HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မြန်မာ-ထိုင်းနှစ်နိုင်ငံပိုင် မယ်ဆိုင်ချောင်း မတိမ်ကောရေး၊ ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် နှစ်နိုင်ငံပူးပေါင်း၍ ချောင်းတူးဖော်  

တာချီလိတ်၊ မေ ၃ဝ 

မြန်မာ- ထိုင်းနှစ်နိုင်ငံပိုင် မယ်ဆိုင်ချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တာချီလိတ်မြို့ဘက်ခြမ်းရေ ချောင်းအတွင်း ယန္တရားများဖြင့်တူး ဖော်မှုလုပ်ငန်းများကို မေ ၃ဝ ရက် နံနက်ပိုင်းက မြန်မာ-ထိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ''မနေ့ညနေပိုင်းကစတင်ပြီး ယန္တရားတွေနဲ့တူးဖော်မှုလုပ်ငန်းကို စတင်နေပါပြီ၊ ဒီနေ့ကတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေက ဆောင်ရွက်နေမှုတွေကို ကွင်းဆင်းကြည့် ရှုတာပေါ့၊ မိုးရာသီကလည်း စတင် လာပြီဆိုတော့ ရေစီးရေလာကောင်း မွန်လာရင် နှစ်နိုင်ငံတောင်သူတွေ အနေနဲ့လည်း စိုက်ပျိုးရေးလုပ်ငန်း အတွက် အဆင်ပြေသွားပါလိမ့်မယ်'' ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မော့ကြည့်ရမှာလား ငုံ့ကြည့်ရမှာလား ရန်ကုန်  

ရန်ကုန်

ရန်များကုန်စင်၍ ရန်ကုန်ဟု အမည်တွင်စေခဲ့သော ရန်ကုန်မြို့ကြီးသည် ခေတ်အဆက်ဆက် သမိုင်းအမွေ  အနှစ်များတည်ရှိရာ မြို့တော်ကြီးလည်း ဖြစ် လာသည်။ ယခင်က မြန်မာနိုင်ငံ၏မြို့တော်ဖြစ် ခဲ့သော်လည်း စစ်အာဏာရှင်များ၏ ပြောင်းလဲ လိုက်သည့် ခေတ်စနစ်အခြေအနေများအရ ရန်ကုန်သည် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ဖြစ်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မကွေးမြို့နယ်အတွင်း စတင်ရွာသွန်းခဲ့သည့် မိုးဖြင့် တောင်သူများစိုက်ပျိုးရေး လုပ်ငန်းများ စတင်

မကွေး၊ မေ ၂၉

မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ်အတွင်း၌ မေ ၂၈ ရက်ညနေပိုင်းက ရွာသွန်း ခဲ့သောမိုးဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်း များစတင်နေကြပြီဖြစ်ကြောင်း ဒေသ ခံတောင်သူများထံမှ သိရသည်။ မကွေးမြို့နယ်အတွင်းရှိကျေး ရွာများမှာ မိုးကိုအဓိကအားကိုးပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင် ကြရကာ မေ ၂၈ ရက်ညနေပိုင်းတွင် ရွာသွန်းခဲ့သည့်မိုးမှာ တောင်သူများ စိုက်ပျိုး၍ရရှိနိုင်သော အစိုဓာတ်ရရှိ သဖြင့် နှမ်းနှင့်မြေပဲများ စတင်စိုက် ပျိုးကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အသက်(၂၅)နှစ်အထက် မြန်မာအမျိုးသား ၁ဝဝ လျှင် ၆ဝ ခန့် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲနေ၊ နှစ်စဉ်ရောဂါရပြီး လူခုနစ်ထောင်ခန့်သေဆုံး  

ရန်ကုန်၊ မေ ၂၉

မြန်မာနိုင်ငံရှိ အသက် (၂၅)နှစ်အထက် အမျိုးသား ၁ဝဝ ဦးလျှင် ၆ဝ ဦးသည် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုရှိ ပြီး နှစ်စဉ် ဆေးလိပ်၊ ဆေးရွက်ကြီး ကြောင့်ရောဂါရပြီး သေဆုံးသူ ခုနစ် ထောင် ခန့်ရှိကြောင်း သိရသည်။ မေ ၂၉ ရက်တွင် တော်ဝင် ဂါးဒင်းဟိုတယ်၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ကလေးများ ဆေးရွက်ကြီး ကင်းစင်ရေး လှုပ်ရှားမှုအဖွဲ့တို့၏ပံ့ပိုးမှုဖြင့် ပြည်သူ့ကျန်းမာရေးဖောင် ဒေးရှင်းမှ ကြီးမှူးပြုလုပ်သော မေ ၃၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ အခမ်း အနားမှ သိရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကန်းဆက်နှင့် ပင်ဆယ်ဘေးနီးယားပြည်နယ် အပါအဝင် အမေရိကန်နိုင်ငံတစ်ဝန်း လေဆင်နှာမောင်း တိုက်ခတ်

ကန်းဆက်စီးတီး၊ မေ ၂၉

ပြီးခဲ့သည့်မေ ၂၈ ရက်တွင် အမေရိကန်နိုင်ငံ အလယ်ပိုင်းရှိ ကန်းဆက်စီးတီးမြို့ အနောက်ဘက် မြို့ပြင်တွင် အင်အားပြင်းလေဆင်နှာမောင်းတစ်ခု ထက်မကတိုက်ခတ်ခဲ့မှုကြောင့် သစ်ပင်များနှင့် ဓာတ်အားလိုင်းများ ပြိုလဲခြင်း၊ အိမ်များထိခိုက် ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး အရှေ့ဘက်ရှိ နယူး ယောက်စီးတီးမြို့အထိ လေဆင်နှာမောင်းသတိပေး ချက်များထုတ်ပြန်ထားရသည့် ဆိုးရွားသော ရာသီဥတုကြောင့် အနည်းဆုံးလူ ၁၂ ဦး ဒဏ် ရာရရှိခဲ့သည်။ အင်ဒီးယားနားနှင့် အိုဟိုင်း ယိုးပြည်နယ်တို့တွင် ညလုံးပေါက်လေပွေ များတိုက်ခတ်မှုကြောင့် အိမ်များပျက်စီး ခြင်း၊ ပြတင်းပေါက်များလွင့်ထွက်ခြင်းတို့ ဖြစ်ပေါ်စေခဲ့ပြီး နာရီပိုင်းအကြာတွင် ပင်ဆယ်ဘေးနီးယားနှင့် နယူးဂျာစီပြည်နယ်တို့တွင်လည်း လေ ဆင်နှာမောင်း သတိပေးချက်များကိုထုတ် ပြန်လိုက်ရသည်။ အဆောက်အအုံများထိ ခိုက်ခဲ့မှုကြောင့် ကျောင်းအချို့ကိုလည်း စော စောပိတ်လိုက်ရသည်။ အနည်းဆုံးဒဏ်ရာ ရရှိသူ ၁၃ဝ ရှိပြီး တစ်ဦးသေဆုံးခဲ့သည်ဟု လည်းဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် လူပေါင်းရှစ်သိန်းကျော်ကို ကာလဝမ်းရောဂါ ကာကွယ်ဆေး ထိုးနှံပေး  

ဂျီနီဗာ၊ မေ ၂၈

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ကာလဝမ်းရောဂါကာ ကွယ်ဆေးထိုးနှံမှုကမ်ပိန်းကို လူ ပေါင်း ရှစ်သိန်းကျော်ကိုထိုးနှံပေး ခြင်းဖြင့် စတင်လိုက်ပြီဖြစ်ပြီး ပြီး ခဲ့သည့် ဇန်နဝါရီလမှစတင်ကာနိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားမှု တစ်သောင်းကျော်နှင့် သေဆုံးသူ ၂၄ဝ ကျော်ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မေ ၂၇ ရက်တွင် ပြောဆိုခဲ့ သည်။ ယင်းကမ်ပိန်းကို နိုင်ငံအရှေ့ပိုင်းရှိ မြောက်ကီဗူပြည်နယ် တွင် စတင်ခဲ့ပြီး ယင်းနေရာသည် အီဘိုလာရောဂါ စတင်ဖြစ်ပွားခဲ့ ရနေရာဖြစ်သည်ဟု  WHO ကဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ပါရာဂွေးနိုင်ငံတွင် ရေကြီးမှုကြောင့် မိသားစုပေါင်း ခုနစ်သောင်းကို နေရာရွှေ့ပြောင်းပေးထားရ

အာဆွန်ဆီယမ်၊ မေ ၂၈

ပါရာဂွေးနိုင်ငံတွင် ရေကြီးမှု ကြောင့် မိသားစုပေါင်း ခုနစ်သောင်း ကို နေရာရွှေ့ပြောင်းပေးထားရပြီး လာမည့် သီတင်းပတ်များအတွင်း မြို့တော် အာဆွန်ဆီယမ်ကိုလည်း ရေကြီးမှုက ခြိမ်းခြောက်နေကြောင်း နိုင်ငံမိုးလေဝသဗျူရိုက ပြောကြားခဲ့ သည်။ ပါရာဂွေးမြစ်အတွင်း ရေ မျက်နှာပြင်မှာ တစ်နေ့လျှင် ၅ စင် တီမီတာ နှုန်းဖြင့် မြင့်တက်နေပြီး သဘာဝ ဘေးအန္တရာယ်ဖြစ်ပွား နေသည့် ရေအမှတ်အောက် ၄၆ စင်တီမီတာသို့ ရောက်ရှိနေသည် ဟု မိုးလေဝသနှင့် ဇလဗေဒဌာနမှ တရားဝင်အချက်အလက်များအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာ့မြစ်ကြီးများတွင် ပဋိဇီဝစွန့်ပစ် ပစ္စည်းများဖြင့် ပြည့်နှက်နေကြောင်း လေ့လာမှုတစ်ခုတွင်ဖော်ပြ

ပဲရစ်၊ မေ ၂၈

ကမ္ဘာတစ်ဝန်းရှိ မြစ်ကြီးများ မှာ သဘာဝပတ်ဝန်းကျင် ဘေး ကင်းလုံခြုံစိတ်ချရမှုထက် အဆ ၃ဝဝ ထက်ကျော်လွန်နေသည့် ပဋိဇီဝစွန့်ပစ်ပစ္စည်းများဖြင့် ညစ် ညမ်းနေကြောင်း မေ ၂၇ ရက်တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခု၌ ထုတ်ဖော်ခဲ့သော သုတေသနပြု ချက်တစ်ခုအရ သိရသည်။ နိုင်ငံ ပေါင်း ၇၂ ခုရှိ မြစ်များမှ ရယူခဲ့ သော နမူနာ ၇၁၁ ခု၏ သုံးပုံနှစ်ပုံ တွင် ပဋိဇီဝစွန့်ပစ်ပစ္စည်း တစ်မျိုး သို့မဟုတ် တစ်မျိုးထက်မကကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ရ ကြောင်း၊ ဟယ်ဆင်စကီရှိ ပတ်ဝန်း ကျင်အဆိပ်ရေးရာ ကျွမ်းကျင်သူ များ၏ အစည်းအဝေးတွင် ပြော ကြားခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...