HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အခြေခံပညာကျောင်းများတွင် ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမ တစ်သောင်းကျော် ခန့်ထားမည်

ရန်ကုန်၊ မေ ၂၂ 

လာမည့်ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများတွင် ပညာရေးကော လိပ်ဆင်းဆရာ၊ ဆရာမတစ်သောင်း ကျော်ကို ခန့်ထားမည်ဖြစ်ကြောင်းသိရသည်။ တိုင်းဒေသကြီးပြည်နယ်ပညာ ရေးမှူးရုံးများအနေဖြင့် ၂ဝ၁၉ ခုနှစ်၊ ဧပြီလအချုပ်စာရင်းများတွင် ရှိပြီး ဖြစ်သော မူလတန်းပြ လစ်လပ် အင်အားစာရင်းနှင့် ၂ဝ၁၉ ခုနှစ် မေလအတွင်း ရာထူးတိုးပြောင်း ဆောင်ရွက်ထားရှိမှုတွင် နောက် ဆုံးထွက်ပေါ်လာသော မူလတန်း ပြ လစ်လပ်အင်အားစာရင်းတို့အ ပေါ် လက်ရှိခွဲဝေအင်အားနှင့်စိစစ် တွက်ချက်၍ လုပ်ငန်းခွင်အကြိုမူ လတန်းဆရာအတတ်ပညာသင် တန်းနှင့်လုပ်ငန်းခွင်အကြိုဆရာ အတတ်ပညာဒီပလိုမာသင်တန်း ဆင်းတို့ကိုခန့်ထားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒေသတွင်းရှိ လူငယ်၊ လူလတ်ပိုင်းများ ပြည်တွင်းထက် ပြည်ပအလုပ်သာ စိတ်ဝင်စား၊ အိမ်ပေါင်/လယ်ပေါင်ဖြင့် ငွေတိုးချေး၍ နိုင်ငံခြားသို့ ထွက်ခွာသူများလာ

ရန်ကုန်၊ မေ ၂၂ 

ဒေသတွင်းရှိ လူငယ်၊ လူလတ်ပိုင်းများ ပြည်တွင်းထက် ပြည်ပအလုပ်သာစိတ်ဝင် စားနေပြီး အိမ်ပေါင်/လယ်ပေါင် ဖြင့် ငွေတိုးချေး၍နိုင်ငံခြားသို့ ထွက် ခွာသူများလာကြောင်း သိရသည်။ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှလွဲ၍ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်အများစုမှ လူ ငယ်/လူလတ်ပိုင်းလုပ်သားများမှာ ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုအပြင် ပြည်တွင်း/ပြည်ပ လုပ်ခလစာရရှိမှု ကွာဟလွန်းတာ ကြောင့် နိုင်ငံရပ်ခြားသို့ရွှေ့ပြောင်းထွက်ခွာလိုသူသည် မြင့်တက်လျက် ရှိနေပြီး အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ် ကိုင်မှုသည် လစဉ်ပျမ်းမျှလူဦးရေ တစ်သောင်းခွဲမှ နှစ်သောင်းဝန်း ကျင်ပုံမှန်ရှိနေကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ဘန်ကောက် မြို့ရှိ အလုပ်သမားသံအရာရှိ တစ်ဦးကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မတည်ငြိမ်မှုတွေကြားက ရုန်းကန်နေရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း  

ရန်ကုန်

ယနေ့ခေတ်ကာလ၌ မြန်မာနိုင်ငံ၏စီးပွား ရေးကဏ္ဍသည် ဘက်ပေါင်းစုံမှ ထိုးနှက်ချက်များကြောင့် ယိမ်းယိုင်ပြိုလဲလုမတတ် ဖြစ်သည်။ ငွေကြေးတန်ဖိုးလျော့နည်းမှု၊ စက် သုံးဆီများ၊ အသေးစား အလတ်စား လုပ်ငန်း များ၊ ဆန်တင်ပို့မှု၊ ပဲတင်ပို့မှုနှင့် အခြားကုန်စည် တင်ပို့မှု အစရှိသည့် ကဏ္ဍအသီးသီးတို့တွင် ထိခိုက်မှုများစွာ ရှိနေပေသည်။ ထိုသို့ပင် မတည်ငြိမ်မှုများ၊ အထိနာမှုများ အကြား ရပ်တည်နေရသည့် နိုင်ငံ၏စီးပွားရေး ကဏ္ဍတစ်ရပ်မှာ ခရီးသွားလာရေးလုပ်ငန်းပင် ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း သည် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန် မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရတွင် ထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်သည့် နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံမှ မေလကုန်တွင် ဓာတ်အားများ စတင်ထုတ်လုပ်တော့မည်

မကွေး၊ မေ ၂၁ 

မြန်မာနိုင်ငံတွင် မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့နယ် မင်းဘူး-အမ်း ကားလမ်း ဘေး၌ တည်ဆောက်နေသည့် ပထမဆုံး ဆိုလာနေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံမှ မေလကုန်တွင် ဓာတ်အားများ စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သယံဇာတသဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဦးမြင့်ဇော်က ပြောသည်။ မေ ၂ဝ ရက် နံနက် ၁ဝနာရီက တိုင်းဒေသကြီး သယံဇာတ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၏ရုံးခန်း၌ သတင်း ထောက်များအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မျက်ကြည်လွှာနှင့် ကိုယ်တွင်းအင်္ဂါ လှူဒါန်းလိုသူများ အဆင်ပြေစွာ လှူဒါန်းနိုင်ရန် ကူညီပေးသွားမည်  

ရန်ကုန်၊ မေ ၂၁

မျက်ကြည်လွှာနှင့်ကိုယ်တွင်းအင်္ဂါလှူဒါန်းလိုသူများ အဆင်ပြေစွာလှူဒါန်းနိုင်ရန် ကူညီပေးသွားမည်ဟု တစ်ကိုယ် တော်ကူညီပေးနေသူ ဦးဇေသူကိုကိုကပြောသည်။ ပထမအကြိမ် မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့်ကိုယ်တွင်း အင်္ဂါလစဉ်စုပေါင်းလှူဒါန်းပွဲကို မေ ၂၁ ရက်နံနက်ပိုင်းက ဆေးတက္ကသိုလ်(၁)တွင် ပြုလုပ်ခဲ့သည်။ ''မျက်ကြည်လွှာ လှူဒါန်းမယ့် လူရော၊ ကိုယ်အင်္ဂါ လှူဒါန်းမယ့် လူတွေရော ဟိုသွားဒီသွားလုပ် စရာမလိုဘဲ အကုန်လုံးကို တစ် နေရာတည်းမှာ အဆင်ပြေပြေ လှူလို့ရအောင် ဒီနေရာမှာ စုရပ်လုပ်ပေးပြီး စာရင်းကောက်ပေး ဖြစ်တာပါ''ဟု ဦးဇေသူကိုကိုက ၎င်း၏ရည်ရွယ်ချက်ကို ပြောပြသည်။

ဆက်လက်ဖတ်ရှုရန် ...

မလှိုင်မြို့နယ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာခြောက်ရွာ လေဘေးသင့်၊ ငွေကျပ် ၂၉ သိန်းကျော်ဖိုးခန့် ပျက်စီးဆုံးရှုံး

မလှိုင်၊ မေ ၂၁

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် မိုးသက်လေပြင်းတိုက် ခတ်၍ ကျေးရွာခြောက်ရွာ လေဘေးသင့်ကာ ငွေကျပ် ၂၉ သိန်းကျော် ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မေ ၂ဝရက် ညနေ ၃ နာရီက မလှိုင်မြို့နယ်၌ မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် မလှိုင် မြို့နယ် ကျောက်တန်းအုပ်စုရှိ ကျောက်တန်းကျေးရွာ၊ ညောင်မြင့် ကျေးရွာနှင့် မိတ်ကုန်းကျေးရွာ၊ မြင်းဦးလှည့်အုပ်စု ညောင်ကုန်း ကျေးရွာနှင့် မြင်းတွင်းအုပ်စု ဘဏ္ဍာစိုးကျေးရွာ၊ ကျပ်ဆည်အုပ်စုအဆုံ ကျေးရွာတို့၌ မိုးသက်လေပြင်းကျ ရောက်၍ ဘုန်းကြီးကျောင်းနှစ် ကျောင်း စာသင်ကျောင်းနှစ်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပျက် စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ထောက်ကြန့် ရေမြောင်းထဲတွင် လူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေ

ရန်ကုန်၊ မေ ၂ဝ

ထောက်ကြန့်တွင် ရေမြောင်းထဲ လူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ကုန်းတလပေါင်းကျေးရွာ ရွှေစေတီလမ်းသွယ် တန့်ကြည်တောင်ဘုန်း တော်ကြီးကျောင်းအနောက်ဘက် ရေမြောင်းထဲတွင် မေ ၂ဝ ရက် မွန်းလွဲ ၁ နာရီခန့်က လူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေ ဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးခဲ့ ကြောင်း ကူညီရာတွင် ပါဝင်သူ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ တာဝန်ခံ ကိုထင်လင်းအောင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

နွေရာသီသောက်သုံးရေ အခက်အခဲကြုံနေသည့် ကျေးရွာများသို့ နေ့စဉ်သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးနေ

ညောင်ဦး၊ မေ ၂ဝ

နွေရာသီကာလတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက် ဒေသများ၌ သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရသောကြောင့် ပရဟိတရေလှူအသင်းများက သောက်သုံးရေများ လှူဒါန်းပေးနေရ ကြောင်းသိရသည်။ သောက်သုံးရေများလှူဒါန်း ပေးရာတွင် ပုဂံမြို့၊ ရတနာဘုံ စံတောရကျောင်းဆရာတော် အရှင် သာဂရဦးစီးတည်ထောင်ထားသည့် ညောင်ဦးမြို့နယ် မြင်းကပါ ကျေးရွာ ဖြူစင်မေတ္တာပရဟိတရေ လှူအသင်းသည် သုမင်္ဂလာပရဟိတရေလှူအသင်းနှင့် ပူးပေါင်း၍ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများလှူဒါန်းပေးနေခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...