HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အစိုးရ၏ ဆောင်ရွက်ချက်ကို ပြည်သူများ ထိရောက်စွာ ခံစားရရှိစေရန် အနစ်နာခံ အားစိုက်ထုတ်သည့် တာဝန်ရှိသူများ လိုအပ်နေဟုဆို

အစိုးရ၏ ဆောင်ရွက်ချက်ကို ပြည်သူများ ထိရောက်စွာ ခံစားရရှိစေရန် အနစ်နာခံ အားစိုက်ထုတ်သည့် တာဝန်ရှိသူများ လိုအပ်နေဟုဆို

ရန်ကုန်

အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူများ ထိရောက်စွာခံစားရရှိနိုင်စေရန် အတွက် တာဝန်ရှိသူများအနေဖြင့် အနစ်နာခံ အားစိုက်ထုတ်ဆောင်ရွက်ခြင်းများ လိုအပ်နေ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။ ပြည်ထောင်စုဝန်ကြီးအနေဖြင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများအား စွမ်းဆောင်ရည်မြှင့် တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအ တွက် ကောင်းမွန်တဲ့အပြောင်းအလဲတွေကို ဖော်ဆောင်ဖို့ ကလေးသူငယ်မှ သက်ကြီးရွယ်အို အထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကို မူဝါဒ၊ ဥပဒေနှင့် မဟာဗျူဟာများ ချမှတ် ၍ လုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော် လျက်ရှိပါတယ်။ ပြည်သူများ ထိရောက်စွာ ခံစားရရှိနိုင်စေရန် မိမိတို့အနေဖြင့် တာဝန်ယူ ဆောင်ရွက်ကြရန် လိုအပ်ပါတယ်။ အပြောင်း အလဲကို ဖော်ဆောင်ရာတွင် စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သဟဇာတဖြစ်အောင် ဆောင် ရွက်တတ်ခြင်း၊ အနစ်နာခံအားစိုက်ထုတ်ပြီး ဆောင်ရွက်ခြင်းများ လိုအပ်ပါတယ်''ဟု ၎င်းင်း က ဆိုသည်။


ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်များ တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ညွှန် ကြားရေးမှူးများအနေဖြင့် ပြည်သူများနှင့် တိုက် ရိုက်ထိတွေ့ဆက်ဆံရပြီး ဝန်ကြီးဌာန၏ မူဝါဒ နှင့် လုပ်ငန်းစဉ်များကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ကြသူများဖြစ်သည့် အတွက် ဂရုပြုသင့်ကြောင်း ဆိုသည်။ ''ပြည်သူ့အစိုးရအနေဖြင့် ပြည်သူတစ်ဦး ချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင်ပေး ရန်၊ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီစေရန် နှင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူ့အသိုက် အဝန်းဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက် ရှိပါတယ်''ဟု ဒေါက်တာဝင်းမြတ်အေးက ပြော သည်။


အခက်အခဲများကို ရင်ဆိုင်ကျော်လွှား ရာတွင် မိမိတို့အဖွဲ့အစည်းအတွင်း ညီညွတ် စွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်သူ များ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများဖြင့် ပွင့်လင်းမြင်သာထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆိုသည်။ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း(MSDP)နှင့် ချိတ်ဆက်ဆောင် ရွက်တတ်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် ဝန်ထမ်းအကြီးအကဲများဖြစ်၍ တာဝန်ကို ကျေပွန် ခြင်း၊ စည်းကမ်းကို လိုက်နာခြင်း၊ ကျင့်ဝတ် များကို စောင့်ထိန်းခြင်းဖြင့် အဂတိကင်းစွာ စံနမူနာပြဆောင်ရွက်ကြစေလိုကြောင်း သိရ သည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top