HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ငါးမဖမ်းရကာလ သုံးလသတ်မှတ် ပိတ်ပင်လိုက်ခြင်းကြောင့် ရေလုပ်ငန်း လုပ်ကိုင်သူအများစု လုပ်ငန်းရပ်ဆိုင်းမှုများ ဖြစ်ပေါ်လာနိုင်ပြီး ရေလုပ်သားများ၏ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့လာနိုင် ဟုဆို

ရန်ကုန်၊ မေ ၂ဝ 

ယခုနှစ် ပင်လယ်ပြင် ငါးမဖမ်းရကာလသုံးလ သတ်မှတ်ပိတ်ပင်လိုက်ခြင်းသည် ရေလုပ်ငန်းလုပ်ကိုင်သူအများစု လုပ်ငန်းရပ်ဆိုင်းမှုများ ဖြစ်ပေါ်လာနိုင်ပြီး ရေလုပ်သားများ၏စား ဝတ်နေရေး အခက်အခဲများကြုံ တွေ့လာနိုင်ကြောင်း ရေလုပ်ငန်းရှင်အသိုင်းအဝိုင်း၏ ပြောကြား ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လာဘ်ပေးလာဘ်ယူ ကင်းရှင်းကြရန် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့နေရသော လဝကဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး သတိပေး

ရန်ကုန်၊ မေ ၁၉

လာဘ်ပေး လာဘ်ယူကင်းရှင်းရန် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့နေရသည့် လဝက ဝန်ထမ်းအချို့ကို လဝကဝန်ကြီးက သတိပေးလိုက်သည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေသည် မေ ၁၈ ရက်က ရှမ်း ပြည်နယ် မြောက်ပိုင်း၊ မူဆယ် ခရိုင်နှင့်ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်ရှိ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင် ရာမြို့နယ်ဦးစီးမှူးရုံးများနှင့် လူ ဝင်မှုကြီးကြပ်ရေးဌာနခွဲခုနစ်ခုမှ ဝန်ထမ်းများကို တွေ့ဆုံ၍ ထိုသို့ မှာကြားခြင်းဖြစ်ကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၁၉ ရက် ထုတ်ပြန်ထားသည့် သတင်းအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တာချီလိတ်မြို့ ၌ နှီးဘုရားနှင့် ကျောင်းဆောင်အမိုး မီးလောင်မှုဖြစ်ပွား

ဝမ်ပုံ၊ မေ ၁၉ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင် ကျေးရွာတောင်ပေါ် လွယ်ယွန်းခမ်း စေတီတော်အနီးရှိနှီးဘုရားနှင့် ကျောင်းဆောင်မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဝမ်ပုံနယ်မြေ ရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ် ဆိုင်ကျေးရွာတောင်ပေါ် လွယ်ယွန်းခမ်းစေတီတော်အနီးရှိ နှီးဘု ရားကျောင်းဆောင်၌ လျှပ်စစ်ဝိုင် ယာရှော့ခ်ဖြစ်ပွားရာမှ မီးလောင် ကျွမ်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဝင်ငွေနည်းပြည်သူများအတွက် စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ရှစ်မြို့နယ်၌ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်  

စစ်ကိုင်း၊ မေ ၁၉

၂ဝ၁၉ခုနှစ် အတွင်းမှစတင်၍ စစ်ကိုင်းတိုင်းဒေ သကြီးအတွင်းရှိ မြို့ကြီးရှစ်မြို့တွင် ဂျပန်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက် နေသည့် Microfinance Delta International Co; Ltdမှ ဝင်ငွေ နည်းပါးသော ပြည်သူများအတွက် အသေးစားငွေရေးကြေးရေးဝန် ဆောင်မှုလုပ်ငန်းရုံးများဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကရင်ပြည်နယ် ဓမ္မစကူးကျောင်းများ စုံညီပွဲတော် စည်ကားစွာ ကျင်းပ

ဘားအံ၊ မေ ၁၈

ကရင်ပြည်နယ် ဘားအံမြို့ချစ်သူမြိုင်ပန်းခြံရှိ ချစ် သူမြိုင်ခန်းမကြီးတွင် မေ ၁၈ ရက် နံနက် ၈ နာရီခွဲက ကရင်ပြည် နယ်အတွင်းရှိ ဓမ္မစကူးကျောင်း များအားလုံးပထမအကြိမ် ဓမ္မစ ကူးစုံညီပွဲတော်အခမ်းအနားကို စည်ကားစွာကျင်းပခဲ့ကြောင်း သိ ရသည်။ ရှေးဦးစွာ ကရင်ပြည်နယ် ဓမ္မစကူးကော်မတီသြဝါဒါစရိယ ဇွဲကပင်တောင်ဆရာတော်ကြီးကသြဝါဒစကားမိန့်ကြားပေးပြီး ဓမ္မ စကူးဖောင်ဒေးရှင်း(ဗဟို)နှင့် ကရင် ပြည်နယ် ဓမ္မစကူးကော်မတီတို့ ပူးပေါင်းကျင်းပသည့် ဓမ္မစကူးသင် ကြားရေးဆရာ၊ ဆရာမများ၏ အ လုပ်ရုံဆွေးနွေးပွဲရလဒ်ကို တာဝန် ရှိသူတစ်ဦးကတင်ပြလျှောက်ထား သည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ကိုင်းမြို့မှ ထုတ်လုပ်သည့် ကလေးကစားစရာ စက္ကူရုပ်များ အရောင်းပိုမို တွင်ကျယ်လာ

စစ်ကိုင်း၊ မေ ၁၈

စစ်ကိုင်းမြို့ အနောက် ဘက်ရပ်ကွက်များတွင် မိရိုးဖလာဘိုးစဉ် ဘောင်ဆက် အသက်မွေးဝမ်းကျောင်း အဖြစ်လုပ်ကိုင်သည့် စက္ကူအရုပ်လုပ်ငန်း များရှိရာ ကလေးများအတွက်ပြုလုပ် သည့် စက္ကူအရုပ်များမှာ အရောင်းပိုမို တွင်ကျယ်လာသဖြင့် ယခုအခါကလေး ကစားစရာစက္ကူအရုပ်မျိုးစုံကို နေ့စဉ်ပြု လုပ်နေရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မသန်စွမ်းသူများ ချေးငွေဝန်ဆောင်မှု မိတ်ဆက်ပွဲ ကျင်းပ

ကျောက်တံခါး၊ မေ ၁၈

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့ ဗိုလ် ချုပ်လမ်းတွင်ရှိသော BRAC Myanmar  အသေးစားငွေရေးကြေး ရေးလုပ်ငန်းရုံး၌ မေ ၁၇ ရက် မွန်းလွဲ (၂) နာရီက မသန်စွမ်းသူ များအတွက် အကျူံးဝင်သောချေး ငွေဝန်ဆောင်မှုမိတ်ဆက်ပွဲနှင့် ဖွင့် ပွဲအခမ်းအနားကျင်းခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် Country  Representative  က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး BRAC Myanmar  စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်နှင်းစုဝေက စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေး က ကျေးဇူးတင်စကားပြောကြား၍ မသန်စွမ်းသူကိုယ်စား မသန်စွမ်း သူ ကိုရဲနောင်က ကျေးဇူးတင်စကား ပြောကြားကာ မသန်စွမ်းသူများ အား ချေးငွေများထုတ်ချေးပေးခဲ့ သည်။

ဆက်လက်ဖတ်ရှုရန် ...

လုပ်ငန်းအကျပ်အတည်း များရှိလာသောကြောင့် ပုလဲပရဟိတဖောင်ဒေးရှင်းမှ လူသစ်များ အောက်ဆီဂျင်အိုး ငှားရမ်းမှု ခေတ္တဆိုင်းငံ့

မန္တလေး၊ မေ ၁၇

မန္တလေးမြို့ ပုလဲပရဟိတဖောင်ဒေးရှင်းမှ အောက်ဆီဂျင်လိုအပ်သောလူနာ များကို အောက်ဆီဂျင်အိုးကုသိုလ် ဖြစ်အခမဲ့ငှားရမ်းပေးလျက်ရှိရာမှ ယခုအခါလုပ်ငန်းအတွက်အကျပ် အတည်းများရှိလာသောကြောင့် လက်ရှိငှားရမ်းနေသောလူဟောင်း များကိုသာ ဆက်လက်ငှားရမ်းနိုင် မည်ဖြစ်ပြီး မေ ၁၆ ရက်မှစတင်၍ လူသစ်များငှားရမ်းမှုကို ခေတ္တဆိုင်း ငံ့လိုက်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...