HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

M Bwe

M Bwe

Website URL:

အီရတ်နိုင်ငံ ကာကွတ်မြို့၌ ခြောက်နေရာ ပေါက်ကွဲမှုဖြစ်၊ လေးဦးသေဆုံး၊ ၂ဝ ဒဏ်ရာရ  

ဘဂ္ဂဒက်၊ မေ ၃၁

အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွတ်မြို့တွင် နေရာခြောက်ခု ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူလေးဦးသေဆုံးပြီး ၂ဝ ဒဏ် ရာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဆင်ဟွာသတင်းက မေ ၃၁ ရက်တွင် ဖော်ပြ လိုက်သည်။   ပေါက်ကွဲမှုမှာ ကာကွတ်မြို့ ၏အဓိကလမ်းသုံးခုတွင် လမ်း ဘေးထောင်ဗုံးများပေါက်ကွဲခြင်း ဖြစ်သည်။ ကာကွတ်မြို့မှာ မြို့ တော်ဘဂ္ဂဒက်နှင့် ကီလိုမီတာ ၂၅ဝ ကွာဝေးသည်။ ဤပေါက်ကွဲမှု အား ပူးတွဲစစ်ဆင်ရေးဌာနချုပ်၏ ကြေညာချက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Read more...

ဖိလစ်ပိုင် ဆိပ်ကမ်းတွင် စွန့်ပစ်ထားသော အမှိုက်များကို ကနေဒါအစိုးရ ပြန်သယ်ယူ  

မနီလာ၊ မေ ၃၁

ကနေဒါအစိုးရက ဖိလစ်ပိုင် ဆိပ်ကမ်းများသို့ လာရောက်စုပုံထားသော စွန့်ပစ်အမှိုက်ကွန်တိန်နာ ၆၉ လုံးကို မေ ၃၁ ရက် နံနက် ပိုင်းမှစတင်ကာ ပြန်လည်သယ်ယူ နေပြီဖြစ်သည်ဟု ဖိလစ်ပိုင်ဆိပ်ကမ်း အရာရှိတစ်ဦးဖြစ်သူ ဝီလ်မာအစ္စမာ က ထုတ်ဖော်ပြောဆိုလိုက်သည်။ ကနေဒါနိုင်ငံသည် ၂ဝ၁၃ ခုနှစ်မှစတင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာနှင့် ဆူးဘစ်ဆိပ်ကမ်းများသို့ ကွန်တိန်နာများဖြင့် စွန့်ပစ်အမှိုက် များထည့်ပြီး တင်ပို့ခဲ့ရာ စုစုပေါင်း ကွန်တိန်နာ ၁ဝ၃ လုံးရှိခဲ့ရသည်။

Read more...

ယူရိုပါလိဂ် ဗိုလ်စွဲပြီးနောက် ချဲလ်ဆီးကို နှုတ်ဆက်တော့မည်ဟု ဟာဇက်ဝန်ခံသွားခဲ့၊ တစ်ပတ်လုပ်ခ လစာပေါင် ၄ သိန်းဖြင့် ရီးရဲလ် အတည်ပြုကြေညာတော့မည်  

ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အာဆင်နယ် အသင်းအား ၄-၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ ပြီးနောက် ချဲလ်ဆီးတောင်ပံကစားသမား ဟာဇက်က ယခုပွဲသည်နှုတ်ဆက်ပွဲဖြစ် ကြောင်း ထုတ်ဖော်ဝန်ခံသွားခဲ့သည်။  ဟာဇက်သည် ယူရိုပါလိဂ်ဗိုလ်လုပွဲ တွင် ချဲလ်ဆီးအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်း ယူနိုင်ခဲ့ကာ ယခုရာသီတစ်ခုတည်းသောဆု ဖလားကို ရယူနိုင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ဟာဇက်သည် ယခုနွေရာသီတွင် ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့တော့မည်ဟု သတင်းများခိုင်ခိုင်မာမာထွက်ပေါ်နေခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင်မူ ချဲလ်ဆီး အတွက်နှုတ်ဆက်ပွဲဟု ထုတ်ဖော်ပြော ကြားလိုက်ခြင်းကြောင့် ၎င်းင်းသည် အသင်းမှ ထွက်ခွာရန်သေချာသွားခဲ့ခြင်းဖြစ်သည်။

Read more...

ခြေစွမ်းမပြနိုင်ခဲ့သော အိုဇေးအား အာဆင်နယ် ပရိသတ်များ လှောင်ပြောင်ခဲ့ကြပြီး ရောင်းထုတ်ရန် တောင်းဆိုခဲ့ကြ  

ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ချဲလ်ဆီးအသင်းကို ဂိုးပြတ်အရေး နိမ့်ခဲ့ခြင်းကြောင့် အာဆင်နယ် ပရိသတ်များသည် ခြေစွမ်းမပြ နိုင်သည့် ကွင်းလယ်လူအိုဇေး အားလှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး ¤င်းအားအသင်းက ရောင်း ထုတ်ရန်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

Read more...

အဓိကပြိုင်ပွဲများ အားလုံးတွင် ဗိုလ်စွဲဖူးသော ပထမဆုံး ကစားသမားအဖြစ် ပီဒရို မှတ်တမ်းဝင်  

ချဲလ်ဆီးတောင်ပံကစားသမားပီဒရိုသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချဲလ်ဆီးအသင်းနှင့်အတူ ဗိုလ်စွဲပြီးနောက် ကမ္ဘာ့ဖလား၊ ယူရိုဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါ လိဂ်နှင့်ပရီးမီးယားလိဂ်ဆုဖလားတို့ကို ရရှိဖူးသည့် ပထမဆုံးက စားသမားဖြစ်လာခဲ့ကြောင်းသိရ သည်။

Read more...

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနရန္ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ မေ ၃ဝ

ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်ရှရီ နရန္ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ¤င်း၏ ဒုတိယအကြိမ် ဝန်ကြီးချုပ် သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် မေ ၃ဝရက် နံနက် ၉ နာရီတွင် နေ ပြည်တော်မှ အိန္ဒိယသမ္မတနိုင်ငံသို့ မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။

Read more...

အစိုးရမဖွဲ့နိုင်၍ အစ္စရေးပါလီမန် ဖျက်သိမ်း၊ စက်တင်ဘာ ၁၇ ရက်တွင် ရွေးကောက်ပွဲ ထပ်မံ ကျင်းပမည်  

ဂျေရုဆလင်၊ မေ ၃ဝ

အစ္စရေးနက်ဆက်ပါလီမန်က မေ ၂၉ ညပိုင်းတွင် ဥပဒေတစ်ရပ်ကိုအတည်ပြုခဲ့ကာ ပါလီမန်ကိုဖျက်သိမ်းကြောင်း ကြေ ညာခဲ့သည်။ အစ္စရေးပါလီမန် ရွေးကောက်ပွဲကို ဧပြီ ၉ ရက်က ကျင်းပခဲ့ခြင်းဖြစ်ရာ နှစ်လပင် မပြည့်ခင် ဖျက်သိမ်းခဲ့သည်။ နောက်ထပ်ပါလီမန်ကို ၂ဝ၁၉ စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပသွားမည်ဟု မျှော်လင့်ရ ကြောင်း ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။ ဝန်ကြီးချုပ် နေတန်ယာဟုအား ရွေးကောက် ပွဲပြီးနောက် ၄၂ ရက်အတွင်း အစိုးရအသစ်ဖွဲ့စည်းရန် တာဝန် ပေးခဲ့သော်လည်း မေ ၂၉ (ဗုဒ္ဓ ဟူးနေ့) ညဥ့်သန်းခေါင်ယံအထိ ဝန်ကြီးအဖွဲ့မဖွဲ့နိုင်၍ ပါလီမန် ကိုဖျက်သိမ်းရန် ဥပဒေမူကြမ်း အား မဲပေးဆုံးဖြတ်ခဲ့ရာ ထောက် ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲဖြင့် ပါလီမန်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Read more...

လူသေဆုံးမှုနှင့် ပြည့်ကျပ်မှုများရှိခဲ့ပြီးနောက် ဧဝရက်တောင်တက် စည်းမျဉ်းများကို ပြောင်းလဲမည်ဟု နီပေါ ဆို

ခတ္တမန္ဒူ၊ မေ ၃ဝ

ကမ္ဘာ့အမြင့်ဆုံး ဧဝရက် တောင်ပေါ်သို့ တက်ရောက်သည့် လူများပြည့်ကျပ်နေခြင်းနှင့် ပတ် ဝန်းကျင်အခြေအနေမှာ တိရစ္ဆာန်ရုံသကဲ့သို့ ဖြစ်နေခြင်းကြောင့် တောင်တက်စည်းမျဉ်းများကို ပြောင်းလဲရန် စဉ်းစားနေကြောင်း နီပေါတာဝန်ရှိသူများက မေ ၂၉ ရက်တွင်ပြောဆိုခဲ့သည်။  ပါလီမန်အဖွဲ့ဝင် မစ္စတာယက် ရာရတ်ဂ်ျဆူနူဝါက ''ဥပဒေဟောင်း တွေအားလုံးကို ပြန်သုံးသပ်ဖို့အချိန်ကျပါပြီ''ဟုပြောခဲ့သည်။ ယခု အချိန်အထိ မည်သူမဆိုဧဝရက်တောင်တက်ခွင့်ရရှိနိုင်သော်လည်း ယခုနှစ်တွင် တောင်ထိပ်ပေါ်တွင် လူများစုပုံနေခြင်းနှင့် မကျွမ်းကျင် သော တောင်တက်သူများပါရှိ လာမှုတို့ဖြစ်ပေါ်ခဲ့သည်။

Read more...

မက္ကဆီကိုတွင် ဘတ်စ်ကားနှင့် ထရပ်တာ တိုက်မိ၊ ၂၁ ဦးသေဆုံး

မက္ကဆီကိုစီးတီး၊ မေ ၃ဝ

မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ဗီရာခရုဇ် ပြည်နယ် အဝေးပြေးလမ်းမပေါ်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီးနှင့် ထရပ်တာ နောက်တွဲယာဉ်တို့ ပြင်းထန်စွာတိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၂၁ ဦး သေဆုံး ခဲ့ကြောင်း ဒေသဆိုင်ရာ အရပ်ဘက်ကာ ကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းက မေ ၃ဝ ရက်တွင် ဖော်ပြလိုက်သည်။ ဤယာဉ်တိုက်မှုကြောင့် အခြားလူ ၃ဝ မှာလည်း ဒဏ်ရာများရရှိသွားခဲ့ကြ ကြောင်း၊ ယာဉ်တိုက်မှုမှာ နံနက် ၁ဝနာရီ မိနစ် ၂ဝ တွင်ဖြစ်ပွားခဲ့ပြီး၊ ပူဘလူမြို့နှင့် ဗီရာခရုဇ်ဆိပ်ကမ်းမြို့ ဆက်သွယ်ထား သောလမ်းမပေါ်၌ဖြစ်ပွားခဲ့ကြောင်း အဆို ပါကာကွယ်ရေးအေဂျင်စီကပြောခဲ့သည်။

Read more...

အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ပျက်ပြားစေပါက ပြစ်ဒဏ်ပေးခံရမည်ဟု ဟောင်ကောင်ကို အမေရိကန် သတိပေး  

ဟောင်ကောင်၊ မေ ၂၉

အီရန်နိုင်ငံအပေါ်ချမှတ် ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ကိုချိုးဖောက်မှုဖြစ်စေနိုင်သည့် ဟောင်ကောင်ကျွန်းသို့ ဦးတည် ခုတ်မောင်းခဲ့သော ရေနံတင် သင်္ဘောဖြင့် စီးပွားရေးလုပ်ငန်း များလုပ်ကိုင်မည်ဆိုပါက ပြစ်ဒဏ် ခတ်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်က ဟောင်ကောင်ကို သတိပေးလိုက်သည်။ အမေရိ ကန်အစိုးရက¤င်းတို့၏ အီရန်အ ပေါ်ထားရှိသော ဒဏ်ခတ်ပိတ်ဆို့ မှုများကိုဒေါသတကြီးနှင့် တစ်သ မတ်တည်း အာဏာတည်မြဲစေရ မည်ဟုဆိုသော သတိပေးချက်ကို တရုတ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမြို့တို့ထံ ထုတ်ပြန်ထားကြောင်း အမည်မဖော်လိုသည့် အကြီးတန်း အမေရိကန်အရာရှိတစ်ဦးက မေ ၂၈ ရက်တွင် ပြောဆိုခဲ့သည်။

Read more...
Subscribe to this RSS feed