HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

M Bwe

M Bwe

Website URL:

အမေရိကန်အစိုးရ၏ Huawei ကုမ္ပဏီအပေါ် တားမြစ်ပိတ်ပင်မှုကို ရက်ပေါင်း ၉ဝ ဆိုင်းငံ့

ဝါရှင်တန်၊ မေ ၂၁

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီ အပေါ် ပြီးခဲ့သည့်သီတင်းပတ်တွင် ချမှတ်ခဲ့သည့်ကန့်သတ်မှုအချို့ကို လျှော့ချပေးခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီအပေါ်တားမြစ် ပိတ်ပင်မှုများချမှတ်လိုက်ခြင်းကြောင့် ခုတ်ရာတခြား ရှရာတလွဲဖြစ်ပြီး ရည်ရွယ်ချက်လွဲချော်စေနိုင်သည့် အကျိုးဆက်များရှိနိုင်သည့် လက္ခဏာကို ပြဆို နေကြောင်း သိရသည်။

Read more...

ယီမင် ဟူသီသူပုန်များ ဒရုန်းယာဉ်များသုံးပြီး အစိုးရ စစ်လက်နက် သိုလှောင်ရုံများကို တိုက်ခိုက်  

ဒူဘိုင်း၊ မေ ၂၁

ယီမင် ဟူသီသူပုန်များက ဆော်ဒီအာရေဗီးယားနိုင်ငံ လေဆိပ်အစိုးရစစ်စခန်းများအား မောင်းသူမဲ့ ဒရုန်းယာဉ် များသုံး၍ တိုက်ခိုက်ခဲ့သည်ဟု မေ ၂၁ ရက် သတင်းများအရသိရသည်။ ယင်းသည် အမေရိကန်နှင့် အီရန်နိုင်ငံခြားရေး ဝန်ကြီးများ တွစ်တာမှတစ်ဆင့် အပြန်အလှန် ရေးသားဖော်ပြခဲ့ကြပြီး နောက် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် နျူကလီးယားစာချုပ်အရ အီရန်နိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သော ယူရေနီယံသတ္တု များအား ၃ ဒသမ ၆၇ ရာခိုင်နှုန်းထက် မပိုစေဘဲ လက်ဝယ်ထားခွင့် ရှိမည်ဖြစ်သည်။ ယင်းအား ကမ္ဘာ့အင်အားကြီး နိုင်ငံ ကြီးများက ကြီးကြပ်မည်ဖြစ်သည်။

Read more...

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်သော စီးပွားရေးစီမံကိန်းကို အမေရိကန်က ရေးဆွဲနေ

ဝါရှင်တန်၊ မေ ၂ဝ

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခပြေငြိမ်းနိုင်စေရန် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတစ်ရပ်ကို ရှေ့လအတွင်း ကျင်းပနိုင်စေရန် ဖြေရှင်း ရေးအခြေခံအချက်များအား အ မေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရှင်းလင်းပြသနိုင်ရေး ပထမအဆင့်ဆောင်ရွက်နေသည်ဟု အိမ်ဖြူတော်က မေ ၂ဝ ရက်က သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

Read more...

စစ်ပွဲသည် အီရန်နိုင်ငံ၏ အဆုံးသတ်ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဆို

ဝါရှင်တန်၊ မေ ၂ဝ

အမေရိကန်သမ္မတဒေါ်နယ် ထရန့်က အီရန်နှင့် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်ပွားလာမည်ဆိုပါက ယင်းနိုင်ငံကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်သတိပေးလိုက်ကြောင်းသိရသည်။ သမ္မတထရန့်က ''တကယ်လို့ အီရန်က တိုက်ခိုက်ချင်တယ်ဆိုရင် အဲ့ဒါဟာ အီရန်ရဲ့ တရားဝင်အဆုံးသတ် ဖြစ်လာပါလိမ့်မယ်။ အမေရိကန်နိုင်ငံကို နောက်တစ်ကြိမ်ထပ်ပြီး မခြိမ်း ခြောက်ပါနဲ့'' ဟု မေ ၁၉ ရက်၌ တွစ်တာတွင် ရေးသားခဲ့သည်။

Read more...

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မီးဖိုမီးမှတစ်ဆင့် မီးလောင်

နေပြည်တော်၊ မေ ၂ဝ

ပြည် ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မေ ၂ဝရက် နံနက် ၈ နာရီခွဲခန့်က မီးဖိုမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ နဝ ဒေးရပ်ကွက် ခေတ္တာ ၅ လမ်းမပေါ် ရှိ အိမ်အမှတ်(၈၃ဝ) သွပ်မိုး၊ ပျဉ်ကာနေအိမ်တွင် ငှားရမ်းနေထိုင်သူသည် ထင်းမီးဖိုဖြင့် ထမင်းအိုးတည် ရာမှ မီးစတင်လောင်ခဲ့ပြီး မီးလောင် ရာသို့ ဥတ္တရခရိုင် မီးသတ်တပ်ဖွဲ့ ရုံးမှ မီးသတ်ယာဉ်ခုနစ်စီး၊ အုပ်ချုပ် မှုယာဉ်တစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက်၉နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

Read more...

တူရကီနှင့် ရုရှား S-500 ဒုံးပျံကာကွယ်ရေးစနစ် ပူးတွဲထုတ်လုပ်ရန် ဆွေးနွေးနေဟုဆို

အန်ကာရာ၊ မေ ၂ဝ

တူရကီတွင် S-400  ဒုံးပျံစနစ်ချထားပြီးပါက တူရကီနှင့် ရုရှားတို့သည် S-500 ဒုံးပျံကာကွယ် ရေးစနစ် ထုတ်လုပ်သွားရန် ညှိနှိုင်းခဲ့ကြကြောင်း၊ တူရကီသမ္မတ ရီစက်တေယစ်ဖ်အာဒိုဂန်က ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းက မေ ၂ဝ ရက်တွင် ဖော်ပြခဲ့သည်။ S-400 ဒုံးပျံစနစ်သဘောတူညီချက်မှာ ပြီးစီးနေပြီဖြစ်သည်။ ဒုံးပျံလွှဲပြောင်းရေးကို ဇူလိုင်လ အစောပိုင်းတွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ ထိုသို့လွှဲပြောင်းပေးပြီး နောက် မိမိတို့သည် S-500  ဒုံးပျံစနစ်ကို ဆက်လက်လုပ်ကိုင်သွား မည်ဖြစ်ကြောင်း၊ ထိုအထဲတွင် ဒုံးပျံထုတ်လုပ်ခြင်းလည်း ပါဝင် ကြောင်း အာဒိုဂန်ကအစ္စတန်ဘူ မြို့တွင် ပြုလုပ်သည့်အခမ်းအနားတစ်ခုတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

Read more...

အီဂျစ် ပိရမစ်များ ရှိရာဒေသ၌ ကမ္ဘာလှည့်ခရီးသွား ကားတစ်စီးအနီး ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရ၊ ၁၇ ဦး ဒဏ်ရာရရှိ

ဂီဂါ၊ မေ ၂ဝ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီး ထင်ရှားကျော်ကြားသော ဂီဇာပိရ မစ်များတစ်ဝိုက်တွင် မေ ၁၉ ရက်က ကမ္ဘာလှည့်ခရီးသွားများစီးနင်းရာ ဘတ်စ်ကားတစ်စီးအနီး၌ လမ်း ဘေးထောင် ဗုံးတစ်လုံးပေါက်ကွဲ ခဲ့၍ အီဂျစ်နှင့် တောင်အာဖရိက ခရီးသွားများအပါအဝင် လူ ၁၇ ဦး ထိခိုက်ဒဏ်ရာများရရှိသွားခဲ့သည်ဟု မေ ၂ဝ ရက်နေ့ သတင်း များအရ သိရှိရသည်။

Read more...

ဘရာဇီး ဘားဆိုင်တစ်ဆိုင်တွင် သေနတ်ပစ်မှုဖြစ်ပွား၊ ၁၁ ဦးသေဆုံး

ရိုယိုဒီဂျနေရိုး၊ မေ ၂ဝ

ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်တွင် သေနတ်သမားတစ်ဦးက ပြည်နယ်မြို့တော်ရှိ အရက် ဘားဆိုင်တစ်ခုသို့ ဝင်ရောက်ပြီး သေ နတ်ဖြင့်ပစ်ခတ်ခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ပြောကြားချက်ကို AP သတင်းက မေ ၂ဝ ရက်တွင် ဖော်ပြလိုက်သည်။ ဤသေနတ်ပစ်ခတ်မှုတွင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသား ငါးဦးတို့ သေဆုံးခဲ့ကြောင်း လုံခြုံ ရေးအဖွဲ့က အတည်ပြုပြောကြားလိုက်သည်။ ဤသေနတ်သမားမှာ ပါရာပြည်နယ် မြို့တော်ဘီလမ်မြို့ ၌ နေထိုင်သူဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

Read more...

အမေရိကန်နှင့် စီးပွားရေး အငြင်းပွားမှုတွင် အမေရိကန်မှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တိုက်တွန်း

ရှန်ဟဲ၊ မေ ၁၉

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေရိကန်နိုင်ငံ၏ မကြာသေးမီက ကုန်သွယ်ရေးနှင့် ပတ်သက်၍ ပြောဆိုလုပ်ဆောင်ခဲ့ ခြင်းများသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်ပျက်ပြား စေခဲ့၍ အမေရိကန်နိုင်ငံသည် တရုတ်-အမေရိကန်စီးပွားရေး ရွက်ဆောင်မှုများတွင် ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်သင့်သည် ဟု အမေရိကန်နိုင်ငံခြားရေးဝန် ကြီး မိုက်ပွန်ပီယိုနှင့် တယ်လီဖုန်း ပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့သည်ဟု တရုတ်နိုင်ငံခြား ရေးဌာနက မေ ၁၉ ရက်တွင် သ တင်းထုတ်ပြန်ပြောဆိုလိုက်သည်။

Read more...

ကိန်းစ် ရုပ်ရှင်ပွဲတော်တွင် ကိုယ်ဝန်ဖျက်ချမှု အခွင့်အရေး ဆန္ဒပြတောင်းဆိုကြ

ကိန်းစ်၊ မေ ၁၉

ပြင်သစ်နိုင်ငံ ကိန်းစ်ရုပ်ရှင် ပွဲတော်၌ အာဂျင်တီးနား၏ မှတ် တမ်းရုပ်ရှင်ကိုမပြသမီ ကော်ဇော နီအခင်းပေါ်၌ အမျိုးသမီးဒါဇင် ပေါင်းများစွာတို့က ကိုယ်ဝန်ဖျက်ချ ခွင့်အခွင့်အရေးကို ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း AP သတင်းက မေ ၁၉ ရက်တွင် ဖော်ပြလိုက်သည်။အဆိုပါအမျိုးသမီးများတွင် ရုပ်ရှင်ထုတ်လုပ်သူများနှင့် ရုပ်ရှင်သရုပ် ဆောင်များလည်းပါဝင်ခဲ့ကြသည်။ ၎င်းတို့သည် လက်ကိုင်ပဝါအစိမ်းရောင် များကိုဝှေ့ယမ်းကာ အလံကြီးတစ်ခုကို လည်းကိုင်ဆောင်ခဲ့ကြပြီး အာဂျင် တီးနားဒါရိုက်တာ ဂျူအန်ဆိုနာစ်၏ "Let It Be Law" ဆိုသည့်မှတ်တမ်း ရုပ်ရှင်ကားမှာလည်း ကိုယ်ဝန်ဖျက်ချ ခွင့်တရားဝင်တောင်းဆိုသည့် ဇာတ်ကား ဖြစ်နေရာ တစ်ချိန်တည်းတွင် ကော် ဇောနီပေါ်၌ အမျိုးသမီးတို့ကလည်း ဆန္ဒပြခဲ့ ကြခြင်းဖြစ်သည်။

Read more...
Subscribe to this RSS feed