HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရန်ကုန် မိုးပျံ အပြင်ပတ် ကားလမ်းစီမံကိန်းအတွက် မကြာမီ နယ်နိမိတ် သတ်မှတ်မည်  

ရန်ကုန် မိုးပျံ အပြင်ပတ် ကားလမ်းစီမံကိန်းအတွက် မကြာမီ နယ်နိမိတ် သတ်မှတ်မည်   

ရန်ကုန်၊ ဇွန် ၎

ရန်ကုန်မိုးပျံ အပြင်ပတ်ကားလမ်းစီမံကိန်းအတွက် နယ်နိမိတ်များကိုမကြာမီသတ်မှတ်သွားမည်ဖြစ်ကြောင်းသိရသည်။ ဇွန် ၃ ရက်က ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံးတွင်ပြုလုပ် သော Yangon Project Bank အကြောင်း ရှင်းလင်းခြင်းအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ကို သွားလာရေး လွယ်ကူစေရန်အတွက် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကိုအတွင်း ပတ်လမ်းနှင့် အပြင်ပတ်လမ်းဟူ၍ နှစ်မျိုးတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''အတွင်းပတ်လမ်းကတော့ တင်ဒါခေါ်ယူတဲ့ လုပ်ငန်းစဉ်ကို ရောက်နေပြီ။ အပြင်ပတ်လမ်းက တော့ မကြာခင်မှာ နယ်နိမိတ်သတ်မှတ်နိုင်ဖို့နဲ့ သတ်မှတ်နေရာတွေကို စနစ်တကျပုံဖော်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့အတွင်းထဲမှာ Inner Ring Roadwck  ပေါ်လာမယ်။ ရန်ကုန်မြို့ရဲ့အပြင်ဘက်မှာ  outer ring roadwck  ပေါ်လာမယ်ဆိုတာပြောလိုပါတယ်''ဟု ၎င်းင်းက ပြောသည်။  ယင်းစီမံကိန်းကို Public Private Partnership(PPP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး Phase 1 အဖြစ် အရှေ့ဘက်ခြမ်းလေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက်ချိတ်ဆက်ထားသောလေးလမ်းသွား ခြောက်ကီလိုမီတာ၊ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသောနှစ်လမ်းသွား(၂ ဒသမ ၅)ကီလိုမီတာစုစုပေါင်းအရှည် (၂၇ ဒသမ ၅)ကီလိုမီတာရှိ ကြောင်း သိရသည်။


ယင်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်သက်ဆိုင် ရာဝန်ကြီးဌာနတို့ပူးပေါင်း၍ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ အတွင်းပတ်လမ်းစီမံကိန်း၏လမ်းကြောင်းကို ကမ်းနားလမ်း နှင့်ဗိုလ်တထောင်ဘုရားလမ်းမှ စ တင်မည်ဖြစ်ပြီးထိုမှတစ်ဆင့် ဗိုလ်ချုပ်လမ်း၊ အောက်ပုဇွန်တောင် လမ်း၊ ကြက်ဘဲဈေးကိုဖြတ်၍ သံသုမာလမ်းအတိုင်း၊ ထိုနေရာမှ တောင်ဥက္ကလာဂေါက်ကွင်း၊ မြောက်ဥက္ကလာလမ်းအတိုင်း ဆက်သွားကာ မင်္ဂလာဒုံစက်မှုဇုန်၊ ခရေပင်လမ်းအတိုင်းပြန်ချိုး၍ ဘုရင့် နောင်လမ်းအတိုင်း တည်ဆောက်ရန် သတ်မှတ်ထားကြောင်းသိရသည်။ အဆိုပါစီမံကိန်းကို ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်တွင်စတင်တည် ဆောက်ရန် ရည်မှန်းထားပြီး(၃)နှစ်အတွင်းပြီးစီးနိုင်မည်ဟု ခန့် မှန်းထားကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သိရသည်။


အဆိုပါစီမံကိန်းအတွက် တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူ များကိုရွေးချယ်ရန် ဆန်ခါတင်အရည်အသွေးပြည့်မီသည့် လျှောက်လွှာများ Request for Qualification(RFQ )ခေါ်ယူခဲ့ရာ ဝင် ရောက်ယှဉ်ပြိုင်နိုင်သော အကျိုး တူအဖွဲ့အစည်း ၁ဝ ခုကို ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလက ဆန်ခါတင် ရွေးချယ်ထားပြီးဖြစ်သည်။ တင်ဒါယှဉ်ပြိုင်သူများအ နေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံကိန်းအဆိုပြုလွှာကိုဇွန်လအတွင်း တင်သွင်းရမည်ဖြစ်ပြီး ဇူလိုင်၊ သြဂုတ်လတွင်တင်ဒါအောင်မြင် သည့် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ 

TTMT

#democracytoday

Rate this item
(0 votes)
back to top