HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဆရာ၊ ဆရာမများ ထူးချွန်ပါက ဆရာထက်တော်သည့် ကျောင်းသားများ ပြုစုပျိုးထောင်ပေးနိုင်မည် ဟုဆို  

ဆရာ၊ ဆရာမများ ထူးချွန်ပါက ဆရာထက်တော်သည့် ကျောင်းသားများ ပြုစုပျိုးထောင်ပေးနိုင်မည် ဟုဆို   

ရန်ကုန်

ထူးချွန်သော ဆရာ၊ ဆရာမဖြစ်လာမှ ဆရာထက်တော်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ရန်ကင်းပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကမ္ဘာ့နိုင်ငံတွေမှာ အတော်ဆုံးသူများက ဆရာ၊ ဆရာမဖြစ်ဖို့ ကြိုးပမ်းလျက်ရှိကြ ပါတယ်။ တော်သောသူများ ဆရာ၊ ဆရာမဖြစ်လာမှသာ ဆရာထက်တော်တဲ့ ကျောင်း သားကျောင်းသူတွေကို ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင် နိုင်ဖို့ အင်္ဂလိပ်စာအရည်အသွေးကောင်းမွန်ဖို့ လိုအပ်ပြီး ဒေသတွင်းဘာသာစကားတွေ ကိုပါ တတ်ကျွမ်းမှုရှိဖို့ လိုအပ်ပါတယ်။ ဘာသာရပ်နဲ့သက်ဆိုင်တဲ့သင်တန်းများ၊ အွန်လိုင်း သင်တန်းများကို အကျိုးရှိစွာအသုံးပြုပြီး မိမိတို့၏အရည်အသွေးများ ပိုမိုတိုးတက်လာစေ ရန် ကြိုးစားနေကြပါတယ်''ဟု ယင်းက ဆိုသည်။


ထို့ပြင် တစ်သက်တာသင်ယူလေ့လာနိုင်ရန်အတွက် အင်္ဂလိပ်စာနှင့် အိုင်စီတီအရည် အသွေးများကို ခေတ်နှင့်အညီ လေ့လာဆည်းပူးနေရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမ အရည်အသွေး ပိုမိုကောင်းမွန်မှသာလျှင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို စဉ်းစား ဝေဖန်သုံးသပ်နိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမည့် ကျောင်းသားကျောင်းသူ များကို ပြုစုပျိုးထောင်သင်ကြားသင်ယူလေ့ကျင့်နိုင်မည်ဖြစ်သည်။


''ဆရာဗဟိုပြုသင်ကြားနည်းမှ ကျောင်းသားဗဟိုပြုသင်ကြားနည်းများဖြင့် ပြောင်းလဲ သင်ကြားပေးလျက်ရှိပါတယ်။ ပညာရေးအရည်အသွေးရှိပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေ ကို ကြည့်ပါက စာမေးပွဲရမှတ်များများရရှိရန် အလွတ်ကျက်မှတ်သင်ယူခြင်းမဟုတ်ဘဲ တစ်သက်တာပတ်လုံး သင်ယူပြီးရင်း သင်ယူရန်အတွက် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် နက်နက်နဲနဲသင်ယူခြင်း (Deep Learning )ဖြင့် သင်ကြားသင်ယူလျက်ရှိပါတယ်''ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top