HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

နာတာရှည် မောပန်းနွမ်းလျမှု ကုထုံးက ဆယ်ကျော်သက်များကို အထောက်အကူ ပြုစေဖွယ်ရှိ

ဘရစ္စတိုးလ်

 

ဘရစ္စတိုးလ်တက္ကသိုလ်မှ လေ့လာဆန်းစစ်မှုတစ်ခုအရ မပြင်းထန်သော သို့မဟုတ် သင့်တင့်သော နာတာရှည် ပင်ပန်းနွမ်းလျမှု ရောဂါလက္ခဏာ CFS ရှိသောကလေးများကို စမ်းသပ်မှုပြုရာတွင် မောပန်းနွမ်းလျမှုကို လျှော့ချပေးနိုင်ကြောင်း သိရသည်။ နာတာရှည် မောပန်းနွမ်းလျမှုရောဂါ လက္ခဏာ CFS ကို Myalgic Encephalomyelitis(ME) အဖြစ်သိထားပြီး ယင်းသည် အင်အားချည့်နဲ့သော နာမကျန်းမှုဖြစ်ပြီး UK ရှိ အလယ်တန်းကျောင်းသား တစ်ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားလေ့ရှိသည်ဟုဆိုသည်။ အဆိုပါရောဂါလက္ခဏာသည် ဗြိတိန်နိုင်ငံရှိ လူပေါင်း ၂၅ဝဝဝဝ တွင် ဖြစ်ပွားနေသည်ဟု ယူဆရသည်။

ဆက်လက်ဖတ်ရှုရန် ...

တစ်ကျော့ပြန် ပြန်လည်ခေါင်းထောင်လာသည့် လူကုန်ကူးမှုပြဿနာ

ရန်ကုန်၊ နိုင်ငံတစ်ခု၏ စီးပွားရေးအခြေအနေသည် ယင်းနိုင်ငံရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အခြေအနေများနှင့်ပါ တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိနေသည်။ ထိုကဲ့သို့ ပြဿနာများနှင့် ရင်ဆိုင်နေရ သည့် အထဲတွင် မြန်မာနိုင်ငံသည်လည်း တစ်ခုအပါ အဝင် ဖြစ်နေသည်။

ဆက်လက်ဖတ်ရှုရန် ...

ကလေးငယ်တစ်ဦးကို ပထွေးဖြစ်သူက မတရား ရိုက်နှက်ခဲ့သည်ဟု ဆိုကာ ကလေး၏ အဒေါ်ဖြစ်သူက ရဲစခန်းသို့ တိုင်ကြား

မြဝတီ၊ စက်တင်ဘာ ၂၆

 

ကရင် ပြည်နယ် မြဝတီမြို့တွင် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ပထွေးဖြစ်သူက မတရားရိုက်နှက်ခဲ့သည်ဟုဆိုကာ အဒေါ်ဖြစ်သူက ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြဝတီမြို့နယ် ကျွန်း တောရပ်နေ မနန်းခင်ဝိုင်း(ခ)မအေးသင်း(၂၅)နှစ်၏သားဖြစ်သူ မောင်--- ငါးနှစ်ကို မနန်းခင်ဝိုင်း၏ တတိယ မြောက်ခင်ပွန်းဖြစ်သူ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်နေ စိုင်းသော်ဇင်(၂၆)နှစ်က အင်္ကျီသံချိတ်ဖြင့် မောင်---၏ကျောကုန်း၊ တင်ပါး၊ ပေါင်၊ ဝမ်းဗိုက်၊ ပါးပြင်၊ ဦးခေါင်းတို့ကို ဒဏ်ရာများရရှိအောင် နှိပ် စက်ညှဉ်းပန်းရိုက်နှက်ထားသည် ဟုဆိုကာ မောင်---၏ အဒေါ်ဖြစ်သူ မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ---နေ မ---(၄၆)နှစ်က မြဝတီမြို့မ ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ချက်သမ္မတနိုင်ငံ ရဲတိုက်ကြီးများပြပွဲကို ၁၁ ရက်တိုင်တိုင်ပြသသွားမည်၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရဲတိုက်ကြီး ၁၂ ခုအနက် ခြောက်ခုကိုလည်း ထည့်သွင်းပြသမည် ဟုဆို

ရန်ကုန်၊ စက်တင်ဘာ၂၆

 

ချက်သမ္မတနိုင်ငံ၏ 'ချက်ရဲတိုက်ကြီးများ ပြပွဲ'ကို အမျိုးသားပြတိုက်(ရန်ကုန်) တွင် ၁၁ရက်တိုင်တိုင်ပြသသွားမည် ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရဲတိုက်ကြီး ၁၂ ခုအနက် ခြောက်ခုကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် ရဲတိုက်ကြီးစုစု ပေါင်း ၃၇ ခု၏ဓာတ်ပုံများ၊ ပန်းချီ များနှင့် နောက်ခံသမိုင်းကြောင်းများကိုလည်း ပြသထားမည်ဖြစ် ကြောင်း၊ ပြပွဲကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၂ ရက် အထိပြသမည်ဖြစ်ပြီး အခမဲ့ မည်သူ မဆိုသွားရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အမျိုးသားပြတိုက် (ရန်ကုန်) မှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက် (၁၃၉)နှစ်မြောက် ဆွမ်းဆက် ကပ်၊ ဝါတော်သက်တော်ကြီး ဆွေတော်မျိုးတော်များကို ကန်တော့

မန္တလေး၊ စက်တင်ဘာ ၂၆

 

ကုန်း ဘောင်မင်းဆက်မောင်နှမများ ဦးဆောင်စီစဉ်မှုဖြင့် ရတနာပုံ မြို့တည်နန်းတည် မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက်(၁၃၉) နှစ်မြောက်ကိုရည်စူး၍ သံဃာ တော်များအား ဆွမ်းလောင်းလှူပွဲ နှင့် မတကဘတ်ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို စက်တင်ဘာ ၂၆ ရက် နံနက် ၉ နာရီက မန္တလေး နန်းမြို့ မြနန်းစံကျော်ရွှေနန်းတော်အရှေ့ စမုခ်ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နေပြည်တော်တွင် ကန်တော့ပစ္စည်းမုန့် ခြင်းများ တရုတ်နိုင်ငံလုပ် ရောင်စုံမီးပုံးနှင့် ပြည်တွင်းလုပ် ရောင်စုံမီးပုံးများ အရောင်းအ၀ယ်စတင်ဖြစ်လာ

နေပြည်တော်၊ စက်တင်ဘာ ၂၄-နေပြည်တော်တွင် ကန်တော့ ပစ္စည်းမုန့်ခြင်းများနှင့် တရုတ် နိုင်ငံလုပ် ရောင်စုံမီးပုံးများနှင့် ပြည်တွင်းလုပ်ရောင်စုံမီးပုံးများ အရောင်းအ၀ယ်စတင်ဖြစ်လာ ကြောင်း သိရသည်။ "ကန်တော့ပစ္စည်းမုန့်ခြင်း ၀ယ်တဲ့သူတွေပဲများတယ်။ ကန့် တော့ပစ္စည်းတွေအ၀ယ်များတာ ကတော့ အချိုရည်ဘူး၊ မုန့်မျိုးစုံ သက်ကြီးရွယ်အိုတွေ အားရှိစေ မယ့် ငှက်သိုက်၊ ကြက်ပေါင်းအာ ဟာရအစာပစ္စည်းတွေပဲ အ၀ယ် များတယ်။ အရင်အစောပိုင်းခေတ် ကာလကလို လက်ဆောင်ပစ္စည်း ပန်းခြင်းတွေဝယ်ယူတာမျိုး အခု အချိန်မှာမရှိတော့ဘူး။ ကန်တော့ ပစ္စည်းမုန့်ခြင်းဈေးနှုန်းတွေအနေ နဲ့ တစ်ခြင်းကို ကျပ် ၂၀၀၀၀ မှ ကျပ် ၆၀၀၀၀ ထိအရောင်းအ၀ယ် ဖြစ်တယ်။ အဲဒီကန်တော့ပစ္စည်း မုန့်ခြင်းအရောင်းအ၀ယ်ဖြစ်တာ က သီတင်းကျွတ်လပြည့်နေ့ ရောက် ခါနီးမှ ၀ယ်ကြတာများပါတယ်"  ဟု ပျဉ်းမနားမြို့ မြင့်မြင့်သန်းကုန်မျိုး စုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးစိုး မြင့်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

နတ်ပေါက်ဆင်စခန်းသို့ လာရောက်ကြည့်ရှုလေ့လာသူများပြား

ကသာ၊ စက်တင်ဘာ ၂၄- စစ် ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်ကြီးမြို့နယ်ရှိ နတ်ပေါက် ဆင်စခန်းသို့ ကသာအင်းတော် ကြီးမြို့နယ်များမှ ပြည်သူများက ဆင်စခန်းသို့ စနေ၊ တနင်္ဂနွေနေ့ များ အပါအ၀င် ရုံးပိတ်ရက်များ တွင် အများအပြား လာရောက်အ ပန်းဖြေအနားယူကြည့်ရှုကြကြောင်း သိရသည်။

နတ်ပေါက်ဆင်စခန်းမှာ ကသာ-နဖားကားလမ်းပေါ် ကသာ မှ ၁၁ မိုင်အကွာ ဖက်စွပ်သစ်တော ကြိုးဝိုင်းအတွင်း ဧကငါးဧကအ တွင်း ဖွင့်လှစ်ထားသော ဆင်စခန်း ဖြစ်ပြီး အဆိုပါဆင်စခန်းမှာ ကသာ အနောက်သစ်ထုတ်လုပ်ရေးဒေသ တွင်ပါဝင်ကာ ဆင်စခန်းတွင် ကွန်ချီဆင်ထီးတစ်ကောင်၊ ၀န်တင် ဆင်သုံးကောင်၊ ကလေးဆင်လေး ကောင်၊ မိဘမဲ့ဆင်ငယ်တစ်ကောင် နှင့်အမ ခြောက်ကောင်ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ (သီတင်းကျွတ်ပွဲတော်)ကို အောက်တိုဘာ ၄ ရက်မှစတင်၍စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

နေပြည်တော်၊ စက်တင်ဘာ ၂၄- ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ် ကျိပ်ရှစ်ဆူဘုရားပွဲကို(၉၉)ကြိမ် မြောက်အဖြစ် ရိုးရာအစဉ်အလာ မပျက် အောက်တိုဘာ ၄ ရက်(သီ တင်းကျွတ်လဆန်း ၁၄ ရက်)မှ အောက်တိုဘာ ၆ ရက်(သီတင်း ကျွတ်လပြည့်ကျော် ၁ ရက်)နေ့အ ထိ စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

" ပျဉ်းမနားမြို့ သီတင်းကျွတ် ပွဲတော်ကို လုပ်ရိုးလုပ်စဉ်အတိုင်း ဘဲ ဒီနှစ်လည်း ဆက်လက်ကျင်းပ သွားမှာဖြစ်ပါတယ်။ ဘုရားပွဲတော် ရက်အတွင်းမှာ တစ်စုံတစ်ရာဧည့် သည်ကိစ္စမျိုးဖြစ်တာမှအပ ကျန် တာတွေကို ကြိုတင်ပိတ်ပင်ထား တာတို့မရှိပါဘူး။ ပျဉ်းမနားမြို့နှစ် ကျိပ်ရှစ်ဆူဘုရားပွဲတော်ကျင်းပဖို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အ စည်းတွေကတော့ ခွင့်ပြုထားပါ တယ်။ ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ် ဆူများ မြို့တွင်းလှည့်လည်ပူဇော် ပွဲနဲ့ နိုင်ငံကျော်အဆိုတော် သရုပ် ဆောင်များရဲ့ညလုံးပေါက် မြို့တွင်း လှည့်လည်သီဆိုဖျော်ဖြေကြမယ့် ရိုးရာဘုရားပွဲအစီအစဉ်ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်းဘဲကျင်းပ မယ်။ ဘုရားပွဲတော်ရက် သုံးရက် အတွင်းမှာ ပေါ်ပေါက်လာတဲ့အ ခြေအနေပေါ်မှာ မူတည်ပြီးတော့ မှသာ ကျင်းပမည့်ရက်ကို သူတို့က ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ် " ဟု ရန်အောင်(၂)ဓမ္မာရုံ ၀တ်ဖြူတော် အသင်းဂေါပကအဖွဲ့ဝင်တစ်ဦး က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...