HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဖြောင့်မတ်တည်ကြည်မှုက အကျင့်ဖောက်ပြန်မှုအပေါ် အနိုင်ရမှသာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြော

နေပြည်တော်၊ မေ ၁၇ 

ဖြောင့် မတ်တည်ကြည်မှုက အကျင့် ဖောက်ပြန်မှုအပေါ် အနိုင်ရ အောင်လုပ်နိုင်မှသာ ကောင်းမွန် သောအုပ်ချုပ်ရေးစနစ်နှင့် အဆင့် တိုင်းတွင်ထိရောက်သော၊ တာဝန် ယူမှုရှိသော၊ အားလုံးပါဝင်နိုင် သော အင်စတီကျူးရှင်များကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်ကပြောကြားခဲ့သည်။ မေ၁၇ရက် နံနက်ပိုင်း၊ နေပြည် တော် GrandAmara ဟိုတယ် တွင်ပြုလုပ်သည့် အများပြည်သူ အကျိုး ထုတ်ဖော်သတင်းပေးသူ များအား အကာအကွယ်ပေးရေး ဥပဒေမူကြမ်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ၊ အဖွင့်အမှာစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ပုံတူကျောက်သားရုပ်တု နီပေါနိုင်ငံ၊ လုမ္ဗိနီမြို့တွင် ထားရှိဖွင့်လှစ်  

ရန်ကုန်၊ မေ ၁၇

ကမ္ဘာ့ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ပုံတူကျောက်သားရုပ် တုကို နီပေါနိုင်ငံရှိ ဗုဒ္ဓဘုရားဖွား မြင်ရာ လုမ္ဗိနီမြို့တွင် မေ ၁၇ ရက် က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဦးသန့်၏ ပုံတူ ကျောက်သားရုပ်တုဖွင့်ပွဲအခမ်းအနားတွင် (ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာသန်းမြင့်ဦးက စကား ပြောကြားခဲ့ပြီး) တိုင်းဝန်ကြီးချုပ် ရှန်ကာပိုခ်ရာလ်၊ ခရီးသွားလာ ရေးဝန်ကြီးလီလာဂီရိ၊ ဆရာတော် များ၊သီလရှင်များ၊ နီပေါနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးထွန်း နေလင်းနှင့်အခြားအစိုးရအရာရှိ များလည်း တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆောမြို့နယ်လေးကျေးရွာ လူကူးကြိုးတံတားကို ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် တည်ဆောက်မည်

ဆော၊ မေ ၁၆ 

မကွေးတိုင်း ဒေသကြီး ဆောမြို့နယ်လေးကျေး ရွာ လူကူးကြိုးတံတားကို ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်း များ၏ နည်းပညာပံ့ပိုးမှုဖြင့်ကျေး ရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်တည်ဆောက် သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဌာနမှသိရသည်။ အဆိုပါကြိုးတံတားကို အ လျားပေ ၂ဝဝ အနံခြောက်ပေအ မြင့် ၂၂ ပေ ဆောင်ရွက်သွားမည် ဖြစ်ပြီး လူထုဗဟိုပြုစီမံကိန်းထောက် ပံ့ရန်ပုံငွေကျပ် ၂၈ဝ ဒသမ ၁၄၆ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် သိန်း ၅ဝ၊ စုစုပေါင်းငွေကျပ် ၃၃ဝ ဒသမ ၁၄၆ သိန်းဖြင့်ဆောင်ရွက် မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကလေးဝမြို့မှ ကျောက်မီးသွေးကုမ္ပဏီအချို့ လုပ်ငန်းဆောင်ရွက်မှု စည်းကမ်းနှင့် ညီ၊ မညီ တိုင်းဒေသကြီးအစိုးရနှင့် ပရဟိတအဖွဲ့များ စောင့်ကြည့်ကြပ်မတ်နေ

ကလေးဝ၊ မေ ၁၆

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့နယ်၌ ကျောက်မီးသွေးထုတ်လုပ်သည့် ကုမ္ပဏီ ၁ဝ ခုခန့်ရှိသော်လည်း အချို့ကုမ္ပဏီများသည် သတ်မှတ် စည်းကမ်းနှင့်ကိုက်ညီမှုမရှိဘဲလုပ် ငန်းဆောင်ရွက်နေသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဒေသ တွင်းမှ ပရဟိတအဖွဲ့များနှင့်သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ များမှ စောင့်ကြည့်ကြပ်မတ်စစ်ဆေး မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မင်းဘူးမြို့နယ် ကျေးရွာခုနစ်ရွာမှ အိမ်ခြေ ၁ဝဝဝ ကျော် သောက်သုံးရေ ရရှိရေးဆောင်ရွက်ရန် လက်မှတ်ရေးထိုး

မင်းဘူး၊ မေ ၁၆

မကွေးတိုင်း ဒေသကြီး၊ မင်းဘူမြို့နယ်အတွင်း ရှိ ကျေးရွာခုနစ်ရွာ၌ ပြည်သူကျေး လက်ယူနီဆက် ပူးပေါင်း၍ အိမ် တိုင်ရာရောက် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက် သွားရန် သဘောတူညီမှု လက် မှတ်ရေးထိုးခဲ့ကြောင်း မင်းဘူးမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အင်းဝ မဟာမြတ်မုနိဘုရားကြီး ညောင်ရေသွန်းလောင်းပွဲတွင် ပါဝင်သည့်အသင်း ထက်ဝက်လျော့နည်းသွား 

တံတားဦး၊ မေ ၁၅

ကဆုန်လ ပြည့်နေ့ မေ ၁၈ ရက်တွင် မန္တလေး တိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း ဟံသာဝတီအုပ် စုရပ်ကွက်များမှ ညောင်ရေသွန်း လောင်းသည့်အဖွဲ့များသည် မဟာ မြတ်မုနိဘုရားကြီး(ခေါ်)စန္ဒာမုနိ ဘုရားကြီး၌ မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းမည်ဖြစ် ရာ ယခင်နှစ်များကထက် သွန်း လောင်းမည့်အသင်း ထက်ဝက် လျော့နည်းသွားကြောင်းသိရသည်။ အင်းဝဟံသာဝတီအုပ်စုတွင် ရပ်ကွက် ၁၁ ရပ်ကွက်ရှိရာ ရှမ်း ဈေးရပ်ကွက်မှာ ရပ်ကွက်ငယ် ဖြစ်သဖြင့် နှစ်စဉ်ပါဝင်နိုင်ခြင်း မရှိ၍ ရပ်ကွက်အသင်း ၁ဝ သင်း ဖြင့်သာ ညောင်ရေသွန်းလောင်းပွဲ ကျင်းပခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၃ဝဝ ကျော် အမိုးလန် ပျက်စီး

ပွင့်ဖြူ၊ မေ ၁၅

မကွေးတိုင်းဒေ သကြီး ပွင့်ဖြူမြို့နယ်တွင် ရုတ်တ ရက်မိုးရွာပြီး လေပြင်းတိုက်ခတ်မှု အရှိန်ကြောင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု ကိုးအုပ်စုမှ လူနေ အိမ်များ အမိုးလန်ပျက်စီးပြိုလဲပြီး ဘုန်းတော်ကြီးကျောင်းနှင့် ဘုရား အမိုးဇရပ်တို့ အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သန္တာကျောက်တန်းများ ရှင်သန်စေရေး နည်းလမ်းများ တွေ့ရှိ

တိုကျို၊ မေ ၁၅

ဟာဝိုင်အီသန္တာကျောက်တန်း များသည် သမုဒ္ဒရာရေပူနွေးလာ ခြင်းနှင့်ရေနေအက်စစ်များပါဝင် မှုမြင့်တက်နေခြင်းများကြောင့် ခက်ခဲစွာအသက်ရှင်သန်ကြရသည် ဟု ဟာဝိုင်အီရေနေသတ္တဝါများ ဇီဝ ဗေဒလေ့လာရေးဌာနက သုတေသန ပြုဖော်ထုတ်လိုက်သည်ဟု မေ ၁၅ ရက်က သတင်းများအရ သိရှိရ သည်။ ယင်းသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကြောင့်လည်း ဖြစ်ရ သည်ဟု သုတေသနစာတမ်းတွင် ဆက်လက်ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...