HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ယခုနှစ်နွေရာသီတွင် ဒေသကြီး ၁၂ ခုရှိ ကျေးရွာပေါင်းသုံးရာခန့်၌ သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နေရ

ရန်ကုန်၊ မေ ၁၄ 

ယခုနှစ်နွေရာသီတွင် ဒေသကြီး ၁၂ ခုရှိ ကျေး ရွာပေါင်း ၂၉၉ ရွာတွင် သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့နေရပြီး ဧရာဝတီတိုင်းဒေသကြီး၌ အများဆုံးဖြစ်ပေါ်နေကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရုံးချုပ်စာရင်းများအရ သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ စာရင်းများအရ မေ ၁၃ ရက်အထိ သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် ကျေးရွာ ၂၉၉ ရွာ၊ အိမ် ခြေ ၅၃၁၄ဝ၊ လူဦးရေ ၂၄၈၃၅၁ အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ရေ ၁၆၂၇၃၇၅ ဂါလန်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာ့အနက်ဆုံး မာရီယာနာ သမုဒ္ဒရာချောက်အတွင်း ပလတ်စတစ် အမှိုက်တွေ့ရှိ

ဆန်တာဖီ၊ မေ ၁၄

ရေငုပ်သင်္ဘောဖြင့် လူသား တစ်ဦး အနက်ဆုံးငုပ်လျှိုးမှုတစ်ခု တွင် တက္ကဆက်ပြည်နယ်မှ ရင်းနှီး မြှုပ်နှံသူတစ်ဦးသည် ကမ္ဘာပေါ်မှ မည်သည့်လမ်းတွင်မဆို အလွယ် တကူတွေ့နိုင်သည့် အမှိုက်တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့သည်ဟုဆို သည်။ အငြိမ်းစားရေတပ်အရာရှိ မစ္စတာ ဗစ်တာဗက်စ်ကိုဗိုသည် ကမ္ဘာပေါ်မှ အနက်ရှိုင်းဆုံးနေရာ ဖြစ်သည့် ပစိဖိတ်သမုဒ္ဒရာအတွင်း မှ မာရီယာနာချောက်အတွင်း အ နက်မီတာ ၁ဝ၉၂၈ နီးပါးသို့ ဆင်း သက်ခဲ့ချိန်တွင် ယင်းမထင်မှတ် ထားသော အမှိုက်ကို ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း မေ ၁၃ ရက် တွင် ထုတ်ပြန်သည့် ကြေညာချက် ထဲတွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန် ...

မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Educator English Language School တွင် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးနှင့် ဆရာမလေးဦး မီးစက်မှထွက်သော ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် မူးမေ့လဲကျ

ရန်ကုန်၊ မေ ၁၄

မရမ်းကုန်း မြို့နယ်တွင် ဖွင့်လှစ်လျက်ရှိသည့် Educator English Language School တွင် ဆယ်ကျော်သက်အ ရွယ် ကျောင်းသားကျောင်းသူ ၁၆ ဦး နှင့် ဆရာမလေးဦး မူးမေ့လဲကျခဲ့ သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂) ရပ် ကွက်၊ သမိုင်းဘူတာရုံလမ်းနှင့် အလယ်ဗဟိုလမ်းထောင့်ရှိ တိုက် (၃၆၁)မြေညီထပ်တွင် ဖွင့်လှစ် ထားသည့် Educator English Language School တွင် မေ ၁၄ ရက်၊ နံနက် ၁၁ နာရီခန့်က မီးပြန် လာစဉ် ဆရာမတစ်ဦးက မီးစက်သွား ပိတ်ရာ ယင်းမီးစက်မှ ထွက်လာ သောမီးခိုးများ (ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့)သည် ဗငမခသည ဖွင့်ထားသည့် စာသင်ခန်းထဲသို့ ဝင် ရောက်လာမှုကြောင့် ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ မူး မေ့လဲကျခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ရင်ရင်ထွန်း က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ကနီမြို့နယ်ရှိ စဖိုကြီး သုံးထပ်ရေတံခွန်ကို ခရီးသွားနေရာသစ်အဖြစ် စတင်ဖော်ဆောင်နေ

ကနီ၊ မေ ၁၃

စစ်ကိုင်းတိုင်းဒေ သကြီး ကနီမြို့နယ်၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိပေ ၁၂ဝမြင့် သောစဖိုကြီးသုံးထပ်ရေတံခွန်တွင် ခရီးသွားစရာ နေရာအသစ်အဖြစ် စတင် အကောင်အထည်ဖော်နေ ပြီဖြစ်ကြောင်း တိုင်းဒေသကြီးဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သူဦးက ပြောကြားသည်။ ကနီမြို့နယ်ဆယ်ရွာချောင် မုံပင်ရွာ၏အနောက်မြောက် တစ် မိုင်ခန့်အကွာရှိ ပုထိုးလုံးချောင်းတွင် အမြင့်ပေ၁၃ဝရှိ နှစ်ဆင့်ယမကား ရေတံခွန်၊ ပုထိုးလုံးချောင်းဖျားတွင် အမြင့်ပေ ၁၂ဝရှိ နတ်တံခါးရေတံ ခွန်နှင့်မဲဒင်ကျေးရွာအုပ်စု စဖိုကြီး ကျေးရွာအနီးရှိ စဖိုကြီးရေတံခွန် ဟူ၍ ရေတံခွန်သုံးခုရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

ရာသီဥတု အပူချိန်မြင့်မားနေမှုကြောင့် မကွေးတိုင်းဒေသကြီး၌ အပူရှောင်စခန်း ၄ဝ ကျော် ဖွင့်လှစ်ပေးထား  

မကွေး၊ မေ ၁၃

ရာသီဥတုအပူ ချိန်မြင့်မားနေမှုကြောင့် မကွေးတိုင်း ဒေသကြီးအတွင်း အပူရှောင်စခန်း ၄ဝ ကျော်ဖွင့်လှစ်ပေးထားကြောင်း မကွေးတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်များဆိုင်ရာစီမံခန့်ခွဲရေး ဌာနမှ သိရသည်။ ယခုနှစ်နွေရာသီတွင် မြန်မာ နိုင်ငံတစ်ဝန်း၌ အပူချိန်မြင့်တက် နေပြီး မကွေးတိုင်းဒေသကြီးအ တွင်း၌လည်း အပူချိန်မြင့်မားနေ သောကြောင့် တိုင်းဒေသကြီးသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနနှင့် ပရဟိတအဖွဲ့တို့က မြို့နယ်အ ချို့တွင် အပူရှောင်စခန်းများဖွင့် လှစ်ပေးထားသည်။

ဆက်လက်ဖတ်ရှုရန် ...

ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းအကြို အင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်

ရန်ကုန်၊ မေ ၁၃

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အင်ဂျင်နီယာများ ပူးပေါင်းဆောင်ရွက်သော ပဲခူးမြစ် ကူးတံတား (သန်လျင်အမှတ်-၃)တံတားတည်ဆောက်ရေးစီမံကိန်း အကြိုအင်ဂျင်နီယာလုပ်ငန်းများ ကို မေ ၁၃ ရက်မှစတင်၍ ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ မြစ်ကူးတံတားကြီး ကို သန်လျင်တံတားဟောင်းနှင့် ကပ်လျက် မီတာ ၁၅ဝ အကွာတွင် တည်ဆောက်ြခင်းဖြစ်ပြီး တံတား အရှည် မီတာ ၃၅ဝဝ အကျယ် ၂၈ မီတာ ရေပြင်မှအမြင့် ရှစ်မီတာ (ပေ ၃ဝ) ရှိကာ သာကေတမြို့နယ် နှင့် သန်လျင်မြို့နယ်ကို ဆယ်သွယ် ထားသော တံတားကြီးတစ်စင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မစိမ့်ထက်၏ ဂျာကင်နှင့် ပစ္စည်းများ တွေ့ရှိရာနေရာ အနီးတွင် သွေးစ၊ သွေးနများ မတွေ့ရှိ လက်ကိုင်ဖုန်းလည်း ပျောက်ဆုံးနေဆဲဖြစ် ဟုဆို

ရန်ကုန်၊ မေ ၁၂

ပြန်လည်ရှာဖွေ တွေ့ရှိသော မစိမ့်ထက်၏ပျက်စီးနေ သောဂျာကင်နှင့် ပြန်တွေ့ရှိသော ပစ္စည်းများအနီးတစ်ဝိုက်တွင် သွေးစ၊ သွေးန၊ အသားစများ လုံးဝမတွေ့ရ ကြောင်းနှင့် မစိမ့်ထက်နှင့်အတူပါ သွားသည့် လက်ကိုင်ဖုန်းမှာလည်း ပျောက်ဆုံးနေကြောင်းသိရသည်။ အဆိုပါအကြောင်းကို မေ ၁၂ ရက်တွင် စင်ထရယ်ဟိုတယ်၌ ပြု လုပ်သော မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ဦးဆောင်သော ကယ် ဆယ်ရှာဖွေရေးအဖွဲ့မှ မစိမ့်ထက် အား ကယ်ဆယ်ရှာဖွေရေး သတင်း မှတ်တမ်းအတွေ့အကြုံရှင်းလင်း ပွဲမှသိရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပဲခူးမြို့ အောင်သုခ ဓမ္မရိပ်သာကြီး၏ အဓိပတိ မဟာနယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒိမာ မဟာထေရ်မြတ်၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနား ကျင်းပ

ပဲခူး မေ ၁၂

ပဲခူးမြို့အောင် သုခဓမ္မရိပ်သာကြီး၏ အဓိပတိ မဟာနယက ဆရာတော်ဘုရား ကြီး ဘဒ္ဒန္တစန္ဒိမာမဟာထေရ်မြတ် ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ကို မေ ၁၂ ရက်၊ ညနေပိုင်းက ပဲခူးမြို့၊ အမှတ် (၇၇)ခြေမြန်တပ် မဌာနချုပ်၊ ရဟတ်ယာဉ်ကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။  ဈာပနအခမ်းအနားကို ညနေ ၃ နာရီက သဗ္ဗေသင်္ခါရာ အနိစ္စာတိအစချီသော သံဝေဂသုံး ဂါထာကိုရွတ်ဆိုပွားများပြီး ဖွင့် လှစ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...