HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

နေပူပြင်းနေ၍ မုံရွာမြို့ရှိ စာသင်ကျောင်းများ စာသင်ချိန်ပြောင်းလဲ သင်ကြားရန် ညွှန်ကြား  

မုံရွာ၊ ဇွန် ၎

ရာသီဥတုပူပြင်းခြင်း ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ စာသင်ကျောင်းများအား အချိန်ပြောင်းလဲသင်ကြားရန် တိုင်းဒေသကြီးပညာရေးမှူး ရုံးမှ ဇွန်လ ၃ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။  ''မနေ့က ရုံးပိတ်ချိန်မှ ညွှန်ကြားချက်ဝင်လာလို့ ဇွန် ၅ ရက် မှပဲအချိန်ပြောင်းဖို့ ကျောင်းတွ ကိုပြောထားတယ်။ တိုင်းရုံးကထပ် ပြီး ညွှန်ကြားချက်မလာမချင်း ဒီတိုင်းပဲဆက်သွားမှာပါ။ မိုးကောင်း ကောင်းမရွာသေးရင် ဇူလိုင်လ လောက်ထိ ရောက်သွားမှာ''ဟု မုံရွာမြို့နယ်ပညာရေးမှူးရုံးမှ လက် ထောက်ပညာရေးမှူး ဦးတင် နိုင်ဝင်းကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာ၌ ကြွက်များ အစုအပြုံလိုက်သေဆုံးနေ၍ ကျန်းမာရေးဌာနမှ စောင့်ကြည့်နေရ  

စစ်ကိုင်း၊ ဇွန် ၎

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် မောင်း ထောင်ကျေးရွာရှိ လူနေအိမ်များအတွင်းမှကြွက်များ အစုအပြုံလိုက် သေဆုံးမှုကြောင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ ဇွန် ၃ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာရှိ နေအိမ် ၅ဝ အတွင်း မှ ကြွက်ကောင်ရေ ၃၈၂ ကောင် မှာ အစုအပြုံလိုက် သေဆုံးနေ ကြောင်း၊ တိုက်နယ်ဆရာဝန်၏သ တင်းပို့ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးရောဂါ နှိမ်နင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေ ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ကိုင်းခရိုင်၌ ရင်ခွင်မဲ့ ကလေးများ လျှော့ချရေးနှင့် သက်ငယ်မုဒိမ်း ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွဲ့စည်း  

စစ်ကိုင်း၊ ဇွန် ၃

စစ်ကိုင်းခရိုင်၌ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် သက်ငယ်မုဒိမ်းကာကွယ်စောင့် ရှောက်ရေးအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ဇွန် ၃ ရက်က စစ်ကိုင်းမြို့ ဈေးကုန်းရပ်ရှိ စစ်ကိုင်း မြို့နယ်အသင်းမှ ဘဏ္ဍာရေးမှူး ဒေါ်သင်းသင်းမော် (ရွှေမြသောက် ရေသန့်)နေအိမ်၌ ကျင်းပခဲ့ကြောင်းသိရသည်။ အသင်းဖွဲ့စည်းရေး အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်း ဒေသကြီး အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးများလျော့ပါး ရေးနှင့် သက်ငယ်မုဒိမ်းကာကွယ် စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မာမာဝင်းနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ခရိုင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်ငါးဦးစီတို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျောင်းစဖွင့်သည့်နေ့တွင် နေပြည်တော်ရှိ အခြေခံပညာကျောင်း ၇၄၈ ကျောင်း၌ ကျောင်းသားကျောင်းသူများ စတင်တက်ရောက်  

နေပြည်တော်၊ဇွန် ၃ 

နိုင်ငံနှင့်အဝန်း အခြေခံပညာကျောင်းများ၏ ၂ဝ၁၉-၂ဝ၂ဝခုနှစ် ပညာသင်နှစ်စတင်ဖွင့်လှစ်သင်ကြားမှုကို ဇွန် ၃ ရက်မှစတင်ဖွင့်လှစ်ရာ နေ ပြည်တော် ရှစ်မြို့နယ်ရှိ အခြေခံပညာအဆင့်ကျောင်း (အထက၊ အလက၊ အမက၊ မူလွန်)စုစုပေါင်း ၇၄၈ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက် သင်ကြားလျက်ရှိကြောင်းနေပြည် တော်ကောင်စီနယ်မြေ တိုင်းပညာ မှူးရုံးမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျောင်းသင်ရိုးသစ်ပေါ်တွင် ကျောင်းသား၊ ကျောင်းသူများ စာမလိုက်နိုင်မည်ကို မိဘအချို့ စိုးရိမ်ပူပန်မှုများရှိ  

မကွေး ဇွန်လ ၃ 

၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းအဆင့် GRADE 3 နှင့် အခြေခံပညာအလယ်တန်းအဆင့် GRADE 6 တို့ကို သင်ရိုးသစ်များဖြင့် သင်ကြားပို့ချသွားမည်ဖြစ်သည့်အတွက် ယင်းသင်ရိုးသစ်အပေါ် ကျောင်းသား၊ ကျောင်းသူများ စာမလိုက်နိုင်မည်ကို ကျောင်းသားမိဘအချို့ စိုးရိမ်ပူ ပန်မှုများရှိနေကြောင်း ကျောင်းသား မိဘများထံမှသိရသည်။ ''မိဘတွေအနေနဲ့က ဆရာ၊ ဆရာမတွေနဲ့ တတ်နိုင်သမျှ ပူး ပေါင်းဆောင်ရွက်မှာပါ။ ကလေး တွေ စာတတ်မြောက်မှုကတော့ ဆရာ၊ ဆရာမတွေသင်ကြားမှု အ ပေါ် မူတည်ပါတယ်။ သင်ရိုးအသစ် ပေါ်မှာ စိုးရိမ်မှုရှိပါတယ်။ ကျောင်း သူ၊ ကျောင်းသားတွေ စာလိုက်နိုင် ပါ့မလားဆိုပြီးတော့ အင်္ဂလိပ်စာ တွေကလည်း အဆင့်မြင့်လာတယ်။ ဘာသာရပ်တွေကလည်း တိုးလာတဲ့အတွက် သင်ရိုးသစ်အပေါ် ကျောင်းသားတွေ စာလိုက်နိုင်ပါ့မ လားဆိုတာတော့ စိုးရိမ်မိပါတယ်'' ဟု မကွေးမြို့မှ ကျောင်းသားမိခင် ဒေါ်တင်တင်ဝင်းက ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးရာသီ သစ်ပင်စိုက်ပျိုးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်ငါးသောင်းကို ဇွန် ၁၁ ရက်မှ ၁၈ ရက်အထိ နေပြည်တော် ရှစ်မြို့နယ်တွင် စိုက်ပျိုးသွားမည်  

နေပြည်တော်၊ ဇွန် ၂

နေပြည် တော်သစ်ပင်စိုက်ပျိုးထိန်းသိမ်း ရေးအဖွဲ့ (Green and Grow Group Myanmar) က ကြီးမှူး၍ မိုးရာသီသစ်ပင်စိုက်ပျိုးနေ့အထိမ်းအမှတ်အဖြစ် ပျိုးပင်ပေါင်းငါး သောင်း စိုက်ပျိုးရေးနှင့်ဆက်လက် ရှင်သန်ရေးထိန်းသိမ်းခြင်းလုပ် ငန်းများဆောင်ရွက်မှုဆိုင်ရာညှိ နှိုင်းဆွေးနွေးပွဲကို ဇွန် ၂ ရက်က ပျဉ်းမနားမြို့ စိုးလျှပ်စစ်ဖောင် ဒေးရှင်း အေးငြိမ်းသာဂီလာန ဘိုးဘွားရိပ်သာရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

ရာသီဥတု ပူပြင်းမှုကြောင့် အပူလျှပ်လူနာ ၅ဝ ကျော်ရှိခဲ့သည့် မန္တလေးတွင် ယခုအခါအပူဒဏ် ခံစားရမှု သိသာစွာလျော့နည်းလာ  

မန္တလေး၊၊ ဇွန် ၂

မန္တလေးတိုင်း ဒေသကြီးတွင် ရာသီဥတုပူပြင်းမှု ကြောင့် အပူလျှပ်လူနာ ၅ဝ ကျော် ရှိခဲ့ရာမှ မုတ်သုံအကြိုရွာသွန်းလာ မှုကြောင့် အပူဒဏ်ခံစားရမှုများ သိသာစွာလျော့နည်းလာပြီး ဇွန်လ (ပထမ)ဆယ်ရက်ပတ်အတွင်း မိုး ရွာရက်အနည်းဆုံး လေးရက်မှ ခြောက်ရက်ခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရှမ်းစော်ဘွားများ၏ ခမ်းနားသော၊ ရှားပါးသော ဝတ်စုံများကို အမျိုးသားပြတိုက် (ရန်ကုန်) တွင်ပြသမည်  

ရန်ကုန်၊ဇွန် ၂

နှစ်ပေါင်း ၁ဝဝ ကျော်သက်တမ်းရှိသော ရှားပါးရှေး ဟောင်းရှမ်းစော်ဘွားဝတ်စုံအပါအဝင် ရှမ်းစော်ဘွား၊ မဟာဒေဝီ၊ စစ်သူကြီးအစရှိသူများ၏ခမ်းနား သောဝတ်စုံများကို ပြသမည့် 'ရှမ်းစော်ဘွားများ ၏ရှေးဟောင်း ဝတ်စုံပြပွဲ'ကို အမျိုးသားပြတိုက် (ရန်ကုန်)တွင် ပြသသွားမည်ဖြစ် ကြောင်းသိရသည်။ ပြသမည့်ဝတ်စုံများသည် ညောင်ရွှေဟော်နန်း(ယဉ်ကျေးမှုပြတိုက်)မှ ဝတ်စုံများဖြစ်ပြီး အမျိုးသားပြတိုက်(ရန်ကုန်)တွင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီးနောက် ညောင်ရွှေ ဟော်နန်းပြတိုက်သို့ ပြန်မပို့ခင် ပြပွဲအဖြစ်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...