HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မြန်မာနိုင်ငံသား နှစ်ဦးဆိုင်ကယ်ဖြင့် နိုင်ငံပေါင်း ၃ဝ ကျော်ကို ကမ္ဘာလှည့်ခရီးသွားမည်

ရန်ကုန်

မြန်မာနိုင်ငံသားနှစ်ဦးက ဆိုင်ကယ်ဖြင့်နိုင်ငံပေါင်း ၃ဝ ကျော်သို့ ကမ္ဘာလှည့်ခရီးသွားရောက်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဆိုင်ကယ်ဖြင့် ခရီးသွားမည့်သူနှစ်ဦးမှာ ကိုအောင်ကျော်ဝင်းနှင့် ကိုစိုင်းဇွန်ဖတို့ဖြစ်ကာ ခရီးစဉ်မှာငါးလကြာမြင့်မည်ဖြစ် ကြောင်း  motourlogue အဖွဲ့မှ မေ ၂၄ ရက်တွင် တောင်ဥက္ကလာပ မြို့နယ် zayat coworking space တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဇူလိုင်၊ သြဂုတ်လများတွင် မိုးကောင်းနိုင် ရေကြီးခြင်း၊ မြေပြိုခြင်းအန္တရာယ်များ သတိပြုရန် ဒေါက်တာထွန်းလွင်ပြောကြား

ရန်ကုန်

မိုးလယ်ကာလ (ဇူလိုင်၊ သြဂုတ်)တွင် မိုးကောင်းနိုင်ပြီး ရေကြီးခြင်း၊ မြေပြိုခြင်း အန္တရာယ်များသတိပြုရန် မိုးလေ ဝသပညာရှင် ဒေါက်တာထွန်းလွင်က မေ ၂၄ ရက်က သတိ ပေးပြောကြားလိုက်သည်။ ဒေါက်တာထွန်းလွင်က ''၂ဝ၁၉ ခုနှစ်အတွင်း မိုးဦးကာလ (ဇွန်လ)တွင် မိုးနည်းနေရာမှမိုး ရာသီကာလ (ဇွန်၊ ဇူလိုင်၊ သြဂုတ်) လများတွင် မိုးများလာနိုင်သည့် အခြေအနေ ခန့်မှန်းရရှိထားပြီး မိုးလယ်ကာလ(ဇူလိုင်၊ သြဂုတ်)တွင် မိုးကောင်းနိုင်ပါတယ်။ ရေ ကြီးမှု၊ မြေပြိုမှုအန္တရာယ်အပါအဝင် မိုးရွာသွန်းမှု၏အစွန်းရောက် တန်ဖိုးများအန္တရာယ်ကို သတိထားဖို့ လိုအပ်ပါတယ်''ဟု ၎င်းင်း၏လူ မှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတိပေး ပြောကြားထားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆိပ်ကမ်းမြို့နယ်ကို ဗိုလ်တထောင်ထဲသို့ ထည့်သွင်းပြောင်းရွှေ့ရန်မှာ အခြေခံဥပဒေအရ ခက်ခဲဟုဆို

နေပြည်တော်၊မေ ၂၄ 

ဆိပ်ကမ်း မြို့နယ်ကို ဗိုလ်တထောင်ထဲသို့ ထည့်သွင်းပြောင်းရွှေ့ရန်မှာ အခြေ ခံဥပဒေအရခက်ခဲကြောင်း ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်ကပြော သည်။ ရန်ကုန်တိုင်းဒေသကြီး ဆိပ် ကမ်းမြို့နယ်ကို ဗိုလ်တထောင် မြို့နယ်ထဲသို့ ထည့်သွင်းပြောင်းရွှေ့ မည်ဟု ပြောဆိုနေမှုများနှင့် ပတ် သက်ပြီး မေ ၂၄ ရက်၊ အမျိုးသား လွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာ၏ မေးမြန်းမှုအပေါ် ၎င်းင်းက အထက်ပါအတိုင်းပြန် လည်ဖြေကြားခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ကိုင်းနှင့် ကောလင်းမြို့နယ်များ၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီး

စစ်ကိုင်း၊ မေ ၂၄

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ်နှင့် ကောလင်းမြို့နယ်တို့၌ မေ ၂၃ ရက် ည ၉နာရီကျော်က တိုက်ခတ် ခဲ့သောလေပြင်းကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။  အဆိုပါ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ်တွင် လူနေအိမ် ၂၄ လုံး၊ ကောလင်း မြို့နယ်တွင် ဘုန်းကြီးကျောင်းတစ် ကျောင်းနှင့် လူနေအိမ်တစ်လုံးတို့ ပျက်စီးခဲ့ပြီး သက်တမ်းရင့် သစ် ပင်များနှင့် လျှပ်စစ်ဓာတ်မီးတိုင် များ ကျိုးကျပျက်စီးမှုဖြစ်ပေါ်ခဲ့ သည်။

ဆက်လက်ဖတ်ရှုရန် ...

ပုသိမ်ကြီးမြို့နယ်ရှိ ဇီးအုပ်ကွက်သစ်၌ လေပြင်းတိုက်ခတ်၊ နေအိမ် ၁ဝဝ ကျော်ပြိုလဲ၊ အမျိုးသမီး တစ်ဦးသေဆုံး

မန္တလေး၊ မေ ၂၄

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ဇီး အုပ်ကျေးရွာအုပ်စု ဇီးအုပ်ကျေးရွာ ရှိ မြို့မြေ သိမ်းကျုးကွက်သစ်တွင် မေ ၂၃ ရက် ညပိုင်းကတိုက်ခတ် ခဲ့သည့် လေပြင်းဒဏ်ကြောင့် နေအိမ် အလုံး ၁ဝဝ ကျော် ပြိုလဲပျက်စီးခဲ့ ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ပုသိမ် ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ ''မနေ့ညကမိုးမရွာခင် လေအ ရမ်းတိုက်ခဲ့တယ်။ အဲဒီလေပြင်းကြောင့် ဇီးအုပ်ကွက်သစ်က နေအိမ် ၁ဝဝ ကျော်လောက် ပြိုလဲသွားတယ်။ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ ချက်ချင်းသွားပြီး ကူညီကယ် ဆယ်ရေးတွေလုပ်ပေးခဲ့တယ်။ ဒဏ် ရာရတဲ့သူတွေကိုလည်း လူမှုကူ ညီရေးအသင်းတွေနဲ့ ဆေးရုံကြီး ပို့ပေးခဲ့တယ်။တစ်ယောက်ကတော့ ရတဲ့ဒဏ်ရာနဲ့သေဆုံးသွားတယ်'' ဟု ပုသိမ်ကြီးမြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဘီးလင်းမြစ်ရေ၏ အရည်အသွေးသည် သောက်သုံးရေအဖြစ် အသုံးပြုရန် အန္တရာယ်ရှိနေသဖြင့် ပြည်သူများ ဂရုပြုကြရန် အသိပေး

ဘီးလင်း၊ မေ ၂၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်ရေ၏ အရည်အသွေးသည် သောက်သုံးရေအဖြစ် အသုံးပြုရန် အန္တရာယ်ရှိနေသဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဂရုပြုကြရန် အသိပေးထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းနယ်စပ် ယာယီစခန်းများရှိ မြန်မာနိုင်ငံသားများကို စတုတ္ထအသုတ်အဖြစ် မကြာမီ ပြန်လည်လက်ခံသွားမည်  

နေပြည်တော်၊ မေ ၂၃

ထိုင်းနိုင်ငံနယ်စပ်တွင်ရှိသော ယာယီစခန်းများတွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများကို စတုတ္ထအသုတ်အဖြစ် မကြာခင်တွင် ပြန်လည်လက်ခံသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရေဦးဘူတာရုံတွင် လူစီးရထားပေါ် ပြင်ပဒဏ်ရာမရှိဘဲ အမျိုးသားတစ်ဦး သေဆုံးနေ

ရန်ကုန်၊ မေ ၂၃ 

ရေဦးဘူတာရုံတွင် လူစီးရထားပေါ်တွင် ပြင်ပဒဏ်ရာမရှိဘဲ အမျိုးသားတစ်ဦး သေဆုံးနေမှုဖြစ်ပွားခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေဦးဘူတာရုံတွင် မေ ၂၃ ရက်၊ နံနက် ၆ နာရီ ၁၆ မိနစ်ခန့်က ခင်ဦးမှရေဦးသို့ မောင်းလာသည့် အတွဲသုံးတွဲပါသော အမှတ် (၆ဝ) အစုန်လူစီးလော်ကယ်ရထား ပေါ် ပထမတွဲအတွင်း ဘေးတစ်စောင်းအနေအထားဖြင့် သေဆုံးနေသည့် အလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာသို့အကြောင်း ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...