာပြည်နယ်များအပြင် ပဉ္စမမြောက်ပြည်နယ်တစ်ခုဖြစ်လာခဲ့ရသည်။

Read more...
Subscribe to this RSS feed