HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

M Bwe

M Bwe

Website URL:

ကမ္ဘာကြီး၏ အပြင်ဘက် အာကာသတွင် လက်နက်များ ချမထားရေး ပူးတွဲထုတ်ပြန်ချက်ကို ပါကစ္စတန်နှင့် ရုရှားတို့ လက်မှတ်ရေးထိုး

အစ္စလာမ္မာဘတ်၊ မေ ၂၃ 

ကမ္ဘာ့အပြင်ဘက် အာကာသနယ်ထဲတွင် ပထမဆုံးလက်နက်တပ်ဆင်ခြင်း မပြုလုပ်ရဟုဆိုသည့် ပူးတွဲထုတ်ပြန်ချက်ကို ပါကစ္စတန်နှင့် ရုရှားတို့လက်မှတ်ရေး ထိုးလိုက်ကြောင်း ပါကစ္စတန် နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ဆင်ဟွာသတင်းက မေ ၂၃ ရက်တွင် ဖော်ပြလိုက်သည်။ ပူးတွဲထုတ်ပြန်ချက်အား လက် မှတ်ရေးထိုးရာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကာ ရှီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်တို့က ကာဂျစ်စတန် နိုင်ငံမြို့တော်ဘိရှကက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းင်းတို့ သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေး အသင်း (ှဃဥ) နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီအစည်းအဝေး တွင် အလွတ်သဘော လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

Read more...

Huawei ကုမ္ပဏီနှင့် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများကို Panasonic ရပ်ဆိုင်း

တိုကျို၊ မေ ၂၃

ဂျပန်နိုင်ငံမှ Panasonic ကုမ္ပဏီသည် အမေရိကန်နိုင်ငံက လုံခြုံရေး စိုးရိမ်မကင်းမှုများ ကြောင့်ပိတ်ပင်ခဲ့သည့် တရုတ်ဆက် သွယ်ရေးကုမ္ပဏီကြီး Huawei နှင့် လမ်းခွဲသည့် ကုမ္ပဏီများစာရင်း တွင်ပါဝင်လာခဲ့ပြီး ယင်းကုမ္ပဏီနှင့်လုပ်ကိုင်နေသော စီးပွားရေးလုပ် ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း မေ ၂၃ ရက်တွင် ကြေညာခဲ့သည်။  ဂျပန်နှင့် ဗြိတိသျှမိုဘိုင်းဝန် ဆောင်မှု ကုမ္ပဏီလေးခုတို့က 5G စနစ်သုံး Huawei ဟန်းဆက်အသစ်များဖြန့်ချိမှုကို ရွှေ့ဆိုင်းလိုက် ကြောင်းကြေညာခဲ့ပြီး တစ်ရက်အကြာတွင်ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Read more...

အိန္ဒိယရွေးကောက်ပွဲ ကနဦး မဲရေတွက်မှု မိုဒီ၏ BJP ဦးဆောင်သည့် မဟာမိတ်တို့ရှေ့ပြေး

နယူးဒေလီ၊ မေ ၂၃

အိန္ဒိယရွေးကောက်ပွဲ မဲစတင်ရေတွက်မှုကို မေ ၂၃ ရက်က ရွေးကောက်ပွဲမဲပေးပြီးသည်နှင့် စတင်ရေတွက်ခဲ့သည်။အစောပိုင်း ရလဒ်များအရ အာဏာရညွန့် ပေါင်းအမျိုးသားဒီမိုကရက်တစ် မဟာမိတ် (NDA) ကဦးဆောင် နေပြီး ဘရာတီယာဂျာနာတာပါ တီ (BJP) က ရွေးကောက်ပွဲတွင် ဦးဆောင်နေကြောင်း ဆင်ဟွာ သတင်းမေ ၂၃ ရက်တွင်ဖော်ပြ လိုက်သည်။ နောက်ဆုံးရွေးကောက်ပွဲရ လဒ်အား ယနေ့ညဥ့်သန်းခေါင် ကျော်အချိန်တွင် ကြေညာလိမ့် မည်ဟု မျှော်လင့်ရသည်။

Read more...

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ရာထူးမှ နုတ်ထွက်ကြောင်း မကြာမီ ကြေညာဖွယ်ရှိ  

လန်ဒန်၊ မေ ၂၃

ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေသည် မေ ၂၄ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာမည်ဟု ခန့်မှန်းရသည့် သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး The Times သတင်းစာက ဖော်ပြသည်။ ၄င်းသည် ကွန်ဆာဗေးတစ်ပါတီအဖွဲ့ဝင် ၁၂၅ဝဝဝ ၏မဲရွေးချယ်မှုကို ရင် ဆိုင်ရမည့် နောက်ဆုံးအဆင့်ကိုယ်စားလှယ်နှစ်ဦးက အဆင့် နှစ်ခုရှိသော လုပ်ငန်းစဉ်ကို ဖြတ် ကျော်ပြီး ၄င်း၏နေရာကို ဆက်ခံရသည်အထိ ဝန်ကြီးချုပ်အဖြစ်ဆက်ရှိမည်ဟု ယင်းသတင်းစာက ဖော်ပြခဲ့သည်။ အောက်လွှတ်တော် ခေါင်းဆောင် အန်ဒရီယာလိဆမ် သည် မေ ၂၂ ရက်တွင် နုတ်ထွက် ခဲ့ပြီးနောက် ၄င်း၏ အစိုးရအဖွဲ့ထဲမှ အခြားဝန်ကြီးများလည်း ရာထူးမှနုတ်ထွက်နိုင်သည်ဟု ဘီဘီစီရေဒီယိုကဆိုသည်။

Read more...

မစ်ဇူရီပြည်နယ်တွင် ပြင်းထန်သော လေဆင်နှာမောင်း တိုက်ခတ်၊ သုံးဦးသေဆုံး

ဝါရှင်တန်၊ မေ ၂၃


အမေရိကန်နိုင်ငံ၊ မစ်ဇူရီ ပြည်နယ်တစ်လျှောက်တွင် ပြင်းထန်သော လေဆင်နှာမောင်း တစ်ခုတိုက်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူသုံးဦးသေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူ များက မေ ၂၃ ရက်တွင် ပြောဆိုခဲ့သည်။ ပြည်နယ်မြို့တော် ဂျက်ဖာဆန်စီးတီးတွင် အရေးပေါ် သတိပေးချက်တစ်ခု ထုတ်ပြန်ထားပြီး အနီးနားရှိ ပြည်နယ်များဖြစ်သော အိုကလာဟိုးမားနှင့် ကန်းဆက်ပြည် နယ်တို့နှင့်အတူ ယင်းပြည်နယ်အတွင်း မှ ပြည်သူများအနေဖြင့် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသီြးေ<ွကခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ် ခြင်းတို့ဖြစ်ပေါ်နိုင်၍ အကာအကွယ် ယူကြရန် တိုက်တွန်းထားသည်။

Read more...

မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအားဖွံ့ ဖြိုးရေး အရှိန်အဟုန်မြှင့်ရန် နိုင်ငံခြားငွေလုံးငွေရင်း ပိုမိုလိုအပ်

ရန်ကုန်

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံကျော် ရင်းနှီးမြှပ်နှံရန် လို အပ်ဆဲဖြစ်ပြီး အနာဂတ်တွင် လျှပ်စစ်စွမ်း အား ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင် ရန် နိုင်ငံခြားငွေလုံးငွေရင်းများ ပို၍လိုအပ် ကြောင်း သိရသည်။ ပေါများကြွယ်ဝလှသော သဘာဝ သယံဇာတများ ပိုင်ဆိုင်ထားသော မြန်မာ နိုင်ငံသည် လျှပ်စစ်စွမ်းအားလိုအပ်မှုကြောင့် နိုင်ငံ၏စီးပွားရေး တိုးတက်သင့်သလောက် မတိုးတက်ဘဲ လူမှုဘဝတိုးတက်မှု၏ အခြေခံ ကို လက်တွေ့ကျကျ ရင်ဆိုင်နေရသည်။ ထို့ ကြောင့် လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု သည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ၏ လိုအပ်ချက်များကိုဖြည့်ဆည်းရန်နှင့် ပြည် သူလူထု၏ လူနေမှုဘဝအဆင့်အတန်းမြင့် တက်ရန် အကြီးစားအတိုင်းအတာဖြင့် ဖြည့် ဆည်းနိုင်မည်ဖြစ်သည်။

Read more...

တရုတ်နိုင်ငံတွင် ဂျပန်အမျိုးသား တစ်ဦးကို ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်ချ  

တိုကျို


တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရားရုံးက ဂျပန်အမျိုးသားတစ်ဦးအား သူလျှိုလုပ်ဆောင် သည်ဟူသောစွဲချက်ဖြင့် ထောင်ဒဏ်ခြောက် နှစ် ပြစ်ဒဏ်စီရင်ခဲ့ကြောင်း သိရသည်။  တရုတ်-ဂျပန် သတင်းအရင်းအမြစ်ဌာန ၏အဆိုအရ ပြစ်ဒဏ်ချမှတ်ခံရသူမှာ တိုကျို အခြေစိုက် နှစ်နိုင်ငံအကြားမှလူငယ်များအား အပြန်အလှန် အားပေးမြှင့်ပေးနေသည့် အဖွဲ့ အစည်း အကြီးအကဲ ဟိုက်ဒဲဂျိဆူဇူကီဖြစ် ကြောင်း သိရသည်။ ဟိုက်ဒဲဂျိဆူဇူကီအနေနှင့် ထောင်ဒဏ် အပြင် ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၄ဝဝ ကိုပါ တစ်ပါတည်းပေးဆောင်ရန် ပြစ် ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

Read more...

အမေရိကန်ပြည်ထောင်စုက ကုန်တင်သင်္ဘောကို ဖမ်းဆီးမှု မြောက်ကိုရီးယား သံတမန် သတိပေး

ပြုံယမ်း

အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးသိမ်းယူထားသော ကုန်တင်သင်္ဘောကို ပြန်လည်ပေးအပ်ခြင်းမရှိပါက မြောက်ကိုရီးယားနိုင်ငံက အလားတူလုပ်ဆောင်မှုမျိုးပြုရန် အသင့်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က သတိပေးပြောကြားခဲ့သည်။ သံအမတ် ကင်ဆောင်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် မေ ၂၁ ရက်က ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ မေ ၉ ရက်က Wise Honest အမည်ရှိ ကုန်တင်သင်္ဘောကို ဖမ်းဆီးသိမ်းယူထားကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ကြေညာပြီးနောက် သံအမတ်ကင်ဆောင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...

အမေရိကန်နိုင်ငံသား တစ်ဝက်လောက်က အီရန်နိုင်ငံနှင့် စစ်ဖြစ်မည်ဟု မျှော်လင့်

ဝါရှင်တန်

အမေရိကန်လူမျိုးတို့၏ သဘောထားနှင့် ပတ်သက်၍ ဆန္ဒမဲကောက်ယူရာတွင် ထက်ဝက်လောက်က လာမည့်နှစ်အနည်းငယ်အ တွင်း အမေရိကန်ပြည်ထောင်စုသည် အီရန် နိုင်ငံနှင့် စစ်မက်ဖြစ်ပွားမည်ဟု ယုံကြည်လျက် ရှိကြောင်း သိရသည်။ ရိုက်တာနှင့် ဈေးကွက်သုတေသနကုမ္ပဏီ IPSOS က မေ ၁၇ ရက်မှ ၂ဝ ရက်အထိ အမေရိကန်လူမျိုး အရွယ်ရောက်ပြီးသူဦးရေ ၁ဝဝဝ ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ စစ်တမ်းကောက်ယူမှုအရ ၅၁ ရာခိုင်နှုန်းက လာမည့်နှစ်အနည်းငယ်အတွင်း အီရန်နှင့် စစ် ဖြစ်လာဖွယ်ရှိကြောင်း ဖြေကြားခဲ့ပြီး လွန်ခဲ့ သည့်နှစ် ဇွန်လက အလားတူစစ်တမ်းကောက် ယူရာတွင် ရှစ်ရာခိုင်နှုန်းက စစ်ဖြစ်မည်ဟု မျှော်လင့်ကြောင်း ဖြေကြားခဲ့ကြသည်။

Read more...

အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရ

ဂျကာတာ၊ မေ ၂၁

မကြာသေးမီက ကျင်းပခဲ့သော အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက မဲအားလုံး၏ ၅၅ ဒသမ ၅ ရာခိုင်နှုန်းရရှိပြီး ပြန်လည်ရွေးကောက်ခံခဲ့ရကြောင်း၊ ၎င်း၏ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘရန်တိုသည် မဲအားလုံး၏ ၄၄ ဒသမ ၅ ရာခိုင်နှုန်းရ ရှိခဲ့ကြောင်း အထွေထွေရွေးကောက် ပွဲကော်မရှင်(KPU) က မေ ၂၁ ရက် တွင် ကြေညာခဲ့သည်။ သမ္မတ ဝီဒိုဒို၏အနိုင်ရရှိမှုကို ပြည်နယ် ၃၄ ခုနှင့် နိုင်ငံခြားတိုင်းပြည်များမှ မြို့ ၁၃ဝ မှ မဲပုံးများမှ မဲများကိုရေတွက်မှု ပြီးဆုံးခဲ့ပြီးနောက် ဒေသ စံတော်ချိန် မေ ၂၁ ရက် နံနက် ၁ နာရီ ၄၆ မိနစ်တွင် အတည်ပြု ခဲ့ခြင်းဖြစ်သည်။

Read more...
Subscribe to this RSS feed