HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဖွားသေစာရင်း မှတ်ပုံတင်ခြင်းကို Digital Mobile နည်းပညာဖြင့်ပြောင်းလဲဆောင်ရွက်မည်  

ဖွားသေစာရင်း မှတ်ပုံတင်ခြင်းကို  Digital Mobile နည်းပညာဖြင့်ပြောင်းလဲဆောင်ရွက်မည်   

ရန်ကုန်၊ ဇွန် ၎

မြန်မာနိုင်ငံ၏ဖွားသေစာရင်း မှတ်ပုံတင်ခြင်းလုပ်ငန်းကို Digital Mobile နည်းပညာသို့ ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်စနစ် ပိုမိုအား ကောင်းလာစေရန်နှင့် နိုင်ငံတကာ အဆင့်အတန်းမီစေရန် နည်းပ ညာပြောင်းလဲ အသုံးပြုခြင်းများ ဆောင်ရွက်နေသလို မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ကောက် ယူပြုစုရေးအဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရသည်။

''နိုင်ငံတော်ရဲ့စီးပွားရေး၊ လူ မှုရေး၊ အုပ်ချုပ်ရေးကိစ္စအရပ်ရပ် တို့အတွက် လူဦးရေစာရင်းဇယား မှန်ကန်စွာရရှိရေးက အရေးကြီးသ လို မွေးဖွားသူ၊ သေဆုံးသူစာရင်း များမှန်ကန်စွာရရှိနိုင်ရေးကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ ယခုအခါ မွေးဖွားမှု၊ သေဆုံးမှု အပါ အဝင် သဘာဝအလျောက် လူဦးရေ တိုးနှုန်းနဲ့ ဖွားသေစာရင်းညွှန်း ကိန်းများ မှန်ကန်စွာတွက်ချက်ခန့် မှန်းနိုင်ဖို့အတွက် မွေးဖွားမှုနဲ့သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်း စာရင်းဇယားများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီးတော့ ဆက်စပ်ဌာနများမှ အမြဲတမ်းအတွင်းဝန်များပါဝင် သည့် အဖွဲ့ဝင် ၁၆ ဦး ဖြင့်ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်နေတာဖြစ် ပါတယ်'' ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။


မြန်မာနိုင်ငံ၏ ဖွားသေစာရင်းအင်း မှတ်ပုံတင်ခြင်းစနစ်ဖွံ့ဖြိုး တိုးတက်ရန်နှင့် လိုအပ်သောနည်း ပညာစီမံခန့်ခွဲမှုများပံ့ပိုးရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနနှင့် Vital Strategies အဖွဲ့တို့သည် ၂ဝ၁၆ ခုနှစ်၊ ဇူလိုင် လ ၂ဝ ရက်က ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းလုပ် ငန်းစဉ်တွင် မွေးဖွားမှုမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်၌ ကျန်းမာရေးဌာနမှ တင်ပြခဲ့သော အစီရင်ခံစာတွင် လူဦးရေ ၁၃ သိန်းကျော်၏ မွေးစာ ရင်းအချက်အလက်များကို စာရင်း ပြုစု၍ Server  ဖြင့်သိမ်းဆည်းနိုင် ခဲ့ပြီး  Digital Mobile နည်းပညာ သို့ပြောင်းလဲရန် ဆောင်ရွက်လျက် ရှိနေကြောင်း ပြည်ထောင်စုဝန် ကြီးက ပြောသည်။


ဖွားသေမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပြည့်စုံမှန်ကန်စွာကောက်ယူနိုင်ရေးအတွက်ကိုလည်း ဇွန် ၃ရက်က မွေးဖွား မှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ကောက်ယူပြုစုရေးအဖွဲ့၏ ညှိနှိုင်းအစည်းဝေးကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ 

ZC

#democracytoday

Rate this item
(0 votes)
back to top