HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အပူချိန်လွန်ကဲပြီး ရေဓာတ် ခန်းခြောက်မှုကြောင့် ကြယ်လိပ်များ သေဆုံးခဲ့၍ ထပ်မံသေဆုံးမှု မဖြစ်စေရန် ဆောင်ရွက်နေ

မကွေး၊ မေ ၂၇

မကွေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲမှုကြောင့် ယခုလအတွင်း ရွှေစက်တော်ဘေးမဲ့တောရှိ သုံးနှစ်၊ လေးနှစ်ဝန်းကျင် အရွယ်ရှားပါးမြန်မာ့ကြယ်လိပ် ၆၂ ကောင်သေဆုံးခဲ့ကြောင်း ရွှေစက်တော်ဘေးမဲ့တောမှ ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောကြားသည်။ ရွှေစက်တော်ဘေးမဲ့တောအတွင်းသို့ ကြယ်လိပ်များကို နှစ်စဉ်လွှတ်ပေးခဲ့ပြီး ယခုတတိယအကြိမ်မြောက် လွှတ်ပေးသည့် ကြယ်လိပ်ကောင်ရေ ၆၅ဝ မှ မေ ၁ဝ ရက်မှစတင်ကာ တစ်ပတ်နှစ် ကောင်သေ၊ သုံးကောင်သေဖြင့် ဆက်တိုက်သေခဲ့ရာ မေ ၂၆ ရက် အထိ ၆၂ ကောင်သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပုဂံဒေသခံများ ခရီးသွားလုပ်ငန်းကို ပိုမိုလုပ်ကိုင်လာပါက မိရိုးဖလာ ဒြပ်မဲ့ယဉ်ကျေးမှု လုပ်ငန်းများ လျော့နည်းလာနိုင်

ရန်ကုန်၊ မေ ၂၇ 

ပုဂံဒေသရှိ ဒေသခံများအနေဖြင့် အားကောင်းလာသည့် ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်မှု ပိုများလာလျှင် မိရိုး ဖလာလုပ်ငန်းများ လုပ်ဆောင်မှုနည်းလာပြီး ဒြပ်မဲ့ယဉ်ကျေးမှုများ အားလျော့ ပျောက်ဆုံးသွားနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ယူနက်စကို၏ ကျွမ်းကျင်ပညာရှင်ထံမှသိရသည်။ အဆိုပါကိစ္စကို မေ ၂၆ ရက်တွင် အတွင်းဝန်များရုံး၌မြန်မာ နိုင်ငံဧည့်လမ်းညွှန်အသင်းမှကြီးမှူး ကျင်းပသည့် 'ပုဂံဒေသကို မြန်မာ့အမွေအနှစ်မှ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း ၂ဝ၁၉ ဝင်ရောက်ရေးကြိုဆိုပွဲနှင့် ဆွေး နွေးပွဲအခမ်းအနား'တွင် ယူနက်စကို၏ ကျွမ်းကျင်ပညာရှင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပညာသင်ကြားရန် ခက်ခဲနေသော ကလေးများကို ပစ်ပယ်မထားဘဲ တာဝန်ရှိပုဂ္ဂိုလ်များက ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ပြောကြား

မော်လမြိုင်၊ မေ ၂၇

ပညာသင်ကြားရန် ခက်ခဲနေသောကလေး များကို သူ့ထိုက်နှင့်သူ့ကံဆိုပြီးပစ် ပယ်မထားဘဲ ကျောင်းအကျိုးတော် ဆောင်များ၊ ပညာရေးဝန်ထမ်းများနှင့်အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များက ဝိုင်းဝန်းကူညီပံ့ပိုး ဖြေရှင်းပေးကြစေလိုကြောင်း မွန် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ အေးဇံက ပြောကြားခဲ့ကြောင်းသိ ရသည်။

ဆက်လက်ဖတ်ရှုရန် ...

အိမ်နံပါတ်များကို နိုင်ငံတကာ စံနှုန်းအတိုင်း စနစ်တကျ သတ်မှတ်နိုင်ရန် နည်းပညာရှင်များနှင့် ဆွေးနွေးနေ  

မန္တလေး၊ မေ ၂၆

မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ရပ်ကွက် အိမ်နံပါတ်များကို နိုင်ငံတကာအသိအမှတ်ပြုထားသောစံနှုန်းများနှင့်အညီ ZIP Code ဖြင့်စနစ်တကျ သတ်မှတ်နိုင်ရေးအတွက် နည်းပညာရှင်များနှင့်ဆွေးနွေးညှိနှိုင်းမှုများ စတင်လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပူးပေါင်းပြီး ပိုမိုအားကောင်းစေရန် ဆောင်ရွက်ရမည့်အစား မိဘချင်း အမှတ်အနည်းအများ ယှဉ်ပြိုင်နေခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရန် ရုန်းကန်နေရသည်ဟု ပညာရေးပြည်ထောင်စု ဝန်ကြီးပြော  

ရန်ကုန်၊ မေ ၂၆

ပူးပေါင်းပြီး ပိုမိုအားကောင်းစေရန် ဆောင်ရွက်ရမည့်အစား မိဘချင်းအမှတ်အနည်းအများ ယှဉ်ပြိုင်နေခြင်းများ ကြောင့် ဖွံ့ဖြိုးတိုးတက်ရန်ရုန်းကန်နေရသည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံသင်္ချာအသင်းမှကြီးမှူးကျင်းပခဲ့သော ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်ဗဟိုအဆင့်သင်္ချာထူးချွန်စာမေးပွဲမှ ရွေးချယ် ခြင်းခံရသည့် အဋ္ဌမတန်း၊ နဝမတန်း၊ ဒသမတန်း ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မေ ၂၆ ရက်က ရန်ကုန်မြို့ အထက (၁) ဒဂုံတွင်ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတက်ရောက် အမှာစကားပြောကြား ရာတွင် ယင်းကဲ့သို့ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ရေချိုခရုမှ ကူးစက်တတ်သည့် သန်ကောင်ရောဂါ ဖြစ်ပွားမှုအမြင့်ဆုံး တိုင်းနှင့်ပြည်နယ်တွင် ရခိုင်ပြည်နယ် ပါဝင်ဟုဆို  

စစ်တွေ၊ မေ ၂၆

ရခိုင်ပြည်နယ်သည် ရေချိုခရုမှ ကူးစက်တတ်သည့် သန်ကောင်ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးတိုင်းနှင့်ပြည်နယ်တွင် ပါဝင်နေကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။ အဆိုပါ ရောဂါကို ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ အချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည် နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျောင်းသားနှင့် မိဘများထံမှ ငွေကြေးမကောက်ခံရန် ဝန်ကြီးဌာန ထုတ်ပြန်  

ရန်ကုန်၊ မေ ၂၅

၂ဝ၁၉- ၂ဝ၂ဝ ပညာသင်နှစ်၏ ကျောင်း အပ်နှံရေးရက်သတ္တပတ်ကို စတင် ဆောင်ရွက်နေပြီဖြစ်ပြီး ကျောင်း သား၊ ကျောင်းသူများနှင့် မိဘများ ထံမှငွေကြေးမကောက်ခံရန် ပညာ ရေးဝန်ကြီးဌာနမှထုတ်ပြန် ကြေ ညာထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျောက်ထုတ် လုပ်ငန်းများကြောင့် ကျိုက်ထီးရိုးတောင် ပြိုကျမည်ကို ဒေသခံများ စိုးရိမ်နေ

ကျိုက်ထို၊ မေ ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ပျဉ်းကတိုးကုန်းရပ်ကွက်အနီးရှိ ဒေသအခေါ် တရုတ်ကျောက်မိုင်းနှင့်အခြားကျောက်မိုင်းများ၏ ကျောက်ထုတ်လုပ်ငန်းများကြောင့် ကျိုက်ထီးရိုးတောင်ပြိုကျမည်ကို ဒေသခံများစိုးရိမ်လျက်ရှိနေကြ ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...