HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ရန်ကုန်မြို့ရှိ အထင်ကရ ရေကန်ကြီးများ၊ သစ်ပင်များကို ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်သွားမည်  

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မြို့ရှိအမွေ အနှစ် အဆောက်အအုံများသာမ က အထင်ကရရေကန်ကြီးများ၊ သစ် ပင်များသည် ရန်ကုန်မြို့၏သဘာဝ အမွေအနှစ်များဖြစ်သည်ကို အများ ပြည်သူသိရှိစေရန် ရန်ကုန်မြို့ပြအ မွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်း ပြားများ တပ်ဆင်သွားမည်ဖြစ် ကြောင်း သိရသည်။ ယင်းအမွေအနှစ်များ၏ သမိုင်း ကြောင်းများကိုသိရှိနိုင်ရန် ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (YHT) မှရန်ကုန် မြို့ပြအမွေအနှစ်အဖြစ် အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်သွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

AIDS ဖြင့် ဆုံးပါးသွားသူများအား ရည်စူး၍ ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ပွဲ စစ်ကိုင်း၌ ကျင်းပ

စစ်ကိုင်း၊ ဇွန် ၁

စစ်ကိုင်းမြို့ ရွှေ ဇေယျာ (CBO)အဖွဲ့မှ AIDS ရောဂါဖြင့် သေဆုံးသွားသူများ အတွက် ခြောက်ကြိမ်မြောက် အောက်မေ့သတိရဆီမီး ထွန်းညှိ ဆုတောင်းမေတ္တာပို့သပွဲကို မေ ၃၁ ရက်ည ၇ နာရီက စစ်ကိုင်း မြို့ ဧမြဝတီရပ်ဧရာဝတီမြစ်ရေ ဆိပ် သဲသောင်ပြင်ပေါ်တွင်ကျင်း ပရာ ဘာသာပေါင်းစုံမှတက်ရောက် ဆုတောင်းမေတ္တာ ပို့ကြကြောင်း သိရသည်။ ရှေးဦးစွာ သဲသောင်ပြင်ပေါ်တွင် အသင့်ပြင်ဆင်ထားသည့်နေ ရာများ၌ ဖယောင်းတိုင်နှင့်ဆီမီး များထွန်းညှိကြကာ ရွှေဇေယျာ CBO အဖွဲ့နာယက ဒေါက်တာ အောင်ကျော်မျိုးက Candle Light Memorial  ပြုလုပ်ရခြင်းအား ရှင်း လင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

သုတစွယ်စုံ စာပေဆုချီးမြှင့်ပွဲ ကျင်းပ၊ တစ်သက်တာဆုရှင် ဆရာကြီးမောင်ခင်မင်-ဓနုဖြူ အပါအဝင် ဆုရသူ ခုနစ်ဦးကို ဆုချီးမြှင့်  

ရန်ကုန်၊ ဇွန် ၁

ယနေ့ခေတ် သည် သိပ္ပံနှင့်နည်းပညာပြောင်း လဲမှု မြန်ဆန်လာသည့်အတွက် သုတစာပေလည်း အရေးကြီး ကြောင်း (၁၄)ကြိမ်မြောက် သုတ စွယ်စုံစာပေဆု ဆုချီးမြှင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကထည့်သွင်း ပြောကြားသည်။ ဇွန် ၁ ရက်တွင် ဆူးလေရှန် ဂရီလာဟိုတယ်၌ပြုလုပ်သော သု တစွယ်စုံစာပေဆု ဆုချီးမြှင့်ပွဲ အ ခမ်းအနား၌ပြောခဲ့ခြင်းဖြစ်ပြီး ဆု ချီးမြှင့်ပွဲတွင် သုတစွယ်စုံတစ်သက် တာ စာပေဆုရှင် ဆရာကြီးမောင် ခင်မင်-ဓနုဖြူအပါအဝင် ဆုရရှိသူ ခုနစ်ဦးကို ဆုချီးမြှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ရေကြီးရေလျှံမှု လျော့နည်းစေရန် မိုးရေစုကန်များ ထပ်မံ တည်ဆောက်သွားမည်

မန္တလေး၊ မေ ၃၁

မန္တလေး မြို့တွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များ တွင် မိုးရွာသွန်းမှုများပါက ဖြစ် ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု များကို လျော့နည်းကာကွယ်ရေး အတွက် မိုးရေစုကန် (Detention Pond) များထပ်မံတည်ဆောက် သွားမည်ဖြစ်ပြီး ချမ်းမြသာစည် မြို့နယ်အတွင်း နဂိုရှိပြီးဖြစ်သည့် မိုးရေစုကန်ကိုလည်း အဆင့်မြှင့် တင်မှုလုပ်ငန်းများစတင်ဆောင် ရွက်လျက်ရှိကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးမရွာသဖြင့် ရေကျနည်းနေသော ဘုံတလာရေတံခွန်သို့ ခရီးသွားဧည့်သည် လာရောက်မှု မရှိသလောက်ဖြစ်နေ  

မတူပီ၊ မေ ၃၁

ချင်းပြည်နယ် (တောင်ပိုင်း)မတူပီမြို့၌ မိုးရွာသွန်းမှုမရှိသဖြင့် မြို့ပေါ်ရှိနာမည်ကြီးဘုံခုနစ်ဆင့် ဘုံတလာရေတံခွန်၌ရေကျ နည်းနေသည့်အတွက် လာရောက်ကြည့်ရှုအပန်းဖြေအနားယူသည့် ဧည့်သည် များမရှိသလောက်နည်းပါးနေကြောင်း သိရသည်။ ဘုံတလာရေတံခွန်မှာ မတူပီမြို့နှင့် ၁၂ မိုင်ခန့်အကွာ ဟားခါး- မတူပီ သွားလမ်းမကြီးဘေး ငလိုင်ကျေးရွာလမ်းခွဲမှတောင်ဆင်း တောင်တက် လမ်းအတိုင်းသွားရပြီး လမ်းကောင်းမွန်ခြင်းမရှိသဖြင့် ဆိုင်ကယ်ဖြင့်တစ်ဖုံ လမ်းလျှောက်၍တစ်ခါ တောတိုးသွားလာကြရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရိဒ်ရေကန်အတွင်း ရှင်သန်နေသည့် ငါးမျိုးစိတ်များကို ထိန်းသိမ်းနေပြီး လိုအပ်သည့် ငါးမျိုးစိတ်များကို နှစ်စဉ် စိုက်ထည့်ပေးနေ  

ကလေး၊ မေ ၃၁ 

မြန်မာ-အိန္ဒိယ နယ်စပ်၌ တည်ရှိပြီး ချင်းပြည်နယ်၏ အမှတ်တရနေရာတစ်ခု ဖြစ်သည့်ရိဒ်ရေကန်ကို အရှည်သဖြင့် လှပတည် တံ့စေရန်နှင့် သဘာဝပတ်ဝန်းကျင်မပျက်စီးရန် ရည်ရွယ်၍ ရေကန်အတွင်းရှိ ထိန်းသိမ်းရန်လို အပ်နေသည့် ငါးမျိုးစိတ်များ စိုက်ထည့်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ရိဒ်ခေါဒါရ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ ''ရိဒ်ရေကန်ထဲမှာ ငါးမျိုးစိတ် ၁၂ မျိုးရှိတယ်။ အဲဒီငါးမျိုးစိတ်တွေ တိုးပွားမှုရှိသလား၊ သေဆုံး ပျောက်ကွယ်မှုတွေဖြစ်သလား၊ ရှင်သန်နေရဲ့လား စသဖြင့် စောင့်ကြည့်ရတာဖြစ်ပါတယ်။ နောက် ပြီး သက်ဆိုင်ရာပြည်နယ်ငါးဦးစီးဌာနကို တင်ပြ ပြီးတော့ လိုအပ်နေတဲ့ငါးမျိုးစိတ်တွေကို ထပ်မံ ဖြည့်ဆည်းဆောင်ရွက်တာဖြစ်ပါတယ်''ဟု ရိဒ်ခေါ ဒါးရ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျင် လမ်းခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဘားအံ-ကော့ကရိတ်- မြဝတီလမ်းကြောင်း ယာဉ်များပေါ်တွင် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနှင့် ခိုးဝင်ဘင်္ဂါလီများ ပါလာမှု ရှိ၊ မရှိ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေး  

မြဝတီ၊ မေ ၃ဝ

ကရင်ပြည်နယ် ဘားအံ-ကော့ကရိတ်-မြဝတီလမ်း ကြောင်းတစ်လျှောက်တွင်မေ ၃ဝ ရက်မွန်းလွဲပိုင်းမှစတင်၍ မော် တော်ယာဉ်များပေါ်တွင် မူးယစ် ဆေးဝါးများ၊ လက်နက်ခဲယမ်းများ နှင့် ခိုးဝင်ဘင်္ဂါလီများပါလာမှုရှိ၊ မရှိနယ်မြေခံ ရဲတပ်ဖွဲ့ဝင်များမှအ ရှိန်အဟုန်မြှင့် စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေး တိုင်းဒေသကြီးအတွင်း၌ ယခုနှစ်တွင် အပင်ပေါင်း ကိုးသိန်းကျော် စိုက်ပျိုးမည်  

မန္တလေး၊ မေ ၃ဝ 

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး)မှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်တွင် သစ်ပင်ပေါင်း ကိုးသိန်းကျော် စိုက်ပျိုးမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦး ကျော်မိုးအောင်ထံမှ သိရသည်။ ''ယခုအချိန်အထိ ကျေးရွာ သုံးစိုက်ခင်း ဧက ၆ဝဝ မှာ သစ် ပင်ပေါင်း ၃၂၄ဝဝ၊ ဆည်မြောင်း တာတမံတွေအနီး ဧက ၂ဝဝ မှာ အ ပင်ပေါင်း ၈ဝ၆ဝဝ၊ တောင်တန်းမြေ ဧက ၃ဝဝ မှာ အပင် ၁၂ဝ၉ဝဝ၊ ဒေသ သစ်မျိုးများသာစိုက်ပျိုးသော အ ခြားစိုက်ခင်းဧက ၁ဝဝ မှာ အပင် ၁၂၁ဝဝဝ၊ စုစုပေါင်းအပင်ပေါင်း ၈ဝ၈၃ဝဝ စိုက်ပျိုးပြီးဖြစ်ပါတယ်'' ဟု ညွှန်ကြားရေးမှူးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...